တည်ငြိမ်ပြီး အဟန့်အတားမရှိတဲ့ ရေနံထောက်ပံ့မှုတွေကိုသေချာအောင်လုပ်ဆောင်ဖို့ ပင်လယ်ကွေ့ ပဋိပက္ခမှာ ပါဝင်တဲ့နိုင်ငံတွေအားလုံးကို တရုတ်တိုက်တွန်း

 184

Pika (NP News) - မတ် ၂၁

တည်ငြိမ်ပြီးအဟန့်အတားမရှိတဲ့ရေနံထောက်ပံ့မှုတွေကို သေချာအောင်လုပ်ဆောင်ဖို့အတွက် ပင်လယ်ကွေ့ ပဋိပက္ခမှာ ပါဝင်နေတဲ့နိုင်ငံတွေအားလုံးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့တယ်လို့ သိရပါ တယ်။
အီရန်ရေနံအချို့အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းဖို့ အမေရိကန်ကချိန်ဆနေတယ်ဆိုတဲ့ပြောဆိုချက် တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်နိုင်ငံတွေကို ဒီလိုမျိုးတိုက်တွန်းတာလဲဆိုတဲ့အသေးစိတ်အချက်အလက် တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ရေနံဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပင်လယ်ပြင်က ရေနံတင်သင်္ဘောတွေအပေါ်မှာ ပိတ်မိနေတဲ့ အီရန်ရေနံတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်က ဖယ်ရှားပေးသွားနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်း ဖို့ တရုတ်နဲ့ဗြိတိန်တို့မှာ တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝိုင်ဗက်တီကူးပါးကိုပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုမျိုးပြောဆိုချက်တွေ ထပ်မံထွက်ပေါ် လာတာပဲဖြစ်ပါတယ်။

Zawgyi Version;
တည္ၿငိမ္ၿပီး အဟန႔္အတားမရွိတဲ့ ေရနံေထာက္ပံ့မႈေတြကိုေသခ်ာေအာင္လုပ္ေဆာင္ဖို႔ ပင္လယ္ေကြ႕ ပဋိပကၡမွာ ပါဝင္တဲ့ႏိုင္ငံေတြအားလုံးကို တ႐ုတ္တိုက္တြန္း
Pika (NP News) - မတ္ ၂၁

တည္ၿငိမ္ၿပီးအဟန႔္အတားမရွိတဲ့ေရနံေထာက္ပံ့မႈေတြကို ေသခ်ာေအာင္လုပ္ေဆာင္ဖို႔အတြက္ ပင္လယ္ေကြ႕ ပဋိပကၡမွာ ပါဝင္ေနတဲ့ႏိုင္ငံေတြအားလုံးကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တိုက္တြန္းခဲ့တယ္လို႔ သိရပါ တယ္။
အီရန္ေရနံအခ်ိဳ႕အေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ႐ုတ္သိမ္းဖို႔ အေမရိကန္ကခ်ိန္ဆေနတယ္ဆိုတဲ့ေျပာဆိုခ်က္ ေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ဘယ္ႏိုင္ငံေတြကို ဒီလိုမ်ိဳးတိုက္တြန္းတာလဲဆိုတဲ့အေသးစိတ္အခ်က္အလက္ ေတြကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ေရနံေဈးႏႈန္းေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ပင္လယ္ျပင္က ေရနံတင္သေဘၤာေတြအေပၚမွာ ပိတ္မိေနတဲ့ အီရန္ေရနံေတြအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို အေမရိကန္က ဖယ္ရွားေပးသြားႏိုင္တယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီး စေကာ့ဘတ္ဆန႔္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕တိုက္တြန္းမႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ႏိုင္ငံတကာလုံၿခဳံေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္း ဖို႔ တ႐ုတ္နဲ႔ၿဗိတိန္တို႔မွာ တာဝန္ရွိတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီက ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ဝိုင္ဗက္တီကူးပါးကိုေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုမ်ိဳးေျပာဆိုခ်က္ေတြ ထပ္မံထြက္ေပၚ လာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.