ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘောတွေ ဘေးကင်းကင်းသွားလာနိုင်ဖို့ အီရန်နဲ့ဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှားပြော

228

Pika (NP News) - မတ် ၂၉
ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် ၎င်းရဲ့ရေနံတင်သင်္ဘောတွေ ဘေးကင်းစွာဖြတ်သန်းသွားလာနိုင်ရေး အတွက် အီရန်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အင်ဒိုနီးရှားရဲ့ သံတမန်ရေးရာကြိုးပမ်းမှုတွေကို အီရန်ဘက်က အပြုသဘောဆောင်တဲ့အပြုအမူတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေး တို့ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီးနောက် ကမ္ဘာ့ ရေနံဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အင်ဒိုနီးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Pertamina ရဲ့ လက်အောက်ခံကုမ္ပဏီပိုင် Pertamina Pride နဲ့ Gamsunoro ရေနံတင်သင်္ဘောတွေဟာ ပင်လယ်ကွေ့ဒေသမှာရှိနေဆဲဖြစ်တယ်လို့လည်း ကုမ္ပဏီပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အင်ဒိုနီးရှားအစိုးရနဲ့ အီရန်မှာရှိတဲ့ ၎င်းရဲ့သံရုံးတို့ဟာ ဂျာကာတာမြို့မှာရှိတဲ့ အီရန်သံရုံးနဲ့ အီရန်မှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆွေးနွေးခဲ့ပြီး သင်္ဘောတွေဘေးကင်းစွာဖြတ်သန်းသွားလာနိုင်စေဖို့အတွက် အပြုသဘောဆောင်တဲ့အပြုအမူတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vahd Nabyl Achmad Mulachela က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ေဟာ္မုဇ္ေရလက္ၾကားကေန ေရနံတင္သေဘၤာေတြ ေဘးကင္းကင္းသြားလာႏိုင္ဖို႔ အီရန္နဲ႔ေဆြးေႏြးေနတယ္လို႔ အင္ဒိုနီးရွားေျပာ
Pika (NP News) - မတ္ ၂၉
ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ ၎ရဲ႕ေရနံတင္သေဘၤာေတြ ေဘးကင္းစြာျဖတ္သန္းသြားလာႏိုင္ေရး အတြက္ အီရန္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ အင္ဒိုနီးရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အင္ဒိုနီးရွားရဲ႕ သံတမန္ေရးရာႀကိဳးပမ္းမႈေတြကို အီရန္ဘက္က အျပဳသေဘာေဆာင္တဲ့အျပဳအမူေတြနဲ႔ တုံ႔ျပန္ခဲ့တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္နဲ႔ အစၥေရး တို႔ရဲ႕တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အီရန္က ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ပစ္လိုက္ၿပီးေနာက္ ကမာၻ႔ ေရနံေဈးႏႈန္းေတြ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အင္ဒိုနီးရွားႏိုင္ငံပိုင္ စြမ္းအင္ကုမၸဏီ Pertamina ရဲ႕ လက္ေအာက္ခံကုမၸဏီပိုင္ Pertamina Pride နဲ႔ Gamsunoro ေရနံတင္သေဘၤာေတြဟာ ပင္လယ္ေကြ႕ေဒသမွာရွိေနဆဲျဖစ္တယ္လို႔လည္း ကုမၸဏီေျပာေရး ဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အင္ဒိုနီးရွားအစိုးရနဲ႔ အီရန္မွာရွိတဲ့ ၎ရဲ႕သံ႐ုံးတို႔ဟာ ဂ်ာကာတာၿမိဳ႕မွာရွိတဲ့ အီရန္သံ႐ုံးနဲ႔ အီရန္မွာရွိတဲ့ သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ေဆြးေႏြးခဲ့ၿပီး သေဘၤာေတြေဘးကင္းစြာျဖတ္သန္းသြားလာႏိုင္ေစဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့အျပဳအမူေတြနဲ႔ တုံ႔ျပန္ခဲ့တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Vahd Nabyl Achmad Mulachela က ေျပာၾကားခဲ့ပါတယ္။