စကားပြောတာက တိုက်ခိုက်နေတာထက် အမြဲတမ်းပိုကောင်းတယ်လို့ အီရန်ကို တရုတ်တိုက်တွန်း

787

Pika (NP News) - မတ် ၂၅
စကားပြောဆိုတာက တိုက်ခိုက်နေတာမျိုးထက် အမြဲတမ်းပိုကောင်းတယ်လို့ အီရန်ကို တရုတ်ထိပ်တန်းသံတမန်တစ်ဦးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေကို အီရန်အစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် တရုတ်ဘက်က ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသတစ်လျှောက်လုံးကို ပျံ့နှံ့သွားခဲ့ပြီး အရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ စွမ်းအင်အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ နှစ်ဘက်စလုံးက အဓိကသဘောတူညီချက်တွေကို ရရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မကြာခင်မှာပဲ အီရန်ဘက်က တရားဝင်ငြင်းဆိုမှုတွေကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့အချိန်(၂၄)ရက်အတွင်း အမေရိကန်နဲ့ ဘယ်လိုဆွေးနွေးပွဲမျိုးမှ လုပ်ဆောင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အီရန်ရဲ့ရင်းနှီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပြီး အီရန်အပေါ်တိုက်ခိုက်မှုတွေကို လျှော့ချဖို့ အမေရိကန်နဲ့အစ္စရေးတို့ကို တိုက်တွန်းခဲ့သလို အမေရိကန်အခြေစိုက်စခန်းတွေကို လက်ခံထားတဲ့ပင်လယ်ကွေ့နိုင်ငံတွေအပေါ် အီရန်ရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စကားေျပာတာက တိုက္ခိုက္ေနတာထက္ အၿမဲတမ္းပိုေကာင္းတယ္လို႔ အီရန္ကို တ႐ုတ္တိုက္တြန္း
Pika (NP News) - မတ္ ၂၅
စကားေျပာဆိုတာက တိုက္ခိုက္ေနတာမ်ိဳးထက္ အၿမဲတမ္းပိုေကာင္းတယ္လို႔ အီရန္ကို တ႐ုတ္ထိပ္တန္းသံတမန္တစ္ဦးက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္နဲ႔ အီရန္ၾကား ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနတယ္ဆိုတဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြကို အီရန္အစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ၾကားျဖစ္ပြားေနတဲ့စစ္ပြဲက အေရွ႕အလယ္ပိုင္းေဒသတစ္ေလွ်ာက္လုံးကို ပ်ံ႕ႏွံ႔သြားခဲ့ၿပီး အေရးပါတဲ့ေရလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားမွာ စြမ္းအင္အက်ပ္အတည္းကို ပိုမိုဆိုး႐ြားလာေစခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ရက္အနည္းငယ္အတြင္းမွာ ႏွစ္ဘက္စလုံးက အဓိကသေဘာတူညီခ်က္ေတြကို ရရွိခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ မၾကာခင္မွာပဲ အီရန္ဘက္က တရားဝင္ျငင္းဆိုမႈေတြကို ထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့အခ်ိန္(၂၄)ရက္အတြင္း အေမရိကန္နဲ႔ ဘယ္လိုေဆြးေႏြးပြဲမ်ိဳးမွ လုပ္ေဆာင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အီရန္ရဲ႕ရင္းႏွီးတဲ့ မိတ္ဖက္ႏိုင္ငံျဖစ္ၿပီး အီရန္အေပၚတိုက္ခိုက္မႈေတြကို ေလွ်ာ့ခ်ဖို႔ အေမရိကန္နဲ႔အစၥေရးတို႔ကို တိုက္တြန္းခဲ့သလို အေမရိကန္အေျခစိုက္စခန္းေတြကို လက္ခံထားတဲ့ပင္လယ္ေကြ႕ႏိုင္ငံေတြအေပၚ အီရန္ရဲ႕ပစ္မွတ္ထားတိုက္ခိုက္မႈေတြကိုလည္း ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။