အီရန်နဲ့ဗင်နီဇွဲလားတို့ပြီးရင် နောက်ထပ်ပစ်မှတ်က ကျူးဘားဖြစ်လိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ခြိမ်းခြောက်

159
Pika (NP News) - မတ် ၂၉
အီရန်နဲ့ဗင်နီဇွဲလားနိုင်ငံတို့ပြီးရင် နောက်ထပ်ပစ်မှတ်က ကျူးဘားနိုင်ငံဖြစ်လာလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
အမေရိကန်က ကျူးဘားအပေါ် ရေနံပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုမျိုး ထပ်မံ ခြိမ်းခြောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အီရန်နဲ့ဗင်နီဇွဲလားနိုင်ငံတို့မှာ ၎င်းရဲ့စစ်ရေးလှုပ်ရှားမှုတွေရဲ့ အောင်မြင်မှုတွေကို ဒေါ်နယ်ထရမ့်က ကြွားဝါ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်နဲ့ကျူးဘားကြား ကွဲပြားမှုတွေကို ဆွေးနွေးပြီး ဖြေရှင်းချက်ရှာဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင် သွားဖို့ ကျူးဘားသမ္မတမီဂဲလ်ဒိုင်ယက်ဇ်ကာနယ်လ်က ကတိပြုခဲ့ပြီးနောက် ယခုလိုမျိုး ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ဒီလိုမျိုးအင်အားကြီးမားတဲ့စစ်တပ်ကို ကျွန်တော်တည်ဆောက်ခဲ့တာပါ။ စစ်တပ်အင်အားကို ဘယ်တော့မှ အသုံးမပြုဘူးလို့ ကျွန်တော်ပြောခဲ့ပေမယ့်လည်း တစ်ခါတစ်လေမှာတော့ အသုံးပြုပေးရပါတယ်။ အီရန်နဲ့ဗင်နီဇွဲလားတို့ပြီးရင် ကျူးဘားက နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အီရန္နဲ႔ဗင္နီဇြဲလားတို႔ၿပီးရင္ ေနာက္ထပ္ပစ္မွတ္က က်ဴးဘားျဖစ္လိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ၿခိမ္းေျခာက္
Pika (NP News) - မတ္ ၂၉
အီရန္နဲ႔ဗင္နီဇြဲလားႏိုင္ငံတို႔ၿပီးရင္ ေနာက္ထပ္ပစ္မွတ္က က်ဴးဘားႏိုင္ငံျဖစ္လာလိမ့္မယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္က က်ဴးဘားအေပၚ ေရနံပိတ္ဆို႔မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုမ်ိဳး ထပ္မံ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္နဲ႔ဗင္နီဇြဲလားႏိုင္ငံတို႔မွာ ၎ရဲ႕စစ္ေရးလႈပ္ရွားမႈေတြရဲ႕ ေအာင္ျမင္မႈေတြကို ေဒၚနယ္ထရမ့္က ႂကြားဝါ ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္နဲ႔က်ဴးဘားၾကား ကြဲျပားမႈေတြကို ေဆြးေႏြးၿပီး ေျဖရွင္းခ်က္ရွာဖို႔အတြက္ ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္ သြားဖို႔ က်ဴးဘားသမၼတမီဂဲလ္ဒိုင္ယက္ဇ္ကာနယ္လ္က ကတိျပဳခဲ့ၿပီးေနာက္ ယခုလိုမ်ိဳး ၿခိမ္းေျခာက္မႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ဒီလိုမ်ိဳးအင္အားႀကီးမားတဲ့စစ္တပ္ကို ကြၽန္ေတာ္တည္ေဆာက္ခဲ့တာပါ။ စစ္တပ္အင္အားကို ဘယ္ေတာ့မွ အသုံးမျပဳဘူးလို႔ ကြၽန္ေတာ္ေျပာခဲ့ေပမယ့္လည္း တစ္ခါတစ္ေလမွာေတာ့ အသုံးျပဳေပးရပါတယ္။ အီရန္နဲ႔ဗင္နီဇြဲလားတို႔ၿပီးရင္ က်ဴးဘားက ေနာက္ထပ္ပစ္မွတ္တစ္ခုျဖစ္လာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။