စစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် အီရန်အပေါ် တိုက်ခိုက်မှုတွေကို အမေရိကန်က အရှိန်မြှင့်သွားနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးပြော

 106

Pika (NP News)- မတ် ၂၃

စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့အတွက် အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ဖို့လိုအပ်လာနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အီရန်က ဟော်မုဇ်ရေလ်ကြားကို ပြန်မဖွင့်ဘူးဆိုရင် အီရန်ရဲ့ဓါတ်အားပေးစက်ရုံတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ စကော့ဘတ်ဆန့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ရည်မှန်းချက်တွေက အရမ်းကိုနီးကပ်နေပြီဖြစ်ပြီး စစ်ပွဲကို အဆုံးသတ်ဖို့စဉ်းစားနေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် ယခုလိုမျိုး ပြောဆိုချက်တွေ ထွက်ရှိလာတာလည်းဖြစ်ပါတယ်။

ဒါ့ပြင် ဒေါ်နယ်ထရမ့်က စစ်ပွဲကို အဆုံးသတ်နေတာလား ဒါမှမဟုတ် အရှိန်မြှင့်တင်နေတာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို စကော့ဘတ်ဆန့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။

စကော့ဘတ်ဆန့်က”အဲ့ဒါမျိုးတွေကို သေချာတော့မပြောနိုင်ပါဘူး။ဒါပေမယ့် တစ်ခါတစ်လေမှာ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ဖို့လိုအပ်ပါတယ်။ဒါက အီရန်လူမျိုးတွေနားလည်တဲ့ တစ်ခုတည်းသောဘာသာစကားပဲဖြစ်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi version:

စစ္ပြဲကိုအဆုံးသတ္ႏိုင္ဖို႔အတြက္ အေမရိကန္က အီရန္အေပၚ တိုက္ခိုက္မႈေတြကို အရွိန္ျမႇင့္ဖို႔လိုအပ္လာႏိုင္တယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး စေကာ့ဘတ္ဆန႔္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အီရန္က ေဟာ္မုဇ္ေရလ္ၾကားကို ျပန္မဖြင့္ဘူးဆိုရင္ အီရန္ရဲ႕ဓါတ္အားေပးစက္႐ုံေတြကို ဖ်က္ဆီးပစ္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ စေကာ့ဘတ္ဆန႔္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အေမရိကန္ရဲ႕ ရည္မွန္းခ်က္ေတြက အရမ္းကိုနီးကပ္ေနၿပီျဖစ္ၿပီး စစ္ပြဲကို အဆုံးသတ္ဖို႔စဥ္းစားေနတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ၿပီးေနာက္ ယခုလိုမ်ိဳး ေျပာဆိုခ်က္ေတြ ထြက္ရွိလာတာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္က စစ္ပြဲကို အဆုံးသတ္ေနတာလား ဒါမွမဟုတ္ အရွိန္ျမႇင့္တင္ေနတာလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကို စေကာ့ဘတ္ဆန႔္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
စေကာ့ဘတ္ဆန႔္က”အဲ့ဒါမ်ိဳးေတြကို ေသခ်ာေတာ့မေျပာႏိုင္ပါဘူး။ဒါေပမယ့္ တစ္ခါတစ္ေလမွာ စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ တိုက္ခိုက္မႈေတြကို အရွိန္ျမႇင့္ဖို႔လိုအပ္ပါတယ္။ဒါက အီရန္လူမ်ိဳးေတြနားလည္တဲ့ တစ္ခုတည္းေသာဘာသာစကားပဲျဖစ္ပါတယ္”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.