အိန္ဒိယနိုင်ငံတစ်ဝန်း စက်မှုဇုန် (၁ဝဝ) တည်ဆောက်ဖို့ ဒေါ်လာ ၃.၆ ဘီလီယံကျော် သုံးစွဲမယ်လို့ အစိုးရအတည်ပြု

103

ရောင်နီ (NP News) - မတ် ၂ဝ
အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတစ်ဝန်းမှာ စက်မှုဇုန် (၁၀၀) တည်ဆောက်မယ့်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃.၆၃ ဘီလီယံ သုံးစွဲဖို့ အိန္ဒိယအစိုးရအဖွဲ့က အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
ဗုဒ္ဓဟူးနေ့ (မတ်လ ၁၈ ရက်) က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး အက်ရှ်ဝီနီ ဗိုင်ရှန်နော် က ယခုလို ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။ အဲဒီစက်မှုဇုန်တွေကို ပြည်နယ် အစိုးရတွေနဲ့ အစိုးရပိုင်ကုမ္ပဏီတွေ ဖက်စပ်လုပ်ကိုင်တဲ့စနစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယစက်မှုလုပ်ငန်းဝန်ကြီး အမာဒိဆင့်ဂ်ဘာထရာရဲ့ပြောကြားချက်အရ အစိုးရဟာ လာမယ့် ၆ နှစ်တာ ကာလ အတွင်း ကုန်ထုတ်လုပ်ငန်းတွေအတွက် မြေဧက ၃၃,၀၀၀ ခန့် အသုံးပြုဖော်ဆောင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ အကောင်အထည်ဖော်မယ့် စက်မှုဇုန်တွေဟာ အနည်းဆုံး ဧက (၁၀၀) မှ အများဆုံး ဧက (၁,၀၀၀) အထိ ကျယ်ဝန်းမယ်လို့လည်း သိရပါတယ်။
အစိုးရအနေနဲ့အဓိကအခြေခံအဆောက်အအုံနဲ့ လူမှုရေးဆိုင်ရာလိုအပ်ချက်တွေအတွက် စက်မှုဇုန် တစ်ဧကကို ရူပီး (၁၀) သန်း (စင်ကာပူဒေါ်လာ ၁၃၇,၈၈၂ ခန့်) အထိ ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ အရာရှိတွေက အတည်ပြုခဲ့ပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံတစ္ဝန္း စက္မႈဇုန္ (၁ဝဝ) တည္ေဆာက္ဖို႔ ေဒၚလာ ၃.၆ ဘီလီယံေက်ာ္ သုံးစြဲမယ္လို႔ အစိုးရအတည္ျပဳ
ေရာင္နီ (NP News) - မတ္ ၂ဝ
အိႏၵိယႏိုင္ငံရဲ႕ျပည္တြင္းထုတ္လုပ္မႈစြမ္းရည္ျမႇင့္တင္ဖို႔ ရည္႐ြယ္ၿပီး ႏိုင္ငံတစ္ဝန္းမွာ စက္မႈဇုန္ (၁၀၀) တည္ေဆာက္မယ့္စီမံကိန္းအတြက္ အေမရိကန္ေဒၚလာ ၃.၆၃ ဘီလီယံ သုံးစြဲဖို႔ အိႏၵိယအစိုးရအဖြဲ႕က အတည္ျပဳလိုက္တယ္လို႔ သိရပါတယ္။
ဗုဒၶဟူးေန႔ (မတ္လ ၁၈ ရက္) က ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ျပန္ၾကားေရးဝန္ႀကီး အက္ရွ္ဝီနီ ဗိုင္ရွန္ေနာ္ က ယခုလို ထုတ္ေဖာ္ေျပာၾကားလိုက္တာျဖစ္ပါတယ္။ အဲဒီစက္မႈဇုန္ေတြကို ျပည္နယ္ အစိုးရေတြနဲ႔ အစိုးရပိုင္ကုမၸဏီေတြ ဖက္စပ္လုပ္ကိုင္တဲ့စနစ္နဲ႔ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။ အိႏၵိယစက္မႈလုပ္ငန္းဝန္ႀကီး အမာဒိဆင့္ဂ္ဘာထရာရဲ႕ေျပာၾကားခ်က္အရ အစိုးရဟာ လာမယ့္ ၆ ႏွစ္တာ ကာလ အတြင္း ကုန္ထုတ္လုပ္ငန္းေတြအတြက္ ေျမဧက ၃၃,၀၀၀ ခန႔္ အသုံးျပဳေဖာ္ေဆာင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ သိရပါတယ္။ အေကာင္အထည္ေဖာ္မယ့္ စက္မႈဇုန္ေတြဟာ အနည္းဆုံး ဧက (၁၀၀) မွ အမ်ားဆုံး ဧက (၁,၀၀၀) အထိ က်ယ္ဝန္းမယ္လို႔လည္း သိရပါတယ္။
အစိုးရအေနနဲ႔အဓိကအေျခခံအေဆာက္အအုံနဲ႔ လူမႈေရးဆိုင္ရာလိုအပ္ခ်က္ေတြအတြက္ စက္မႈဇုန္ တစ္ဧကကို ႐ူပီး (၁၀) သန္း (စင္ကာပူေဒၚလာ ၁၃၇,၈၈၂ ခန႔္) အထိ ေငြေၾကးေထာက္ပံ့ေပးသြားမယ္လို႔ အရာရွိေတြက အတည္ျပဳခဲ့ပါတယ္။