ပြည်တွင်းခရီးစဉ်များ လျာထားခေါက်ရေများအတိုင်း ပြန်လည်ပြေးဆွဲမည်

 258

ထိုက်စံ (NP News) - မတ် ၂၅

ပြည်တွင်းခရီးစဉ်များ လျာထားခေါက်ရေများအတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အပြည်အပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်းအတွက် လေယာဉ်ဆီအခက်အခဲကြောင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေးမှုမရှိစေရန် လိုအပ်သည့်လေယာဉ်ဆီများကို ဝယ်ယူရရှိစေရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့စီစဉ်ဆောင်ရွက်ထားသဖြင့် ယနေ့(မတ်လ ၂၅ ရက်) မှစတင်ကာ ယခင်ပျံသန်း ပြေးဆွဲလျက်ရှိသည့် ခရီးစဉ်များအတိုင်း အပြည့်အဝပြန်လည် ပြေးဆွဲသွားမည်ဖြစ်ပြီး ပျံသန်းပြေးဆွဲမည့် ခရီးစဉ်များ တွင် မဖြစ်မနေပျံသန်းပြေးဆွဲရန် လိုအပ်သည့် ပူတာအိုမြို့၊ မြစ်ကြီးနားမြို့၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ ကော့သောင်း မြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့များသို့ ပထမဦးစားပေးအနေဖြင့် လေယာဉ်ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ပြေးဆွဲရာတွင် ပြည်တွင်းလေယာဉ်ခရီးစဉ်များကို လျာထားခေါက်ရေများအတိုင်း အပြည့်အဝ ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့်ထိုင်းနိုင်ငံတို့က လေယာဉ်ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးသည့်အတွက် ပြည်တွင်း၌လည်း NEPAS (National Energy Puma Aviation Services) က လေယာဉ်ဆီ (Jet Fuel) ကို အကန့်အသတ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း(MAI)နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အပါအဝင် ပုဂ္ဂလိက လေကြောင်းလိုင်းများက ခရီးစဉ်များတွင် ကီလိုထပ်တိုး ဝယ်ယူခွင့်ကို ကန့်သတ်လိုက်သည့် အပြင် ခရီးစဉ်ပျံသန်းပြေးဆွဲမှုများကိုလည်း ယခင်ထက်လျှော့ချ၍ ပျံသန်းပြေးဆွဲခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ျပည္တြင္းခရီးစဥ္မ်ား လ်ာထားေခါက္ေရမ်ားအတိုင္း ျပန္လည္ေျပးဆြဲမည္
ထိုက္စံ (NP News) - မတ္ ၂၅
ျပည္တြင္းခရီးစဥ္မ်ား လ်ာထားေခါက္ေရမ်ားအတိုင္း ျပန္လည္ေျပးဆြဲမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားျဖစ္သည့္ ျမန္မာအမ်ိဳးသားေလေၾကာင္း၊ အျပည္အျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း၊ မဂၤလာေလေၾကာင္း၊ မန္းရတနာပုံေလေၾကာင္းႏွင့္ အဲသံလြင္ေလေၾကာင္းလိုင္းအတြက္ ေလယာဥ္ဆီအခက္အခဲေၾကာင့္ ေလေၾကာင္းပို႔ေဆာင္ေရးလုပ္ငန္းမ်ား ေႏွာင့္ေႏွးမႈမရွိေစရန္ လိုအပ္သည့္ေလယာဥ္ဆီမ်ားကို ဝယ္ယူရရွိေစေရး စီစဥ္ေဆာင္႐ြက္ထားေၾကာင္း သိရသည္။
ထိုသို႔စီစဥ္ေဆာင္႐ြက္ထားသျဖင့္ ယေန႔(မတ္လ ၂၅ ရက္) မွစတင္ကာ ယခင္ပ်ံသန္း ေျပးဆြဲလ်က္ရွိသည့္ ခရီးစဥ္မ်ားအတိုင္း အျပည့္အဝျပန္လည္ ေျပးဆြဲသြားမည္ျဖစ္ၿပီး ပ်ံသန္းေျပးဆြဲမည့္ ခရီးစဥ္မ်ား တြင္ မျဖစ္မေနပ်ံသန္းေျပးဆြဲရန္ လိုအပ္သည့္ ပူတာအိုၿမိဳ႕၊ ျမစ္ႀကီးနားၿမိဳ႕၊ က်ိဳင္းတုံၿမိဳ႕၊ တာခ်ီလိတ္ၿမိဳ႕၊ ေကာ့ေသာင္း ၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕၊ စစ္ေတြၿမိဳ႕၊ ကေလးၿမိဳ႕၊ ဟုမၼလင္းၿမိဳ႕ႏွင့္ ခႏၲီးၿမိဳ႕မ်ားသို႔ ပထမဦးစားေပးအေနျဖင့္ ေလယာဥ္ခရီးစဥ္မ်ား ေျပးဆြဲရန္ စီစဥ္ေဆာင္႐ြက္ထားေၾကာင္း သိရသည္။
ထိုသို႔ေျပးဆြဲရာတြင္ ျပည္တြင္းေလယာဥ္ခရီးစဥ္မ်ားကို လ်ာထားေခါက္ေရမ်ားအတိုင္း အျပည့္အဝ ပ်ံသန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
အေရွ႕အလယ္ပိုင္းပဋိပကၡမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံ၊ စင္ကာပူႏိုင္ငံႏွင့္ထိုင္းႏိုင္ငံတို႔က ေလယာဥ္ဆီမ်ားကို အကန႔္အသတ္ျဖင့္သာ ေရာင္းခ်ေပးသည့္အတြက္ ျပည္တြင္း၌လည္း NEPAS (National Energy Puma Aviation Services) က ေလယာဥ္ဆီ (Jet Fuel) ကို အကန႔္အသတ္ျဖင့္ ေရာင္းခ်မည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက အသိေပးထုတ္ျပန္ခဲ့သည္။
ထို႔ေၾကာင့္ အျပည္ျပည္ဆိုင္ရာျမန္မာ့ေလေၾကာင္းလိုင္း(MAI)ႏွင့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) အပါအဝင္ ပုဂၢလိက ေလေၾကာင္းလိုင္းမ်ားက ခရီးစဥ္မ်ားတြင္ ကီလိုထပ္တိုး ဝယ္ယူခြင့္ကို ကန႔္သတ္လိုက္သည့္ အျပင္ ခရီးစဥ္ပ်ံသန္းေျပးဆြဲမႈမ်ားကိုလည္း ယခင္ထက္ေလွ်ာ့ခ်၍ ပ်ံသန္းေျပးဆြဲခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.