အမေရိကန်နိုင်ငံတဝှမ်း ထရမ့်အစိုးရဆန့်ကျင်ရေး

 664

HtayOung (NP News)-မတ်-၂၉

အမေရိကန်နိုင်ငံ ပြည်နယ်ပေါင်း (၅၀) စလုံးမှာ မှတ်တမ်းတင်ပွဲပေါင်း (၃၁၀၀) ကျော် ခန့်မှန်းခြေ တက်ရောက်သူ (၈) သန်းမှ (၉) သန်းအထိတို့က ဒေါ်နယ်ထရမ့်အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပြုလုပ်နေတယ်လို့ BBC က ယနေ့ ရေးပါတယ်။

ဆန္ဒပြသူတို့ရဲ့ အဓိက လိုလားချက်များမှာ လက်ရှိ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများအပါအဝင် လေးပတ်ကြာ ပဋိပက္ခဖြစ်ပါတယ်။

မြို့လူသန်းပေါင်းများစွာသတို့ရဲ့ "ရှင်ဘုရင် အလိုမရှိ" ဆန္ဒပြပွဲတွေဟာ ထရမ့်အစိုးရရဲ့ မူဝါဒအမျိုးမျိုးကို ပစ်မှတ်ထားပြီး အမေရိကန်သမိုင်းတ‌လျောက် အကြီးမားဆုံး လူထုလှုပ်ရှားမှုဖြစ်လာပါတယ်။

အထူးသဖြင့် ယခုနှစ်‌စောစောပိုင်း မင်နီဆိုးတာပြည်နယ်မှာ ဖက်ဒရယ်အေးဂျင့်များရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသားနှစ်ဦး သေဆုံးရတဲ့အထိ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းဆိုးများလည်းပါဝင်ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုရာရောက်မှုကို ကန့်ကွက်ရာမှာ လူနေမှုစရိတ် မြင့်တက်လာမှု၊ သာမန်ပြည်သူများထက် ဘီလီယံနာ သူဌေးများကိုသာ အကျိုးပြုရာ‌ရောက်မှုအပေါ် ရှုတ်ချဟောပြောနေကြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်က သမ္မတထရမ့် ရာထူးတာဝန်ယူခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲမျာူအနက် တတိယအကြိမ်မြောက် အကြီးမားဆုံးဆန္ဒပြပွဲဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက် : ပထမဆုံးအကြိမ် လူပေါင်း ၄ သန်းမှ ၆ သန်းအထိ၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ အစိုးရရပ်ဆိုင်းမှုနဲ့ အဓိကမြို့ကြီးများမှာ အမျိုးသားအစောင့်တပ်များ ချထားမှု့၊ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၇ သန်းနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈-၂၉ ရက် လက်ရှိ စုဝေးပွဲများမှာ လာရောက် စုဝေးသူဦးရေနဲ့ မြေပြင်အခင်းအကျင်း နှစ်မျိုးလုံးမှာ ယခင်စံချိန်များကို ကျော်လွန်ပြီး လူ ၈ သန်းခန့် ပါဝင်ဖွယ်ရှိပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံတဝွမ္း ထရမ့္အစိုးရဆန႔္က်င္ေရး "ရွင္ဘုရင္ အလိုမရွိ " ဆႏၵျပပြဲမ်ား ျဖစ္ေပၚေန
HtayOung (NP News)-မတ္-၂၉

အေမရိကန္ႏိုင္ငံ ျပည္နယ္ေပါင္း (၅၀) စလုံးမွာ မွတ္တမ္းတင္ပြဲေပါင္း (၃၁၀၀) ေက်ာ္ ခန႔္မွန္းေျခ တက္ေရာက္သူ (၈) သန္းမွ (၉) သန္းအထိတို႔က ေဒၚနယ္ထရမ့္အစိုးရဆန႔္က်င္ေရး လူထုဆႏၵျပပြဲမ်ား ျပဳလုပ္ေနတယ္လို႔ BBC က ယေန႔ ေရးပါတယ္။

ဆႏၵျပသူတို႔ရဲ႕ အဓိက လိုလားခ်က္မ်ားမွာ လက္ရွိ အေမရိကန္နဲ႔ အစၥေရးတို႔ရဲ႕အီရန္အေပၚ ဗုံးႀကဲတိုက္ခိုက္မႈမ်ားအပါအဝင္ ေလးပတ္ၾကာ ပဋိပကၡျဖစ္ပါတယ္။

ၿမိဳ႕လူသန္းေပါင္းမ်ားစြာသတို႔ရဲ႕ "ရွင္ဘုရင္ အလိုမရွိ" ဆႏၵျပပြဲေတြဟာ ထရမ့္အစိုးရရဲ႕ မူဝါဒအမ်ိဳးမ်ိဳးကို ပစ္မွတ္ထားၿပီး အေမရိကန္သမိုင္းတ‌ေလ်ာက္ အႀကီးမားဆုံး လူထုလႈပ္ရွားမႈျဖစ္လာပါတယ္။

အထူးသျဖင့္ ယခုႏွစ္‌ေစာေစာပိုင္း မင္နီဆိုးတာျပည္နယ္မွာ ဖက္ဒရယ္ေအးဂ်င့္မ်ားရဲ႕ ပစ္ခတ္မႈေၾကာင့္ အေမရိကန္ႏိုင္ငံသားႏွစ္ဦး ေသဆုံးရတဲ့အထိ လူဝင္မႈႀကီးၾကပ္ေရး စည္းမ်ဥ္းဆိုးမ်ားလည္းပါဝင္ပါတယ္။

တရားဥပေဒစိုးမိုးေရးနဲ႔ အေမရိကန္ဖြဲ႕စည္းပုံအေျခခံဥပေဒကို လ်စ္လ်ဴရႈရာေရာက္မႈကို ကန႔္ကြက္ရာမွာ လူေနမႈစရိတ္ ျမင့္တက္လာမႈ၊ သာမန္ျပည္သူမ်ားထက္ ဘီလီယံနာ သူေဌးမ်ားကိုသာ အက်ိဳးျပဳရာ‌ေရာက္မႈအေပၚ ရႈတ္ခ်ေဟာေျပာေနၾကပါတယ္။

ဒါဟာ ၿပီးခဲ့တဲ့ႏွစ္က သမၼတထရမ့္ ရာထူးတာဝန္ယူခဲ့ၿပီးေနာက္ပိုင္း ဆႏၵျပပြဲမ်ာူအနက္ တတိယအႀကိမ္ေျမာက္ အႀကီးမားဆုံးဆႏၵျပပြဲျဖစ္ပါတယ္။ 

၂၀၂၅ ခုႏွစ္၊ ဇြန္လ ၁၄ ရက္ : ပထမဆုံးအႀကိမ္ လူေပါင္း ၄ သန္းမွ ၆ သန္းအထိ၊ ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာလ အစိုးရရပ္ဆိုင္းမႈနဲ႔ အဓိကၿမိဳ႕ႀကီးမ်ားမွာ အမ်ိဳးသားအေစာင့္တပ္မ်ား ခ်ထားမႈ႕၊ ခန႔္မွန္းေျခအားျဖင့္ လူေပါင္း ၇ သန္းနဲ႔ ၂၀၂၆ ခုႏွစ္၊ မတ္လ ၂၈-၂၉ ရက္ လက္ရွိ စုေဝးပြဲမ်ားမွာ လာေရာက္ စုေဝးသူဦးေရနဲ႔ ေျမျပင္အခင္းအက်င္း ႏွစ္မ်ိဳးလုံးမွာ ယခင္စံခ်ိန္မ်ားကို ေက်ာ္လြန္ၿပီး လူ ၈ သန္းခန႔္ ပါဝင္ဖြယ္ရွိပါတယ္။

Related news

© 2021. All rights reserved.