အစိုးရသစ်၏ ပထမဦးဆုံး နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ယခုနှစ် လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်ရင်ပြင်တွင် ကျင်းပမည်

 22675

စိမ့်စမ်းရေ (NP News) - မတ် ၂၅

နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်ရင်ပြင်တွင် ယခုနှစ် လမ်းလျှောက်သင်္ကြန်ကို အစိုးရသစ်က ပထမဦးဆုံး နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်ကျင်းပမည့်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအတူ ပူးပေါင်းပြီး စိတ်သစ်၊ လူသစ် ၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့်အတူတကွ ဆင်နွှဲကြမည့် အနှစ်သာရရှိသည့် ပွဲတော်ကြီးတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဝန်ထမ်းများနှင့် ပြည်သူများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာဆင်နွှဲ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုပါ သိရှိနိုင်စေရန်အတွက် သင်္ကြန်မဏ္ဍပ်ဇုန်များ၊ ဖျော်ဖြေရေးဇုန်များ၊ သနပ်ခါးသင်္ကြန်ဇုန်များအပြင် လက်ဖက်နှင့် ရိုးရာထမနဲထိုး တည်ခင်းဧည့်ခံသည့် ပြကွက်များကိုလည်း ဇုန်များ အလိုက် ထည့်သွင်း၍ ခမ်းနားစွာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များအပြင်သင်္ကြန်ပွဲတော်ကို ပေါ်လွင်စေမည့် အစီအစဉ်ကောင်းများစွာလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဝန်ကြီးဌာန/အဖွဲ့အစည်းများကလည်း အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင်လည်း လမ်းလျှောက်သင်္ကြန် ပွဲတော်များကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်း ၌ ထည့်သွင်းကျင်းပရာတွင် အနုပညာရှင်များ၏ သွားလာရေးအတွက် သီးခြားရထားလက်မှတ်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အစိုးရသစ္၏ ပထမဦးဆုံး ႏိုင္ငံေတာ္အဆင့္အခမ္းအနားအျဖစ္ ယခုႏွစ္ လမ္းေလွ်ာက္သၾကၤန္ကို ေနျပည္ေတာ္ရင္ျပင္တြင္ က်င္းပမည္
စိမ့္စမ္းေရ (NP News) - မတ္ ၂၅
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေနျပည္ေတာ္ရင္ျပင္တြင္ ယခုႏွစ္ လမ္းေလွ်ာက္သၾကၤန္ကို အစိုးရသစ္က ပထမဦးဆုံး ႏိုင္ငံေတာ္အဆင့္ အခမ္းအနားအျဖစ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယခုႏွစ္က်င္းပမည့္ပြဲေတာ္သည္ သာမန္ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခုထက္ပို၍ ႏိုင္ငံေတာ္အစိုးရ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားအတူ ပူးေပါင္းၿပီး စိတ္သစ္၊ လူသစ္ ၊ ႏိုင္ငံေရးအခင္းအက်င္းသစ္မ်ားျဖင့္အတူတကြ ဆင္ႏႊဲၾကမည့္ အႏွစ္သာရရွိသည့္ ပြဲေတာ္ႀကီးတစ္ခုလည္းျဖစ္ေၾကာင္း သိရသည္။

လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္တြင္ ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ား စိတ္ေအးခ်မ္းသာ ေပ်ာ္႐ႊင္စြာဆင္ႏႊဲ၍ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ ဓေလ့ထုံးတမ္းမ်ားကိုပါ သိရွိႏိုင္ေစရန္အတြက္ သၾကၤန္မ႑ပ္ဇုန္မ်ား၊ ေဖ်ာ္ေျဖေရးဇုန္မ်ား၊ သနပ္ခါးသၾကၤန္ဇုန္မ်ားအျပင္ လက္ဖက္ႏွင့္ ႐ိုးရာထမနဲထိုး တည္ခင္းဧည့္ခံသည့္ ျပကြက္မ်ားကိုလည္း ဇုန္မ်ား အလိုက္ ထည့္သြင္း၍ ခမ္းနားစြာ ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံေက်ာ္ အဆိုေတာ္မ်ား၏ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားအျပင္သၾကၤန္ပြဲေတာ္ကို ေပၚလြင္ေစမည့္ အစီအစဥ္ေကာင္းမ်ားစြာလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ဝန္ႀကီးဌာန/အဖြဲ႕အစည္းမ်ားကလည္း အဆိုပါ လမ္းေလွ်ာက္သၾကၤန္တြင္ ပူးေပါင္းပါဝင္သြားမည္ျဖစ္ၿပီး ႏိုင္ငံတစ္ဝန္းတြင္လည္း လမ္းေလွ်ာက္သၾကၤန္ ပြဲေတာ္မ်ားကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေက်ာ္အဆိုေတာ္မ်ား၏ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားကို ေနျပည္ေတာ္အပါအဝင္ ႏိုင္ငံတစ္ဝန္း ၌ ထည့္သြင္းက်င္းပရာတြင္ အႏုပညာရွင္မ်ား၏ သြားလာေရးအတြက္ သီးျခားရထားလက္မွတ္မ်ား စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Aung Aung

27/03/2026 07:24

တော်တော် အနှစ်သာရတွေ ရှိကြတာ 😆

Related news

© 2021. All rights reserved.