အီရန်ရေနံများကို ယာယီဝယ်ယူခွင့်အတွက် အမေရိကန်အစိုးရ ပြန်ဖြေလျော့ပေး

171

ဂျန်ဇက် (NP News) - မတ် ၂၁
ကမ္ဘာ့ရေနံဈေးကွက်အတွင်း စံချိန်တင်မြင့်တက်နေတဲ့ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ဖို့အတွက် အမေရိကန် အစိုးရက ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ အီရန်ရေနံစိမ်း စည်ပိုင်း သန်း (၁၄၀) ခန့်ကို ရောင်းချခွင့်ပြုမယ့် ရက် (၃၀) စာ ယာယီကင်းလွတ်ခွင့်ပြုမယ်လို့ သိရပါတယ်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများက (၅၀) ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး ရေနံစိမ်းတစ်စည်ကို ဒေါ်လာ (၁၀၀) ကျော်အထိ ရောက်ရှိလာခဲ့ပါတယ်။ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို သက်သာစေဖို့နဲ့ ဈေးကွက်အတွင်းသို့ ရေနံများ အမြန်ဆုံး ဖြည့်တင်းပေးဖို့အတွက် အမေရိကန်အစိုးရက အခုလိုမျိုးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ အဆိုပါ ကင်းလွတ်ခွင့်ကို မတ်လ (၂၀) ရက်မှ ဧပြီလ (၁၉) ရက်အထိ ရက် (၃၀) ကြာခွင့်ပြုမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ခွင့်ပြုချက်ထဲမှာ အီရန်ရဲ့ရေနံအသစ်များ ထပ်မံထုတ်လုပ်ခြင်း သို့မဟုတ် ဝယ်ယူခြင်းများကို ခွင့်ပြုမှာမဟုတ်ဘဲလက်ရှိ ပင်လယ်ပြင်မှာ သယ်ဆောင်ဆဲ ရေနံများကိုသာ ရောင်းချခွင့်ပြုခြင်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့အဆိုပါကြေညာချက်ထွက်ပေါ်လာပြီးနောက် အီရန်က၎င်းတို့ထံမှာ ပင်လယ်ပြင်အတွင်း သောင်တင် နေတဲ့ပိုလျှံရေနံစိမ်းများ မရှိတော့ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

Zawgyi Version;
အီရန္ေရနံမ်ားကို ယာယီဝယ္ယူခြင့္အတြက္ အေမရိကန္အစိုးရ ျပန္ေျဖေလ်ာ့ေပး
ဂ်န္ဇက္ (NP News) - မတ္ ၂၁
ကမာၻ႔ေရနံေဈးကြက္အတြင္း စံခ်ိန္တင္ျမင့္တက္ေနတဲ့ကုန္က်စရိတ္ေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ အေမရိကန္ အစိုးရက ပင္လယ္ျပင္မွာ ေသာင္တင္ေနတဲ့ အီရန္ေရနံစိမ္း စည္ပိုင္း သန္း (၁၄၀) ခန႔္ကို ေရာင္းခ်ခြင့္ျပဳမယ့္ ရက္ (၃၀) စာ ယာယီကင္းလြတ္ခြင့္ျပဳမယ္လို႔ သိရပါတယ္။
အီရန္စစ္ပြဲေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္းမ်ားက (၅၀) ရာခိုင္ႏႈန္းေက်ာ္အထိ ျမင့္တက္ခဲ့ၿပီး ေရနံစိမ္းတစ္စည္ကို ေဒၚလာ (၁၀၀) ေက်ာ္အထိ ေရာက္ရွိလာခဲ့ပါတယ္။ ကမာၻ႔ေထာက္ပံ့ေရးကြင္းဆက္မ်ားကို သက္သာေစဖို႔နဲ႔ ေဈးကြက္အတြင္းသို႔ ေရနံမ်ား အျမန္ဆုံး ျဖည့္တင္းေပးဖို႔အတြက္ အေမရိကန္အစိုးရက အခုလိုမ်ိဳးဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။
အေမရိကန္အစိုးရဟာ အဆိုပါ ကင္းလြတ္ခြင့္ကို မတ္လ (၂၀) ရက္မွ ဧၿပီလ (၁၉) ရက္အထိ ရက္ (၃၀) ၾကာခြင့္ျပဳမွာျဖစ္ပါတယ္။ အေမရိကန္ရဲ႕ခြင့္ျပဳခ်က္ထဲမွာ အီရန္ရဲ႕ေရနံအသစ္မ်ား ထပ္မံထုတ္လုပ္ျခင္း သို႔မဟုတ္ ဝယ္ယူျခင္းမ်ားကို ခြင့္ျပဳမွာမဟုတ္ဘဲလက္ရွိ ပင္လယ္ျပင္မွာ သယ္ေဆာင္ဆဲ ေရနံမ်ားကိုသာ ေရာင္းခ်ခြင့္ျပဳျခင္း ျဖစ္ပါတယ္။
အေမရိကန္ရဲ႕အဆိုပါေၾကညာခ်က္ထြက္ေပၚလာၿပီးေနာက္ အီရန္က၎တို႔ထံမွာ ပင္လယ္ျပင္အတြင္း ေသာင္တင္ ေနတဲ့ပိုလွ်ံေရနံစိမ္းမ်ား မရွိေတာ့ေၾကာင္း တုံ႔ျပန္ေျပာဆိုထားပါတယ္။