(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲကို ပြည်သူများလာရောက်ဂုဏ်ပြုနိုင်

289
စိမ့်စမ်းရေ (NP News) - မတ် ၂၃
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ပြည်သူများလာရောက်ဂုဏ်ပြုနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာထားသည်။
အဆိုပါစစ်ရေးပြအခမ်းအနားတွင် ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းကို တန်းစီကွင်းမှ စစ်ရေးပြကွင်းကြီးသို့ ချီတက်သွားမည်ဖြစ်ပြီး ယင်းလမ်းကြောင်းတစ်လျှောက် ပြည်သူများအနေဖြင့် ဂုဏ်ပြုပန်းစည်း ကမ်းနိုင်ကြောင်း သိရသည်။
ထိုသို့ ဂုဏ်ပြုပန်းစည်း ကမ်းလိုသူ ပြည်သူများအနေဖြင့် လာမည့် မတ်လ (၂၃) ရက်မှ မတ်လ (၂၅) ရက်အထိ နေပြည်တော်တိုင်းစစ်ဌာနချုပ် (ပင်မဂိတ်)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ ရောင်စုံလိုင်စင်ဓာတ်ပုံ(၂)ပုံနှင့်အတူ လုံခြုံရေး ဝင်ခွင့်ကတ်များကို လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက လုံခြုံရေးဆပ်ကော်မတီ (နေပြည်တော်တိုင်းစစ်ဌာနချုပ်)၊ နေပြည်တော် ဖုန်းနံပါတ် 032-30009 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
Zawgyi version:
(၈၁) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားကို ျပည္သူမ်ားလာေရာက္ဂုဏ္ျပဳႏိုင္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အသိေပးေၾကညာထားသည္။
အဆိုပါစစ္ေရးျပအခမ္းအနားတြင္ ခ်ီတက္ၾကမည့္ စစ္ေရးျပစစ္ေၾကာင္းကို တန္းစီကြင္းမွ စစ္ေရးျပကြင္းႀကီးသို႔ ခ်ီတက္သြားမည္ျဖစ္ၿပီး ယင္းလမ္းေၾကာင္းတစ္ေလွ်ာက္ ျပည္သူမ်ားအေနျဖင့္ ဂုဏ္ျပဳပန္းစည္း ကမ္းႏိုင္ေၾကာင္း သိရသည္။
ထိုသို႔ ဂုဏ္ျပဳပန္းစည္း ကမ္းလိုသူ ျပည္သူမ်ားအေနျဖင့္ လာမည့္ မတ္လ (၂၃) ရက္မွ မတ္လ (၂၅) ရက္အထိ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ (ပင္မဂိတ္)တြင္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား(မူရင္း)၊ ေရာင္စုံလိုင္စင္ဓာတ္ပုံ(၂)ပုံႏွင့္အတူ လုံၿခဳံေရး ဝင္ခြင့္ကတ္မ်ားကို လူကိုယ္တိုင္ လာေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
အေသးစိတ္သိရွိလိုပါက လုံၿခဳံေရးဆပ္ေကာ္မတီ (ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္)၊ ေနျပည္ေတာ္ ဖုန္းနံပါတ္ 032-30009 သို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။