အီရန်ပဋိပက္ခက ကတ်စပီယန်ပင်လယ်အထိ ပျံ့နှံ့လာမှာကို စိုးရိမ်မိတယ်လို့ ရုရှားအစိုးရပြော

410
Pika (NP News) - မတ် ၂၅
အီရန်ပဋိပက္ခက ကတ်စပီယန်ပင်လယ်အထိ ပျံ့နှံ့လာမှာကို စိုးရိမ်မိတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အီရန်ပဋိပက္ခက ကတ်စပီယန်ပင်လယ်ထဲကို ပျံ့နှံ့လာမှုကို အပျက်သဘောဆောင်တဲ့ဖြစ်ရပ်တစ်ခုအဖြစ် ရှုမြင်တယ်လို့လည်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ကတ်စပီယန်ပင်လယ်ပြင်မှာရှိတဲ့ ဒုံးကျည်တင်သင်္ဘောတွေ အပါအဝင် အီရန်ရေတပ်ရဲ့ ပစ်မှတ်ပေါင်းဒါဇင်များစွာကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ရုရှားဘက်က ပြစ်တင်ရှုတ်ချမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က မဟာဗျူဟာမြောက်မိတ်ဖက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ရုရှားနဲ့အီရန်တို့ဟာ ကတ်စပီယန်ပင်လယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့အီရန်တို့ကြား ဆွေးနွေးညှိနှိုင်းမှုအခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက ထုတ်ပြန်ချက်တွေကို ရုရှားအစိုးရက စောင့်ကြည့်နေတယ်လို့လည်း ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အီရန္ပဋိပကၡက ကတ္စပီယန္ပင္လယ္အထိ ပ်ံ႕ႏွံ႔လာမွာကို စိုးရိမ္မိတယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၂၅
အီရန္ပဋိပကၡက ကတ္စပီယန္ပင္လယ္အထိ ပ်ံ႕ႏွံ႔လာမွာကို စိုးရိမ္မိတယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အီရန္ပဋိပကၡက ကတ္စပီယန္ပင္လယ္ထဲကို ပ်ံ႕ႏွံ႔လာမႈကို အပ်က္သေဘာေဆာင္တဲ့ျဖစ္ရပ္တစ္ခုအျဖစ္ ရႈျမင္တယ္လို႔လည္း ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာ ကတ္စပီယန္ပင္လယ္ျပင္မွာရွိတဲ့ ဒုံးက်ည္တင္သေဘၤာေတြ အပါအဝင္ အီရန္ေရတပ္ရဲ႕ ပစ္မွတ္ေပါင္းဒါဇင္မ်ားစြာကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရးအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ႐ုရွားဘက္က ျပစ္တင္ရႈတ္ခ်မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က မဟာဗ်ဴဟာေျမာက္မိတ္ဖက္စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တဲ့ ႐ုရွားနဲ႔အီရန္တို႔ဟာ ကတ္စပီယန္ပင္လယ္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ႏိုင္ငံေတြျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔အီရန္တို႔ၾကား ေဆြးေႏြးညႇိႏႈိင္းမႈအေျခအေနေတြနဲ႔ပတ္သက္ၿပီး ႏွစ္ဘက္စလုံးက ထုတ္ျပန္ခ်က္ေတြကို ႐ုရွားအစိုးရက ေစာင့္ၾကည့္ေနတယ္လို႔လည္း ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။