အီရန်၏ ပိတ်ဆို့မှုကို ချိုးဖျက်ရန် အမေရိကန်ဦးဆောင်သော ဟော်မုဇ်ရေလက်ကြား စစ်ဆင်ရေးကြီး စတင်ဖွယ်ရှိနေ

288

ဂျန်ဇက် (NP News) - မတ် ၂၁
ကမ္ဘာ့ရေနံလမ်းကြောင်း၏ အသက်သွေးကြောဖြစ်သော ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားမှုကို အင်အားသုံးချိုး ဖျက်ရန်အတွက် အမေရိကန်ဦး ဆောင်သော အကြီးစားစစ်ဆင်ရေး တစ်ရပ် မကြာမီစတင်တော့မည်ဖြစ် ကြောင်း အစ္စရေးထောက်လှမ်းရေးက ဖော်ထုတ် လိုက်သည်။
အစ္စရေး၏ ထိပ်တန်းသတင်းဌာနတစ်ခုဖြစ်သည့် Kan News က အမေရိကန်စစ်တပ်သည် ကုန်းရေနှစ်သွယ် သွား တိုက်ခိုက်ရေးစစ်သင်္ဘောကြီး USS Tripoli အပါအဝင် စစ်ရေးအင်အားများကို ပင်လယ်ကွေ့ဒေသသို့ အလုံး အရင်းဖြင့် ချထားနေပြီ ဖြစ်ကြောင်းဖော်ပြထားသည်။ အဆိုပါ စစ်ဆင်ရေးသည် ခန့်မှန်းခြေ သီတင်းနှစ် ပတ်ခန့် ကြာမြင့်မည်ဟု မျှော်မှန်းထားသော်လည်း၊ အီရန်ဘက်က ကုန်သွယ်ရေး သင်္ဘောများကို ဆက်လက်ပစ်မှတ်ထား နေပါက စစ်ရေးပဋိပက္ခမှာ လပေါင်းများစွာအထိ ရှည်ကြာ သွားနိုင်ခြေရှိနေကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
အဆိုပါ အမေရိကန်ဦးဆောင်သော စစ်ဆင်ရေးတွင် အစ္စရေးအနေဖြင့် ရေတပ်နှင့် လေတပ် ပံ့ပိုးမှုများအပြင် အရေးအပါဆုံးဖြစ်သည့် အဆုံးအ ဖြတ်ပေးနိုင်သော စစ်ရေးထောက်လှမ်းရေးသတင်းအချက်အလက် (Critical Intelligence) များကိုပါ အဓိက ပံ့ပိုးကူညီသွားရန်အသင့်ပြင်ထားကြောင်း သိရသည်။ အီရန်သည် (၂၀၂၆) ခုနှစ် မတ်လ (၄) ရက်တွင် ဟော်မုဇ်ရေလက်ကြားကို စတင်ပိတ်ဆို့ခဲ့သလို သင်္ဘောများကိုတိုက်ခိုက်ခဲ့ရာ ဟောမုဇ်ရေ လက်ကြား တွင် ကုန်သွယ်ရေးသင်္ဘော (၂၁) စင်း တိုက်ခိုက်ခံခဲ့ရပြီး၊ ကမ္ဘာ့ရေနံတင်ပို့မှု၏ (၂၀) ရာခိုင်နှုန်းခန့် လုံးဝရပ်တန့် သွားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်တွင် ဘရန့်ရေနံစိမ်း (Brent crude) ဈေးနှုန်းသည် (၃၅)ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၁၂၀) ဝန်းကျင်သို့ ရောက်ရှိသွားကာ ကမ္ဘာတစ်ဝန်း စီးပွားရေးထိခိုက်နစ်နာမှုများကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။ အမေရိကန်တပ်ဖွဲ့များသည် အီရန် ကမ်းရိုးတန်းတစ်လျှောက်ရှိ သင်္ဘောဖျက်ဒုံးကျည် စခန်းများကို လေကြောင်းမှပြင်းပြင်းထန်ထန် တိုက်ခိုက်ဖျက် ဆီးထားသော်လည်း ကုန်သွယ်ရေး ရေကြောင်းလမ်းများမှာ ပိတ်ဆို့နေဆဲဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုး (NATO) နှင့် အာရှမဟာမိတ်နိုင်ငံများအား စစ်သင်္ဘောများစေလွှတ်ကူညီရန် တောင်းဆိုထား သော်လည်း ဥရောပနိုင်ငံအများစုနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကုန်သွယ်ရေးလမ်းကြောင်း များလုံခြုံစေ ရန်အတွက် အီရန်နှင့် သီးသန့် လျှို့ဝှက် သဘောတူညီချက်များပြုလုပ်ကာ ရှောင်ထွက်နေကြသောကြောင့်၊ အမေရိကန် တစ်နိုင်ငံ တည်းကသာ ဤကြီးမားသော စစ်ရေးဝန်ထုပ်ဝန်ပိုးကို အဓိကထမ်းပိုးထားရမည့်အခြေအနေသို့ ဆိုက်ရောက် နေ ကြောင်းသတင်းများထွက်ပေါ်နေသည်။ ဟော်မုဇ်ရေလက်ကြားတွင်ပြုလုပ်မည့် စစ်ဆင်ရေးသည် အမေရိကန် တပ်ဖွဲ့များအတွက် အင်အားဖြန့်ကြက်မှု များပြားသွားနိုင်သည့် အန္တရာယ် ရှိသော်လည်း၊ ကမ္ဘာ့စွမ်းအင်စီးဆင်းမှုကို ဓားစာခံလုပ်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ဟု အမေရိကန်အစိုးရက သတိပေးထားသည်။

Zawgyi Version;
အီရန္၏ ပိတ္ဆို႔မႈကို ခ်ိဳးဖ်က္ရန္ အေမရိကန္ဦးေဆာင္ေသာ ေဟာ္မုဇ္ေရလက္ၾကား စစ္ဆင္ေရးႀကီး စတင္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၂၁
ကမာၻ႔ေရနံလမ္းေၾကာင္း၏ အသက္ေသြးေၾကာျဖစ္ေသာ ေဟာ္မုဇ္ေရလက္ၾကားကို အီရန္က ပိတ္ဆို႔ထားမႈကို အင္အားသုံးခ်ိဳး ဖ်က္ရန္အတြက္ အေမရိကန္ဦး ေဆာင္ေသာ အႀကီးစားစစ္ဆင္ေရး တစ္ရပ္ မၾကာမီစတင္ေတာ့မည္ျဖစ္ ေၾကာင္း အစၥေရးေထာက္လွမ္းေရးက ေဖာ္ထုတ္ လိုက္သည္။
အစၥေရး၏ ထိပ္တန္းသတင္းဌာနတစ္ခုျဖစ္သည့္ Kan News က အေမရိကန္စစ္တပ္သည္ ကုန္းေရႏွစ္သြယ္ သြား တိုက္ခိုက္ေရးစစ္သေဘၤာႀကီး USS Tripoli အပါအဝင္ စစ္ေရးအင္အားမ်ားကို ပင္လယ္ေကြ႕ေဒသသို႔ အလုံး အရင္းျဖင့္ ခ်ထားေနၿပီ ျဖစ္ေၾကာင္းေဖာ္ျပထားသည္။ အဆိုပါ စစ္ဆင္ေရးသည္ ခန႔္မွန္းေျခ သီတင္းႏွစ္ ပတ္ခန႔္ ၾကာျမင့္မည္ဟု ေမွ်ာ္မွန္းထားေသာ္လည္း၊ အီရန္ဘက္က ကုန္သြယ္ေရး သေဘၤာမ်ားကို ဆက္လက္ပစ္မွတ္ထား ေနပါက စစ္ေရးပဋိပကၡမွာ လေပါင္းမ်ားစြာအထိ ရွည္ၾကာ သြားႏိုင္ေျခရွိေနေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။
အဆိုပါ အေမရိကန္ဦးေဆာင္ေသာ စစ္ဆင္ေရးတြင္ အစၥေရးအေနျဖင့္ ေရတပ္ႏွင့္ ေလတပ္ ပံ့ပိုးမႈမ်ားအျပင္ အေရးအပါဆုံးျဖစ္သည့္ အဆုံးအ ျဖတ္ေပးႏိုင္ေသာ စစ္ေရးေထာက္လွမ္းေရးသတင္းအခ်က္အလက္ (Critical Intelligence) မ်ားကိုပါ အဓိက ပံ့ပိုးကူညီသြားရန္အသင့္ျပင္ထားေၾကာင္း သိရသည္။ အီရန္သည္ (၂၀၂၆) ခုႏွစ္ မတ္လ (၄) ရက္တြင္ ေဟာ္မုဇ္ေရလက္ၾကားကို စတင္ပိတ္ဆို႔ခဲ့သလို သေဘၤာမ်ားကိုတိုက္ခိုက္ခဲ့ရာ ေဟာမုဇ္ေရ လက္ၾကား တြင္ ကုန္သြယ္ေရးသေဘၤာ (၂၁) စင္း တိုက္ခိုက္ခံခဲ့ရၿပီး၊ ကမာၻ႔ေရနံတင္ပို႔မႈ၏ (၂၀) ရာခိုင္ႏႈန္းခန႔္ လုံးဝရပ္တန႔္ သြားခဲ့သည္။
ေဟာ္မုဇ္ေရလက္ၾကားပိတ္ဆို႔မႈေၾကာင့္ ကမာၻ႔ေရနံေဈးကြက္တြင္ ဘရန႔္ေရနံစိမ္း (Brent crude) ေဈးႏႈန္းသည္ (၃၅)ရာခိုင္ႏႈန္းအထိ ထိုးတက္သြားခဲ့ၿပီး တစ္စည္လွ်င္ အေမရိကန္ေဒၚလာ (၁၂၀) ဝန္းက်င္သို႔ ေရာက္ရွိသြားကာ ကမာၻတစ္ဝန္း စီးပြားေရးထိခိုက္နစ္နာမႈမ်ားကို ျပင္းျပင္းထန္ထန္ ခံစားေနရသည္။ အေမရိကန္တပ္ဖြဲ႕မ်ားသည္ အီရန္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ရွိ သေဘၤာဖ်က္ဒုံးက်ည္ စခန္းမ်ားကို ေလေၾကာင္းမွျပင္းျပင္းထန္ထန္ တိုက္ခိုက္ဖ်က္ ဆီးထားေသာ္လည္း ကုန္သြယ္ေရး ေရေၾကာင္းလမ္းမ်ားမွာ ပိတ္ဆို႔ေနဆဲျဖစ္ေၾကာင္း သိရသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေနတိုး (NATO) ႏွင့္ အာရွမဟာမိတ္ႏိုင္ငံမ်ားအား စစ္သေဘၤာမ်ားေစလႊတ္ကူညီရန္ ေတာင္းဆိုထား ေသာ္လည္း ဥေရာပႏိုင္ငံအမ်ားစုႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ၎တို႔၏ ကိုယ္ပိုင္ကုန္သြယ္ေရးလမ္းေၾကာင္း မ်ားလုံၿခဳံေစ ရန္အတြက္ အီရန္ႏွင့္ သီးသန႔္ လွ်ိဳ႕ဝွက္ သေဘာတူညီခ်က္မ်ားျပဳလုပ္ကာ ေရွာင္ထြက္ေနၾကေသာေၾကာင့္၊ အေမရိကန္ တစ္ႏိုင္ငံ တည္းကသာ ဤႀကီးမားေသာ စစ္ေရးဝန္ထုပ္ဝန္ပိုးကို အဓိကထမ္းပိုးထားရမည့္အေျခအေနသို႔ ဆိုက္ေရာက္ ေန ေၾကာင္းသတင္းမ်ားထြက္ေပၚေနသည္။ ေဟာ္မုဇ္ေရလက္ၾကားတြင္ျပဳလုပ္မည့္ စစ္ဆင္ေရးသည္ အေမရိကန္ တပ္ဖြဲ႕မ်ားအတြက္ အင္အားျဖန႔္ၾကက္မႈ မ်ားျပားသြားႏိုင္သည့္ အႏၲရာယ္ ရွိေသာ္လည္း၊ ကမာၻ႔စြမ္းအင္စီးဆင္းမႈကို ဓားစာခံလုပ္ျခင္းကို လုံးဝခြင့္ျပဳမည္မဟုတ္ဟု အေမရိကန္အစိုးရက သတိေပးထားသည္။