နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ငကြောက်တွေလို့ ဒေါ်နယ်ထရမ့်ဝေဖန်ပြစ်တင်

195

Pika (NP News) - မတ် ၂၁
အီရန်အပေါ်လုပ်ဆောင်နေတဲ့အမေရိကန်-အစ္စရေးစစ်ပွဲကို ထောက်ခံမှုတွေမရှိတာနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ထောက်ခံမှုတွေမရှိတာနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ရေရှည်မဟာမိတ်နိုင်ငံတွေကို ငကြောက်တွေလို့လည်း ဒေါ်နယ်ထရမ့်က ခေါ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်က “အမေရိကန်သာမရှိရင် နေတိုးအဖွဲ့ဆိုတာ ဒီတိုင်းဘာမှမဟုတ်တဲ့အဖွဲ့တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်အောင်လုပ်ဖို့အတွက် ကြိုးပမ်းမှုတွေမှာ ပါဝင်ဖို့တောင်းဆိုခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ယခုလိုမျိုးပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒါ့ပြင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ အီရန်အပေါ်တိုက်ခိုက်မှုတွေမှာ ပါဝင်လိုတာမျိုးမရှိပေမယ့်လည်း ရေနံဈေးနှုန်း မြင့်မားလာတာကို ညည်းညူနေကြဆဲဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရေနံဈေးနှုန်းမြင့်မားလာတာကို ညည်းညူနေကြပေမယ့် ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်အောင်လုပ်ဆောင်ဖို့ကြ မကူညီပေးချင်ကြပါဘူး။ ရေနံဈေးနှုန်းမြင့်မားလာတာအတွက် လုပ်သင့်လုပ်ထိုက် တဲ့စစ်ရေးလှုပ်ရှားမှုတစ်ခုကိုကြ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက မလုပ်ချင်ကြပါဘူး။ ဒီလိုငကြောက်တွေကို ကျွန်တော်တို့ မှတ်မိနေမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက ငေၾကာက္ေတြလို႔ ေဒၚနယ္ထရမ့္ေဝဖန္ျပစ္တင္
Pika (NP News) - မတ္ ၂၁
အီရန္အေပၚလုပ္ေဆာင္ေနတဲ့အေမရိကန္-အစၥေရးစစ္ပြဲကို ေထာက္ခံမႈေတြမရွိတာနဲ႔ပတ္သက္ၿပီး ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံေတြကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ျပင္းျပင္းထန္ထန္ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ေထာက္ခံမႈေတြမရွိတာနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕ေရရွည္မဟာမိတ္ႏိုင္ငံေတြကို ငေၾကာက္ေတြလို႔လည္း ေဒၚနယ္ထရမ့္က ေခၚဆိုခဲ့တယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္က “အေမရိကန္သာမရွိရင္ ေနတိုးအဖြဲ႕ဆိုတာ ဒီတိုင္းဘာမွမဟုတ္တဲ့အဖြဲ႕တစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ပြင့္ေအာင္လုပ္ဖို႔အတြက္ ႀကိဳးပမ္းမႈေတြမွာ ပါဝင္ဖို႔ေတာင္းဆိုခဲ့တဲ့ ေဒၚနယ္ထရမ့္ရဲ႕ ေတာင္းဆိုခ်က္ေတြကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ ယခုလိုမ်ိဳးျပစ္တင္ေဝဖန္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ အီရန္အေပၚတိုက္ခိုက္မႈေတြမွာ ပါဝင္လိုတာမ်ိဳးမရွိေပမယ့္လည္း ေရနံေဈးႏႈန္း ျမင့္မားလာတာကို ညည္းညဴေနၾကဆဲျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက ေရနံေဈးႏႈန္းျမင့္မားလာတာကို ညည္းညဴေနၾကေပမယ့္ ေဟာ္မုဇ္ေရလက္ၾကားကို ျပန္ပြင့္ေအာင္လုပ္ေဆာင္ဖို႔ၾက မကူညီေပးခ်င္ၾကပါဘူး။ ေရနံေဈးႏႈန္းျမင့္မားလာတာအတြက္ လုပ္သင့္လုပ္ထိုက္ တဲ့စစ္ေရးလႈပ္ရွားမႈတစ္ခုကိုၾက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက မလုပ္ခ်င္ၾကပါဘူး။ ဒီလိုငေၾကာက္ေတြကို ကြၽန္ေတာ္တို႔ မွတ္မိေနမွာပါ” လို႔ ေျပာခဲ့ပါတယ္။