အိန္ဒိယအတွက် တိကျမှုမြင့်မားသော လေကြောင်းရန်ကာကွယ်ရေးစနစ်များပေးရန် ရုရှားက အဆင်သင့်ဖြစ်နေပြီဟုဆို

234

ဂျန်ဇက် (NP News) - မတ် ၂၉
အိန္ဒိယ၏ မဟာဗျူဟာမြောက်လေကြောင်း ကာကွယ်ရေးအနေအထားကို မြှင့်တင်ရန်အတွက် နောက်ထပ် စွမ်းရည်မြင့်စနစ်များကမ်းလှမ်းရန် ရုရှားကပြင်ဆင်နေကြောင်း သတင်းရင်းမြစ်တစ်ခုကပြော ကြားခဲ့သည်။ ယင်းအဆို ပြုချက်တွင် အဓိက စစ်ရေးနှင့် မဟာဗျူဟာမြောက်နေရာများကို အစုလိုက်အပြုံ လိုက်တိုက်ခိုက်မှုများမှကာကွယ်ရန် ဒီဇိုင်းထုတ်ထားသော ရုရှား Pantsir တာတိုပစ်လေကြောင်းကာကွယ် ရေးစနစ်များလည်းပါဝင်နိုင်ကြောင်း သိရသည်။ အဆိုပါပက်ကေ့ချ်သည် ရုရှားကထောက်ပံ့ပေးထား သောစနစ်များအပြင် အိန္ဒိယပြည်တွင်းတွင် တီထွင်ထားသော စနစ်များပါဝင်သည့် အိန္ဒိယ၏ လက်ရှိ လေကြောင်းကာကွယ်ရေးကွန်ရက်ကို ပိုမိုအားကောင်း လာစေလိမ့်မည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ သတင်းရင်းမြစ်က “အိန္ဒိယရဲ့ လက်ရှိ တာဝေးပစ် S 400 Triumph စနစ်တွေ အတွက် ထိရောက်တဲ့ကာကွယ်မှုတွေပေးနိုင်ဖို့ Pantsir S1M မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်နဲ့အမြောက်တွေ ထောက် ပံ့ပေးဖို့နဲ့ပတ်သက်ပြီး ကမ်းလှမ်းမှုတွေလုပ်ဆောင်ဖို့ ရုရှားက အဆင်သင့်ရှိနေပါတယ်”ဟုပြောဆိုခဲ့သည်။ အဆိုပါ Pantsir S1M ဒုံးကျည်သည် ဒရုန်းများအပါအဝင် လေခွင်းအားပစ်မှတ်အမျိုးအစားအားလုံးကို ထိရောက်စွာပစ်ခတ် နိုင်ကြောင်း ယင်းသတင်းရင်းမြစ် ကပြောကြားခဲ့သည်။ အိန္ဒိယစစ်တပ်သည် (၂၀၂၅)ခုနှစ် မေလတွင် ပါကစ္စတန်နှင့် ဖြစ် ပွားခဲ့သော စစ်ဘက်ဆိုင်ရာထိပ်တိုက်တွေ့ဆုံမှုများအတွင်း ရုရှားတည်ဆောက်ထားသော S 400 ဒုံးကျည်စနစ်များ၏ အခန်းကဏ္ဍကို လူသိရှင်ကြားအသိအမှတ်ပြုခဲ့ ကြောင်းလည်းသိရသည်။

Zawgyi Version;
အိႏၵိယအတြက္ တိက်မႈျမင့္မားေသာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားေပးရန္ ႐ုရွားက အဆင္သင့္ျဖစ္ေနၿပီဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၉
အိႏၵိယ၏ မဟာဗ်ဴဟာေျမာက္ေလေၾကာင္း ကာကြယ္ေရးအေနအထားကို ျမႇင့္တင္ရန္အတြက္ ေနာက္ထပ္ စြမ္းရည္ျမင့္စနစ္မ်ားကမ္းလွမ္းရန္ ႐ုရွားကျပင္ဆင္ေနေၾကာင္း သတင္းရင္းျမစ္တစ္ခုကေျပာ ၾကားခဲ့သည္။ ယင္းအဆို ျပဳခ်က္တြင္ အဓိက စစ္ေရးႏွင့္ မဟာဗ်ဴဟာေျမာက္ေနရာမ်ားကို အစုလိုက္အၿပဳံ လိုက္တိုက္ခိုက္မႈမ်ားမွကာကြယ္ရန္ ဒီဇိုင္းထုတ္ထားေသာ ႐ုရွား Pantsir တာတိုပစ္ေလေၾကာင္းကာကြယ္ ေရးစနစ္မ်ားလည္းပါဝင္ႏိုင္ေၾကာင္း သိရသည္။ အဆိုပါပက္ေက့ခ်္သည္ ႐ုရွားကေထာက္ပံ့ေပးထား ေသာစနစ္မ်ားအျပင္ အိႏၵိယျပည္တြင္းတြင္ တီထြင္ထားေသာ စနစ္မ်ားပါဝင္သည့္ အိႏၵိယ၏ လက္ရွိ ေလေၾကာင္းကာကြယ္ေရးကြန္ရက္ကို ပိုမိုအားေကာင္း လာေစလိမ့္မည္ဟု သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။ သတင္းရင္းျမစ္က “အိႏၵိယရဲ႕ လက္ရွိ တာေဝးပစ္ S 400 Triumph စနစ္ေတြ အတြက္ ထိေရာက္တဲ့ကာကြယ္မႈေတြေပးႏိုင္ဖို႔ Pantsir S1M ေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္နဲ႔အေျမာက္ေတြ ေထာက္ ပံ့ေပးဖို႔နဲ႔ပတ္သက္ၿပီး ကမ္းလွမ္းမႈေတြလုပ္ေဆာင္ဖို႔ ႐ုရွားက အဆင္သင့္ရွိေနပါတယ္”ဟုေျပာဆိုခဲ့သည္။ အဆိုပါ Pantsir S1M ဒုံးက်ည္သည္ ဒ႐ုန္းမ်ားအပါအဝင္ ေလခြင္းအားပစ္မွတ္အမ်ိဳးအစားအားလုံးကို ထိေရာက္စြာပစ္ခတ္ ႏိုင္ေၾကာင္း ယင္းသတင္းရင္းျမစ္ ကေျပာၾကားခဲ့သည္။ အိႏၵိယစစ္တပ္သည္ (၂၀၂၅)ခုႏွစ္ ေမလတြင္ ပါကစၥတန္ႏွင့္ ျဖစ္ ပြားခဲ့ေသာ စစ္ဘက္ဆိုင္ရာထိပ္တိုက္ေတြ႕ဆုံမႈမ်ားအတြင္း ႐ုရွားတည္ေဆာက္ထားေသာ S 400 ဒုံးက်ည္စနစ္မ်ား၏ အခန္းက႑ကို လူသိရွင္ၾကားအသိအမွတ္ျပဳခဲ့ ေၾကာင္းလည္းသိရသည္။