ဟော်မုဇ်ရေလက်ကြားမှာ ဂျပန်သင်္ဘောတွေကို ဖြတ်သန်းသွားလာခွင့်ပေးဖို့ ဆန္ဒရှိတယ်လို့ အီရန်အစိုးရပြော

 313

Pika (NP News)- မတ် ၂၃

ဟော်မုဇ်ရေလက်ကြားမှာ ဂျပန်သင်္ဘောတွေကို ဖြတ်သန်းသွားလာခွင့်ပေးဖို့ အီရန်က ဆန္ဒရှိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသက ရေနံစိမ်းတင်သွင်းမှုတွေကို မှီခိုနေရတာဖြစ်ပြီး အများစုက ပင်လယ်ကွေ့မှာတည်ရှိတဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာကြတာလည်းဖြစ်ပါတယ်။

အမေရိကန်နဲ့အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီးနောက် အဲ့ဒီရေလမ်းကြောင်းကို မှီခိုနေရတဲ့ နိုင်ငံတွေဟာ အခြားလမ်းကြောင်းတွေကိုရှာဖို့ ရုန်းကန်နေရပြီး အရန်ထားရှိထားတဲ့ ရေနံတွေကို ထုတ်သုံးနေရတယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် အီရန်ကို တိုက်ခိုက်တဲ့နိုင်ငံတွေကသာ ပိတ်ဆို့ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အီရန်ကို တိုက်ခိုက်မှုတွေမလုပ်ဆောင်တဲ့ နိုင်ငံတွေကိုတော့ ကူညီပေးသွားမယ်လို့ အာဘတ်စ်အာဂရာချီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အာဘတ်စ်အာဂရာချီက”ဟော်မုဇ်ရေလက်ကြားကို ကျွန်တော်တို့ မပိတ်ပစ်ပါဘူး။ ကျွန်တော်တို့အမြင်မှာတော့ ဟော်မုဇ်ရေလက်ကြားက ပွင့်နေဆဲပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကိုတိုက်ခိုက်တဲ့ ရန်သူတွေအတွက်ပဲ ဒီဟော်မုဇ်ရေလက်ကြားကို ပိတ်ထားတာပါ။ အခြားနိုင်ငံတွေရဲ့ သင်္ဘောတွေကတော့ ရေလက်ကြားကို လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာနိုင်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi version:

ေဟာ္မုဇ္ေရလက္ၾကားမွာ ဂ်ပန္သေဘၤာေတြကို ျဖတ္သန္းသြားလာခြင့္ေပးဖို႔ အီရန္က ဆႏၵရွိတယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီကထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံဟာ အေရွ႕အလယ္ပိုင္းေဒသက ေရနံစိမ္းတင္သြင္းမႈေတြကို မွီခိုေနရတာျဖစ္ၿပီး အမ်ားစုက ပင္လယ္ေကြ႕မွာတည္ရွိတဲ့ ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းသြားလာၾကတာလည္းျဖစ္ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အီရန္က ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ပစ္လိုက္ၿပီးေနာက္ အဲ့ဒီေရလမ္းေၾကာင္းကို မွီခိုေနရတဲ့ ႏိုင္ငံေတြဟာ အျခားလမ္းေၾကာင္းေတြကိုရွာဖို႔ ႐ုန္းကန္ေနရၿပီး အရန္ထားရွိထားတဲ့ ေရနံေတြကို ထုတ္သုံးေနရတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အီရန္ကို တိုက္ခိုက္တဲ့ႏိုင္ငံေတြကသာ ပိတ္ဆို႔ကန႔္သတ္မႈေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး အီရန္ကို တိုက္ခိုက္မႈေတြမလုပ္ေဆာင္တဲ့ ႏိုင္ငံေတြကိုေတာ့ ကူညီေပးသြားမယ္လို႔ အာဘတ္စ္အာဂရာခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အာဘတ္စ္အာဂရာခ်ီက”ေဟာ္မုဇ္ေရလက္ၾကားကို ကြၽန္ေတာ္တို႔ မပိတ္ပစ္ပါဘူး။ ကြၽန္ေတာ္တို႔အျမင္မွာေတာ့ ေဟာ္မုဇ္ေရလက္ၾကားက ပြင့္ေနဆဲပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကိုတိုက္ခိုက္တဲ့ ရန္သူေတြအတြက္ပဲ ဒီေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ထားတာပါ။ အျခားႏိုင္ငံေတြရဲ႕ သေဘၤာေတြကေတာ့ ေရလက္ၾကားကို လြတ္လြတ္လပ္လပ္ ျဖတ္သန္းသြားလာႏိုင္ပါတယ္”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.