ဒုတိယ သမ္မတလောင်း အမည်စာရင်း စိတ်ဝင်စားမှု မြင့်တက်

 3614

သုတကျော်(NP News)-မတ် ၂၉
လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အလိုက် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက် နိုင်ရန်အတွက် ဒုတိယသမ္မတလောင်းများ အဆိုပြုရ မည့်လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်း အဝေးကို မတ်လ (၃၀) ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
ယင်းနေ့တွင်တင်သွင်းမည့် ဒုတိယသမ္မတလောင်းအမည်စာရင်းများနှင့်ပတ်သက်၍ ခန့်မှန်း ချက်များရှိနေသော် လည်း မသိရသေးကြောင်း လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
“မဆွေးနွေးသေးတဲ့အတွက် ဘယ်သူဖြစ် မယ်ဆိုတာမသိရသေးဘူးပေါ့နော်။ (၃၀)ရက်နေ့ကျ ရင်တော့သိရ မှာပါ။ အခုက ပြည်သူ့လွှတ်တော်က ဘယ်သူ့ကိုတင်မလဲဆိုတာ မသိရသေးဘူး။ နာမည် ထွက်နေတဲ့သူတွေရှိပေမယ့် ခန့်မှန်းရခက်နေတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိပုံစံအရ လွှတ်တော်နှစ်ရပ်တွင် နေရာအများစုရထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်မည့် ဒုတိယသမ္မတလောင်းသာ ရွေးချယ်ခံရဖွယ်ရှိသည်။
“အခုက ဘာမှမသိရသေးဘူး။ စိတ်ဝင်စားတာတော့ အားလုံးက စိတ်ဝင်စားနေကြတယ်။ အမျိုးသားက တင်မယ့် ဒုတိယသမ္မတလောင်းကလည်း ဘယ်သူဆိုတာမသိရသေးဘူးပေါ့နော်။ အရင် ထင်တဲ့သူလည်း ဖြစ်ချင်မှဖြစ် မယ်လို့ကြားတယ်။ နောက်တစ်ခါ ပြည်သူ့လွှတ်တော်ကတင်မယ့် သမ္မတလောင်းကလည်း သတင်းထွက်တာ မျိုးရှိပေမယ့် ခန့်မှန်းရခက်နေတယ်။ ပြည်သူ့လွှတ်တော်က ပိုစိတ်ဝင် စားနေကြတာပေါ့။ အမျိုးသားက တိုင်းရင်း သားသမ္မတ လောင်းထွက်မယ်လို့ သတင်းထွက်နေကြတော့ ပြည် သူ့လွှတ်တော်က သမ္မတလောင်းဘယ်သူဆိုတာ စိတ် ဝင်စားနေကြတယ်”ဟု နေပြည်တော်ရှိ နိုင်ငံရေး သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
အတည်မပြုနိုင်သော်လည်း ထွက်ပေါ်နေသောသတင်းအရ သမ္မတအဖြစ် ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ(၁) အဖြစ် ဦးညိုစော၊ ဒုတိယ သမ္မတ(၂)အဖြစ် ဒေါ်ဒွဲဘူဆိုသော်လည်း ယင်းကို ယခုသတင်းရေးသားသည့် မတ်လ (၂၇)ရက်အထိ အတည်မပြုနိုင်သေးပေ။
ပြည်သူ့လွှတ်တော် အစုအဖွဲ့၊ အမျိုးသား လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်အစုအဖွဲ့က ဒုတိယသမ္မတလောင်း (၁)ဦးစီကိုရွေးချယ်ပြီးနောက် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ခံရ သည့် ဒုတိယသမ္မတ လောင်းအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့တင်ပြရမည်ဖြစ်သည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌ(၂)ဦး၊ ဒုတိယဥက္ကဋ္ဌ (၂)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် (၁)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၁) ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁)ဦးပါဝင်သည့် သမ္မတ လောင်း စိစစ်ရေးအဖွဲ့က စိစစ်ကာ အတည်ပြုပြီးသည့်နောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခေါ်ယူ၍ အမည် စာရင်း ကိုကြေညာမည်ဖြစ်ပြီး ယင်းနောက် သမ္မတရွေးချယ် ခြင်းပြုလုပ်မည့်ရက်ကို သတ်မှတ်မည်ဖြစ်သည်။

Zawgyi Version:
ဒုတိယ သမၼတေလာင္း အမည္စာရင္း စိတ္ဝင္စားမႈ ျမင့္တက္
သုတေက်ာ္(NP News)-မတ္ ၂၉
လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအစုအဖြဲ႕ အလိုက္ ဒုတိယသမၼတမ်ားကို ေ႐ြးခ်ယ္တင္ေျမႇာက္ ႏိုင္ရန္အတြက္ ဒုတိယသမၼတေလာင္းမ်ား အဆိုျပဳရ မည့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအစုအဖြဲ႕ အစည္း အေဝးကို မတ္လ (၃၀) ရက္တြင္ က်င္းပျပဳလုပ္မည္ ျဖစ္သည္။
ယင္းေန႔တြင္တင္သြင္းမည့္ ဒုတိယသမၼတေလာင္းအမည္စာရင္းမ်ားႏွင့္ပတ္သက္၍ ခန႔္မွန္း ခ်က္မ်ားရွိေနေသာ္ လည္း မသိရေသးေၾကာင္း လႊတ္ ေတာ္ကိုယ္စားလွယ္တစ္ဦးက ဆိုသည္။
“မေဆြးေႏြးေသးတဲ့အတြက္ ဘယ္သူျဖစ္ မယ္ဆိုတာမသိရေသးဘူးေပါ့ေနာ္။ (၃၀)ရက္ေန႔က် ရင္ေတာ့သိရ မွာပါ။ အခုက ျပည္သူ႔လႊတ္ေတာ္က ဘယ္သူ႔ကိုတင္မလဲဆိုတာ မသိရေသးဘူး။ နာမည္ ထြက္ေနတဲ့သူေတြရွိေပမယ့္ ခန႔္မွန္းရခက္ေနတယ္” ဟု ၎ကဆိုသည္။
လက္ရွိပုံစံအရ လႊတ္ေတာ္ႏွစ္ရပ္တြင္ ေနရာအမ်ားစုရထားသည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက တင္မည့္ ဒုတိယသမၼတေလာင္းသာ ေ႐ြးခ်ယ္ခံရဖြယ္ရွိသည္။
“အခုက ဘာမွမသိရေသးဘူး။ စိတ္ဝင္စားတာေတာ့ အားလုံးက စိတ္ဝင္စားေနၾကတယ္။ အမ်ိဳးသားက တင္မယ့္ ဒုတိယသမၼတေလာင္းကလည္း ဘယ္သူဆိုတာမသိရေသးဘူးေပါ့ေနာ္။ အရင္ ထင္တဲ့သူလည္း ျဖစ္ခ်င္မွျဖစ္ မယ္လို႔ၾကားတယ္။ ေနာက္တစ္ခါ ျပည္သူ႔လႊတ္ေတာ္ကတင္မယ့္ သမၼတေလာင္းကလည္း သတင္းထြက္တာ မ်ိဳးရွိေပမယ့္ ခန႔္မွန္းရခက္ေနတယ္။ ျပည္သူ႔လႊတ္ေတာ္က ပိုစိတ္ဝင္ စားေနၾကတာေပါ့။ အမ်ိဳးသားက တိုင္းရင္း သားသမၼတ ေလာင္းထြက္မယ္လို႔ သတင္းထြက္ေနၾကေတာ့ ျပည္ သူ႔လႊတ္ေတာ္က သမၼတေလာင္းဘယ္သူဆိုတာ စိတ္ ဝင္စားေနၾကတယ္”ဟု ေနျပည္ေတာ္ရွိ ႏိုင္ငံေရး သတင္းရင္းျမစ္တစ္ဦးကဆိုသည္။
အတည္မျပဳႏိုင္ေသာ္လည္း ထြက္ေပၚေနေသာသတင္းအရ သမၼတအျဖစ္ ဦးမင္းေအာင္လႈိင္၊ ဒုတိယသမၼတ(၁) အျဖစ္ ဦးညိဳေစာ၊ ဒုတိယ သမၼတ(၂)အျဖစ္ ေဒၚဒြဲဘူဆိုေသာ္လည္း ယင္းကို ယခုသတင္းေရးသားသည့္ မတ္လ (၂၇)ရက္အထိ အတည္မျပဳႏိုင္ေသးေပ။
ျပည္သူ႔လႊတ္ေတာ္ အစုအဖြဲ႕၊ အမ်ိဳးသား လႊတ္ေတာ္အစုအဖြဲ႕၊ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စား လွယ္အစုအဖြဲ႕က ဒုတိယသမၼတေလာင္း (၁)ဦးစီကိုေ႐ြးခ်ယ္ၿပီးေနာက္ သက္ဆိုင္ရာ လႊတ္ေတာ္ဥကၠ႒က ေ႐ြးခ်ယ္ခံရ သည့္ ဒုတိယသမၼတ ေလာင္းအမည္စာရင္းကို ျပည္ေထာင္စုလႊတ္ေတာ္ နာယကထံ ေပးပို႔တင္ျပရမည္ျဖစ္သည္။
ယင္းေနာက္ လႊတ္ေတာ္ဥကၠ႒(၂)ဦး၊ ဒုတိယဥကၠ႒ (၂)ဦး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ (၁)ဦး၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ (၁) ဦး၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ (၁)ဦးပါဝင္သည့္ သမၼတ ေလာင္း စိစစ္ေရးအဖြဲ႕က စိစစ္ကာ အတည္ျပဳၿပီးသည့္ေနာက္ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးေခၚယူ၍ အမည္ စာရင္း ကိုေၾကညာမည္ျဖစ္ၿပီး ယင္းေနာက္ သမၼတေ႐ြးခ်ယ္ ျခင္းျပဳလုပ္မည့္ရက္ကို သတ္မွတ္မည္ျဖစ္သည္။

Related news

© 2021. All rights reserved.