အီရန်အစိုးရက (၁၉) နှစ်အရွယ် နိုင်ငံ့လက်ရွေးစင် နပန်းချန်ပီယံလူငယ်ကို လူပုံအလယ် ကြိုးပေးကွပ်မျက်

5644

ဂျန်ဇက် (NP News) - မတ် ၂၁
နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စစ်ရေး တင်းမာမှုများ ပြင်းထန်နေချိန်တွင် အီရန်အစိုးရသည် အသက် (၁၉) နှစ် အရွယ် နိုင်ငံ့လက်ရွေးစင် နပန်းအားကစားသမား ဆာလက် မိုဟာမက်ဒီ အပါအဝင် ဆန္ဒပြလူငယ်သုံးဦးကို မတ်လ (၁၉) ရက်က ကွမ် (Qom) မြို့ရှိလူပုံအလယ် ကြိုးပေးကွပ်မျက်လိုက်ကြောင်းသိရသည်။ အီရန်၏လုပ်ရပ်နှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကြားတွင် ပြင်းထန်သော ဝေဖန်ရှုတ် ချမှုများ မြင့်တက်လျက်ရှိနေသည်။ ပြီးခဲ့သည့် (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်းက အီရန်နိုင်ငံ တစ်ဝန်းဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုဖြင့် မိုဟာမက်ဒီ ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကာ ကွပ်မျက်ခံရခြင်းဖြစ်သည်ဟုသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၈)ရက်က ကွမ်မြို့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့မှုတွင် ဓားများအသုံးပြုကာ ပါဝင်ပတ်သက်ခဲ့သည်ဟူ သော စွပ်စွဲချက်ဖြင့် အီရန်တရားရုံးက ဆာလက် မိုဟာမက် ဒီကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သလို အခြားလူငယ်နှစ် ဦးဖြစ်သည့် ဆာအိ ဒါဗူဒီနှင့် မာဒီဂါဆီမီ တို့ကိုလည်း ကြိုးပေးကွပ်မျက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက အတည် ပြုဖော်ပြထားသည်။
ဆာလက် မိုဟာမက်ဒီသည် (၂၀၂၄) ခုနှစ်က ရုရှားနိုင်ငံ၌ ကျင်းပခဲ့သော နိုင်ငံတကာ နပန်းပြိုင်ပွဲတွင် အီရန် နိုင်ငံအတွက် ကြေးတံဆိပ် ဆွတ်ခူးပေးခဲ့ဖူးသောအားကစားသမားတစ်ဦးဖြစ်သည်။ အီရန်လူ့အခွင့်အရေးအဖွဲ့ (IHRNGO) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က သေဒဏ်အမိန့်သည် တရားမျှ တမှုမရှိသော ရုံးတင်စစ်ဆေးမှုမှပေါ်ထွက်လာခြင်းဖြစ် ပြီး ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းမှုများမှတစ်ဆင့် အတင်းအကျပ် ဝန်ခံခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ပြစ်တင်ထားသည်။ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများတွင် မိုဟာမက်ဒီ၏ မျက်နှာကို မတွေ့ ရသလို၊ အခင်းဖြစ်ပွားချိန်၌ မိုဟာ မက်ဒီသည် ဦးလေးဖြစ်သူ၏ နေအိမ်တွင်ရှိ နေခဲ့ကြောင်း မိသားစု နှင့် နည်းပြများက ခိုင်လုံစွာ ထွက်ဆိုခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ကြောင်းသိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအိုလံပစ်အားကစားသမားများက ကွပ် မျက်မှုကိုရပ်တန့် ရန် ကြိုတင်တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အီရန်အစိုးရက လျစ်လျူရှုကာ အမိန့်အတိုင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။

Zawgyi Version;
အီရန္အစိုးရက (၁၉) ႏွစ္အ႐ြယ္ ႏိုင္ငံ့လက္ေ႐ြးစင္ နပန္းခ်န္ပီယံလူငယ္ကို လူပုံအလယ္ ႀကိဳးေပးကြပ္မ်က္
ဂ်န္ဇက္ (NP News) - မတ္ ၂၁
ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားႏွင့္ စစ္ေရး တင္းမာမႈမ်ား ျပင္းထန္ေနခ်ိန္တြင္ အီရန္အစိုးရသည္ အသက္ (၁၉) ႏွစ္ အ႐ြယ္ ႏိုင္ငံ့လက္ေ႐ြးစင္ နပန္းအားကစားသမား ဆာလက္ မိုဟာမက္ဒီ အပါအဝင္ ဆႏၵျပလူငယ္သုံးဦးကို မတ္လ (၁၉) ရက္က ကြမ္ (Qom) ၿမိဳ႕ရွိလူပုံအလယ္ ႀကိဳးေပးကြပ္မ်က္လိုက္ေၾကာင္းသိရသည္။ အီရန္၏လုပ္ရပ္ႏွင့္ ပတ္သက္ၿပီး ႏိုင္ငံတကာႏွင့္ လူ႔အခြင့္အေရးအဖြဲ႕အစည္းမ်ားၾကားတြင္ ျပင္းထန္ေသာ ေဝဖန္ရႈတ္ ခ်မႈမ်ား ျမင့္တက္လ်က္ရွိေနသည္။ ၿပီးခဲ့သည့္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလအတြင္းက အီရန္ႏိုင္ငံ တစ္ဝန္းျဖစ္ပြားခဲ့ေသာ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့မႈျဖင့္ မိုဟာမက္ဒီ ဖမ္းဆီးခံခဲ့ ရျခင္းျဖစ္ကာ ကြပ္မ်က္ခံရျခင္းျဖစ္သည္ဟုသိရသည္။ ၿပီးခဲ့သည့္ ဇန္နဝါရီ (၈)ရက္က ကြမ္ၿမိဳ႕ ဆႏၵျပပြဲအတြင္း ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦး ေသဆုံးခဲ့မႈတြင္ ဓားမ်ားအသုံးျပဳကာ ပါဝင္ပတ္သက္ခဲ့သည္ဟူ ေသာ စြပ္စြဲခ်က္ျဖင့္ အီရန္တရား႐ုံးက ဆာလက္ မိုဟာမက္ ဒီကို ေသဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္သလို အျခားလူငယ္ႏွစ္ ဦးျဖစ္သည့္ ဆာအိ ဒါဗူဒီႏွင့္ မာဒီဂါဆီမီ တို႔ကိုလည္း ႀကိဳးေပးကြပ္မ်က္ခဲ့ေၾကာင္း အီရန္ႏိုင္ငံပိုင္မီဒီယာမ်ားက အတည္ ျပဳေဖာ္ျပထားသည္။
ဆာလက္ မိုဟာမက္ဒီသည္ (၂၀၂၄) ခုႏွစ္က ႐ုရွားႏိုင္ငံ၌ က်င္းပခဲ့ေသာ ႏိုင္ငံတကာ နပန္းၿပိဳင္ပြဲတြင္ အီရန္ ႏိုင္ငံအတြက္ ေၾကးတံဆိပ္ ဆြတ္ခူးေပးခဲ့ဖူးေသာအားကစားသမားတစ္ဦးျဖစ္သည္။ အီရန္လူ႔အခြင့္အေရးအဖြဲ႕ (IHRNGO) ႏွင့္ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ (Amnesty International) က ေသဒဏ္အမိန႔္သည္ တရားမွ် တမႈမရွိေသာ ႐ုံးတင္စစ္ေဆးမႈမွေပၚထြက္လာျခင္းျဖစ္ ၿပီး ျပင္းထန္စြာ ႏွိပ္စက္ညႇဥ္းပန္းမႈမ်ားမွတစ္ဆင့္ အတင္းအက်ပ္ ဝန္ခံခိုင္းခဲ့ျခင္းျဖစ္သည္ဟု ေဝဖန္ျပစ္တင္ထားသည္။ လုံၿခဳံေရးကင္မရာ (CCTV) မွတ္တမ္းမ်ားတြင္ မိုဟာမက္ဒီ၏ မ်က္ႏွာကို မေတြ႕ ရသလို၊ အခင္းျဖစ္ပြားခ်ိန္၌ မိုဟာ မက္ဒီသည္ ဦးေလးျဖစ္သူ၏ ေနအိမ္တြင္ရွိ ေနခဲ့ေၾကာင္း မိသားစု ႏွင့္ နည္းျပမ်ားက ခိုင္လုံစြာ ထြက္ဆိုခဲ့ေသာ္လည္း တရား႐ုံးက ပယ္ခ်ခဲ့ေၾကာင္းသိရသည္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ႏိုင္ငံတကာအိုလံပစ္အားကစားသမားမ်ားက ကြပ္ မ်က္မႈကိုရပ္တန႔္ ရန္ ႀကိဳတင္ေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း အီရန္အစိုးရက လ်စ္လ်ဴရႈကာ အမိန႔္အတိုင္းလုပ္ေဆာင္ခဲ့ျခင္း ျဖစ္ ေၾကာင္းသိရသည္။