အီရန်စစ်ပွဲက အီရတ်မှာဖြစ်ခဲ့တာထက် ပိုမိုဆိုးရွားတယ်လို့ စပိန်ဝန်ကြီးချုပ် ဝေဖန်

 239

Pika (NP News) - မတ် ၂၇

အီရန်အပေါ် လက်ရှိလုပ်ဆောင်နေတဲ့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲဟာ (၂၀၀၃)ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့အီရတ်ကိုကျူးကျော်မှုထက် ပိုမိုဆိုးရွားတဲ့အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ်လုပ်ဆောင်နေတဲ့စစ်ဆင်ရေးမှာ စပိန်ရဲ့ပါဝင်ဖို့ငြင်းဆန်မှုကို ပက်ဒရိုဆန်းချက်ဇ်က ထပ်မံအတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ပဋိပက္ခကို ဆိုးရွားတဲ့ကပ်ဘေးတစ်ခုအဖြစ် ပက်ဒရိုဆန်းချက်ဇ်က ဖော်ပြပြောဆိုခဲ့ပြီး အဲဒီစစ်ပွဲက နိုင်ငံတကာဥပဒေကို ထိခိုက်စေကာ အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲက ပင်လယ်ကွေ့နိုင်ငံတွေမှာ မလုံခြုံမှုတွေ တိုးလာစေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာစွမ်းအင်စိန်ခေါ်မှုတွေကို ပိုမိုဆိုးရွားလာစေခဲ့တယ်လို့လည်း ပက်ဒရိုဆန်းချက်ဇ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
ပက်ဒရိုဆန်းချက်ဇ်က "ကျွန်တော်တို့အခုကြုံတွေ့နေရတာက အီရတ်မှာလုပ်ခဲ့တဲ့တရားမဝင်စစ်ပွဲလို အခြေအနေမျိုး လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ ကြုံတွေ့နေရတာက အီရတ်မှာဖြစ်ခဲ့တာထက် ပိုမိုကျယ်ပြန့်ပြီး ပိုမိုနက်ရှိုင်းတဲ့သက်ရောက်မှုတွေရှိလာစေမယ့် ပိုဆိုးရွားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။(၂၀၀၃)ခုနှစ်တုန်းက စပိန်ဝန်ကြီးချုပ်ဟောင်း ဂျို့စ်မာရီယာအက်ဇ်နာရဲ့အစိုးရဟာ အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်မှုကိုထောက်ခံခဲ့ပြီး နောက်ပိုင်းမှာ စပိန်တပ်ဖွဲ့တွေကို အီရတ်နိုင်ငံကို စေလွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္စစ္ပြဲက အီရတ္မွာျဖစ္ခဲ့တာထက္ ပိုမိုဆိုး႐ြားတယ္လို႔ စပိန္ဝန္ႀကီးခ်ဳပ္ ေဝဖန္
Pika (NP News) - မတ္ ၂၇
အီရန္အေပၚ လက္ရွိလုပ္ေဆာင္ေနတဲ့ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕စစ္ပြဲဟာ (၂၀၀၃)ခုႏွစ္တုန္းကျဖစ္ပြားခဲ့တဲ့ အေမရိကန္ဦးေဆာင္တဲ့အီရတ္ကိုက်ဴးေက်ာ္မႈထက္ ပိုမိုဆိုး႐ြားတဲ့အက်ိဳးဆက္ေတြ ရွိလာလိမ့္မယ္လို႔ စပိန္ဝန္ႀကီးခ်ဳပ္ ပက္ဒ႐ိုဆန္းခ်က္ဇ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚလုပ္ေဆာင္ေနတဲ့စစ္ဆင္ေရးမွာ စပိန္ရဲ႕ပါဝင္ဖို႔ျငင္းဆန္မႈကို ပက္ဒ႐ိုဆန္းခ်က္ဇ္က ထပ္မံအတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ပဋိပကၡကို ဆိုး႐ြားတဲ့ကပ္ေဘးတစ္ခုအျဖစ္ ပက္ဒ႐ိုဆန္းခ်က္ဇ္က ေဖာ္ျပေျပာဆိုခဲ့ၿပီး အဲဒီစစ္ပြဲက ႏိုင္ငံတကာဥပေဒကို ထိခိုက္ေစကာ အေရွ႕အလယ္ပိုင္းေဒသကို မတည္မၿငိမ္ျဖစ္ေစခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲက ပင္လယ္ေကြ႕ႏိုင္ငံေတြမွာ မလုံၿခဳံမႈေတြ တိုးလာေစခဲ့ၿပီး ကမာၻလုံးဆိုင္ရာစြမ္းအင္စိန္ေခၚမႈေတြကို ပိုမိုဆိုး႐ြားလာေစခဲ့တယ္လို႔လည္း ပက္ဒ႐ိုဆန္းခ်က္ဇ္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ပက္ဒ႐ိုဆန္းခ်က္ဇ္က "ကြၽန္ေတာ္တို႔အခုႀကဳံေတြ႕ေနရတာက အီရတ္မွာလုပ္ခဲ့တဲ့တရားမဝင္စစ္ပြဲလို အေျခအေနမ်ိဳး လုံးဝမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ေနရတာက အီရတ္မွာျဖစ္ခဲ့တာထက္ ပိုမိုက်ယ္ျပန႔္ၿပီး ပိုမိုနက္ရႈိင္းတဲ့သက္ေရာက္မႈေတြရွိလာေစမယ့္ ပိုဆိုး႐ြားတဲ့အရာတစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။(၂၀၀၃)ခုႏွစ္တုန္းက စပိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်ိဳ႕စ္မာရီယာအက္ဇ္နာရဲ႕အစိုးရဟာ အေမရိကန္ဦးေဆာင္တဲ့ အီရတ္က်ဴးေက်ာ္မႈကိုေထာက္ခံခဲ့ၿပီး ေနာက္ပိုင္းမွာ စပိန္တပ္ဖြဲ႕ေတြကို အီရတ္ႏိုင္ငံကို ေစလႊတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.