အီရန်မှာ မြေပြင်တပ်ဖွဲ့တွေ ဖြန့်ကျက်ချထားဖို့အတွက် အစီအစဉ်တွေကို အမေရိကန်စစ်ဘက်အရာရှိတွေတင်ပြ

 398

Pika (NP News) - မတ် ၂၁

အီရန်မှာ အမေရိကန်ရဲ့မြေပြင်တပ်ဖွဲ့တွေ ဖြန့်ကျက်ချထားဖို့အတွက် အလားအလာရှိတဲ့အသေးစိတ်အစီအစဉ် တွေကို အမေရိကန်အကြီးတန်းအရာရှိတွေက တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်က ၎င်းရဲ့ရွေးချယ်စရာတွေကို ချိန်ဆနေတယ်လို့ သတင်းရင်းမြစ်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့တဲ့သတင်းရင်းမြစ်တွေကို ကိုးကား ပြီး ဒေါ်နယ်ထရမ့်က အီရန်မှာမြေပြင်တပ်ဖွဲ့တွေဖြန့်ကျက်ချထားဖို့ စဉ်းစားနေတယ်လို့ CBS News သတင်းဌာန က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် ဘယ်နေရာမှာမှ အမေရိကန်တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားသွားမှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ရှင်းလင်းပြောကြားခဲ့ပြီး အဲဒီလိုမျိုးဆုံးဖြတ်ချက်တွေကို သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုသွားမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အီရန်စစ်သားတွေ ဒါမှမဟုတ် စစ်ဆင်ရေးသမားတွေကို ဖမ်းဆီးဖို့နဲ့ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့အချက်အပါအဝင် မမျှော်လင့်တဲ့အခြေအနေတွေကို အမေရိကန်စစ်ဘက်အရာရှိ တွေက ဆွေးနွေးနေတယ်လို့လည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS News သတင်းဌာနက ရေးသား ဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်စစ်တပ်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ်မရိန်းတပ်သားတွေနဲ့ ရေတပ်တပ်ဖွဲ့ဝင် ထောင်ချီကို ဖြန့်ကျက်ချထားနေတယ်လို့လည်း အမေရိကန်အရာရှိ(၃)ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
အီရန္မွာ ေျမျပင္တပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားဖို႔အတြက္ အစီအစဥ္ေတြကို အေမရိကန္စစ္ဘက္အရာရွိေတြတင္ျပ
Pika (NP News) - မတ္ ၂၁
အီရန္မွာ အေမရိကန္ရဲ႕ေျမျပင္တပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားဖို႔အတြက္ အလားအလာရွိတဲ့အေသးစိတ္အစီအစဥ္ ေတြကို အေမရိကန္အႀကီးတန္းအရာရွိေတြက တင္ျပခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္က ၎ရဲ႕ေ႐ြးခ်ယ္စရာေတြကို ခ်ိန္ဆေနတယ္လို႔ သတင္းရင္းျမစ္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေဆြးေႏြးမႈေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းတင္ျပခဲ့တဲ့သတင္းရင္းျမစ္ေတြကို ကိုးကား ၿပီး ေဒၚနယ္ထရမ့္က အီရန္မွာေျမျပင္တပ္ဖြဲ႕ေတြျဖန႔္က်က္ခ်ထားဖို႔ စဥ္းစားေနတယ္လို႔ CBS News သတင္းဌာန က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ဘယ္ေနရာမွာမွ အေမရိကန္တပ္ဖြဲ႕ေတြကို ျဖန႔္က်က္ခ်ထားသြားမွာမဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္က ရွင္းလင္းေျပာၾကားခဲ့ၿပီး အဲဒီလိုမ်ိဳးဆုံးျဖတ္ခ်က္ေတြကို သတင္းဌာနေတြကို ထုတ္ေဖာ္ေျပာဆိုသြားမွာ မဟုတ္ဘူးလို႔လည္း ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း အီရန္စစ္သားေတြ ဒါမွမဟုတ္ စစ္ဆင္ေရးသမားေတြကို ဖမ္းဆီးဖို႔နဲ႔ပတ္သက္ၿပီး ဘယ္လို ကိုင္တြယ္ေျဖရွင္းရမယ္ဆိုတဲ့အခ်က္အပါအဝင္ မေမွ်ာ္လင့္တဲ့အေျခအေနေတြကို အေမရိကန္စစ္ဘက္အရာရွိ ေတြက ေဆြးေႏြးေနတယ္လို႔လည္း သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး CBS News သတင္းဌာနက ေရးသား ေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္စစ္တပ္ဟာ အေရွ႕အလယ္ပိုင္းေဒသမွာ ေနာက္ထပ္မရိန္းတပ္သားေတြနဲ႔ ေရတပ္တပ္ဖြဲ႕ဝင္ ေထာင္ခ်ီကို ျဖန႔္က်က္ခ်ထားေနတယ္လို႔လည္း အေမရိကန္အရာရွိ(၃)ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.