ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့အတွက် ခရိုအေးရှားကို အမေရိကန်လေယာဉ်တင်သင်္ဘော USS Gerald R. Ford ရောက်ရှိနေ

 189

Pika (NP News) - မတ် ၂၉

အရှေ့အလယ်ပိုင်းစစ်ပွဲစစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘော USS Gerald R. Fordဟာ ခရိုအေးရှားနိုင်ငံကို ရောက်ရှိနေပြီဖြစ်တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
USS Gerald R. Ford သင်္ဘောဟာ ခရိုအေးရှားနိုင်ငံက ဆိပ်ကမ်းတစ်ခုကို ဦးတည်နေတာကို တွေ့မြင်ခဲ့ရပြီး ဆိပ်ကမ်းလည်ပတ်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အမေရိကန်သံရုံးက ပြောကြားခဲ့ပါ တယ်။
USS Gerald R. Fordလေယာဉ်တင်သင်္ဘောဟာ ယခုသီတင်းပတ်အစောပိုင်းမှာ ဂရိနိုင်ငံ Crete ကျွန်းမှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းတစ်ခုကနေ ထွက်ခွာလာခဲ့တာဖြစ်တယ်လို့လည်း အမေရိကန်သံရုံးက ပြောကြားခဲ့ပါ တယ်။
အမေရိကန်သံရုံးက”ဒီခရီးစဉ်အတွင်းမှာ USS Gerald R. Ford လေယာဉ်တင်သင်္ဘောဟာ အမေရိကန်နဲ့ ခရိုအေးရှားတို့ကြား ခိုင်မာပြီးတည်တံ့တဲ့မဟာမိတ်ဖွဲ့မှုကို အသိအမှတ်ပြုဖို့အတွက် ဒေသခံအရာရှိတွေနဲ့ အဓိက ခေါင်းဆောင်တွေကိုသင်္ဘောပေါ်မှာ လက်ခံကျင်းပသွားမှာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ်စစ်ပွဲဆင်နွှဲပြီးနောက် သီတင်းပတ်(၄)ပတ်ကျော်အကြာမှာ ယခုလိုမျိုး ရွှေ့ပြောင်းမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
ျပဳျပင္ထိန္းသိမ္းမႈေတြလုပ္ေဆာင္ဖို႔အတြက္ ခ႐ိုေအးရွားကို အေမရိကန္ေလယာဥ္တင္သေဘၤာ USS Gerald R. Ford ေရာက္ရွိေန
Pika (NP News) - မတ္ ၂၉
အေရွ႕အလယ္ပိုင္းစစ္ပြဲစစ္ဆင္ေရးေတြမွာ ပါဝင္ခဲ့တဲ့ ကမာၻ႔အႀကီးဆုံးေလယာဥ္တင္သေဘၤာ USS Gerald R. Fordဟာ ခ႐ိုေအးရွားႏိုင္ငံကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔ အေမရိကန္သံ႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
USS Gerald R. Ford သေဘၤာဟာ ခ႐ိုေအးရွားႏိုင္ငံက ဆိပ္ကမ္းတစ္ခုကို ဦးတည္ေနတာကို ေတြ႕ျမင္ခဲ့ရၿပီး ဆိပ္ကမ္းလည္ပတ္မႈနဲ႔ ျပဳျပင္ထိန္းသိမ္းမႈရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ အေမရိကန္သံ႐ုံးက ေျပာၾကားခဲ့ပါ တယ္။
USS Gerald R. Fordေလယာဥ္တင္သေဘၤာဟာ ယခုသီတင္းပတ္အေစာပိုင္းမွာ ဂရိႏိုင္ငံ Crete ကြၽန္းမွာရွိတဲ့ ေရတပ္အေျခစိုက္စခန္းတစ္ခုကေန ထြက္ခြာလာခဲ့တာျဖစ္တယ္လို႔လည္း အေမရိကန္သံ႐ုံးက ေျပာၾကားခဲ့ပါ တယ္။
အေမရိကန္သံ႐ုံးက”ဒီခရီးစဥ္အတြင္းမွာ USS Gerald R. Ford ေလယာဥ္တင္သေဘၤာဟာ အေမရိကန္နဲ႔ ခ႐ိုေအးရွားတို႔ၾကား ခိုင္မာၿပီးတည္တံ့တဲ့မဟာမိတ္ဖြဲ႕မႈကို အသိအမွတ္ျပဳဖို႔အတြက္ ေဒသခံအရာရွိေတြနဲ႔ အဓိက ေခါင္းေဆာင္ေတြကိုသေဘၤာေပၚမွာ လက္ခံက်င္းပသြားမွာျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚစစ္ပြဲဆင္ႏႊဲၿပီးေနာက္ သီတင္းပတ္(၄)ပတ္ေက်ာ္အၾကာမွာ ယခုလိုမ်ိဳး ေ႐ႊ႕ေျပာင္းမႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.