ဖိလစ်ပိုင်နိုင်ငံတွင် စွမ်းအင်လုံခြုံရေးနှင့်ပတ်သက်ပြီး အရေးအပေါ်အခြေနေကြေညာ

 473

ဂျန်ဇက် (NP News) - မတ် ၂၅

ဖိလစ်ပိုင်အစိုးရသည် အီရန်စစ်ပွဲနှင့်ဆက်နွယ်ပြီး နိုင်ငံစွမ်းအင်အခြေနေများကို အရေးပေါ်အခြေအနေကြေညာလိုက်ရကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာတဝှမ်းရှိနိုင်ငံများထဲတွင် စွမ်းအင်နှင့်ပတ်သက်ပြီး အရေးပေါ်အခြေအနေကြေညာရသည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်သည် စွမ်းအင်လုံခြုံရေးဘေးကင်းစေရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ အဆိုပါအမိန့်ထဲတွင် နိုင်ငံ၏ စွမ်းအင်ရရှိနိုင်မှု နှင့် တည်ငြိမ်မှုအပေါ် အန္တရာယ်ကျရောက်လာဖွယ်ရှိနေကြောင်း ဖော်ပြထားသည်။

အမေရိကန် နှင့် အစ္စရေးနိုင်ငံ၏ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများအပြင် ဟော်မုဇ့်ရေလက်ကြားပိတ်ပင်မှုကြောင့်ရရှိခဲ့သည့်သက်ရောက်မှုများကြောင့် ကမ္ဘာစွမ်းအင်ဈေးကွက်တွင် အံ့သားသင်ဖွယ်အခြေအနေများဖြစ်လာခဲ့ကြောင်း သိရသည်။
အီရန်စစ်ပွဲကြောင့် စွမ်းအင်လိုအပ်ချက်များမြင့်တက်လာခဲ့သလို ဈေးနှုန်းများလည်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတင်သွင်းနေသော ရေနံအားလုံး၏ (၉ဝ) ရာခိုင်နှုန်းသည် ပင်လယ်ကွေ့ဒေသမှဖြစ်ပြီး အီရန်စစ်ပွဲစတင်ခဲ့သော ဖေဖော်ဝါရီ (၂၈)ရက်နေ့နောက်ပိုင်းကတည်းက ဖိလစ်ပိုင်နိုင်ငံတွင် ရေနံ နှင့် ဒီဇယ်ဈေးနှုန်းနှစ်ဆမြင့်တက်လာခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတသည် အစိုးရအဖွဲ့တာဝန်ရှိသူများကို စွမ်းအင်တည်ငြိမ်ရေးနှင့်ပတ်သက်ပြီး လိုအပ်သောအစီမံများလုပ်ဆောင်ရန် ခွင့်ပြုမိန့်များပြုထားသလို စီးပွားရေးကိုကာကွယ်ရန်လုပ်ပိုင်ခွင့်အာဏာများပေးထားကြောင်းသိရသည်။
ဖိလစ်ပိုင်သမ္မတ၏ကြေညာခဲ့သည့် စွမ်းအင်အရေးအပေါ်အခြေနေသည် သက်တမ်းကာလအားဖြင့် (၁)နှစ်ရှိမည်ဖြစ်ပြီး ဖိလစ်ပိုင်သမ္မတက အဆိုပါအမိန့်ကို ဖြေလျော့ခြင်း (သို့မဟုတ်) သက်တမ်းတိုးခြင်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံတြင္ စြမ္းအင္လုံၿခဳံေရးႏွင့္ပတ္သက္ၿပီး အေရးအေပၚအေျခေနေၾကညာ
ဂ်န္ဇက္ (NP News) - မတ္ ၂၅
ဖိလစ္ပိုင္အစိုးရသည္ အီရန္စစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး ႏိုင္ငံစြမ္းအင္အေျခေနမ်ားကို အေရးေပၚအေျခအေနေၾကညာလိုက္ရေၾကာင္း သိရသည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ ကမာၻတဝွမ္းရွိႏိုင္ငံမ်ားထဲတြင္ စြမ္းအင္ႏွင့္ပတ္သက္ၿပီး အေရးေပၚအေျခအေနေၾကညာရသည့္ ပထမဆုံးႏိုင္ငံျဖစ္လာခဲ့ေၾကာင္း သိရသည္။
ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္သည္ စြမ္းအင္လုံၿခဳံေရးေဘးကင္းေစရန္ အမိန႔္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ၿပီး၊ အဆိုပါအမိန႔္ထဲတြင္ ႏိုင္ငံ၏ စြမ္းအင္ရရွိႏိုင္မႈ ႏွင့္ တည္ၿငိမ္မႈအေပၚ အႏၲရာယ္က်ေရာက္လာဖြယ္ရွိေနေၾကာင္း ေဖာ္ျပထားသည္။

အေမရိကန္ ႏွင့္ အစၥေရးႏိုင္ငံ၏ အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္မႈမ်ားအျပင္ ေဟာ္မုဇ့္ေရလက္ၾကားပိတ္ပင္မႈေၾကာင့္ရရွိခဲ့သည့္သက္ေရာက္မႈမ်ားေၾကာင့္ ကမာၻစြမ္းအင္ေဈးကြက္တြင္ အံ့သားသင္ဖြယ္အေျခအေနမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။
အီရန္စစ္ပြဲေၾကာင့္ စြမ္းအင္လိုအပ္ခ်က္မ်ားျမင့္တက္လာခဲ့သလို ေဈးႏႈန္းမ်ားလည္းျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
ဖိလစ္ပိုင္ႏိုင္ငံတင္သြင္းေနေသာ ေရနံအားလုံး၏ (၉ဝ) ရာခိုင္ႏႈန္းသည္ ပင္လယ္ေကြ႕ေဒသမွျဖစ္ၿပီး အီရန္စစ္ပြဲစတင္ခဲ့ေသာ ေဖေဖာ္ဝါရီ (၂၈)ရက္ေန႔ေနာက္ပိုင္းကတည္းက ဖိလစ္ပိုင္ႏိုင္ငံတြင္ ေရနံ ႏွင့္ ဒီဇယ္ေဈးႏႈန္းႏွစ္ဆျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
ဖိလစ္ပိုင္သမၼတသည္ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားကို စြမ္းအင္တည္ၿငိမ္ေရးႏွင့္ပတ္သက္ၿပီး လိုအပ္ေသာအစီမံမ်ားလုပ္ေဆာင္ရန္ ခြင့္ျပဳမိန႔္မ်ားျပဳထားသလို စီးပြားေရးကိုကာကြယ္ရန္လုပ္ပိုင္ခြင့္အာဏာမ်ားေပးထားေၾကာင္းသိရသည္။
ဖိလစ္ပိုင္သမၼတ၏ေၾကညာခဲ့သည့္ စြမ္းအင္အေရးအေပၚအေျခေနသည္ သက္တမ္းကာလအားျဖင့္ (၁)ႏွစ္ရွိမည္ျဖစ္ၿပီး ဖိလစ္ပိုင္သမၼတက အဆိုပါအမိန႔္ကို ေျဖေလ်ာ့ျခင္း (သို႔မဟုတ္) သက္တမ္းတိုးျခင္းမ်ား ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.