နံပါတ်ပွားလိုင်စင်မဲ့ကားများကြောင့် စက်သုံးဆီ ဝယ်မရသည့်ပြဿနာများဖြစ်ပေါ်နေ

575

ကိုဖြိုး (NP News) မတ် -၂၁
ရန်ကုန်တွင် လိုင်စင်မဲ့ နံပါတ်ပွားပြုလုပ်ထားသည့်ကားများမှ ဆီဆိုင်များတွင် ကြိုတင်ဝယ်ယူသွားခြင်းများ ရှိနေရာ လိုင်စင်အမှန်ဖြင့် ဆီဝယ်ယူသည့် ကားပိုင်ရှင်များမှာ QR ကုဒ်မှတ်တမ်းအရ ဝယ်ယူထားခြင်းကြောင့် စက်သုံးဆီ ဝယ်ယူ၍မရသည့်ပြဿနာများဖြစ်ပေါ်နေကြောင်း သိရသည်။
“မနေ့က စုံရက်ဆိုတော့ ဆီဆိုင်မှာ သွားတန်းစီတယ်။ ကိုယ့်အလှည့်ရောက်တော့ကားလိုင်စင် ကQRကုဒ်မှတ် တမ်းမှာ ဆီဝယ်ပြီးသွာပြီဆိုပြီးပေါ်နေတော့ ဆိုင်က ဆီမရောင်းပေးတော့ဘူး။ ကျွန်တော့်ကားက လိုင်စင်အစစ်ပါ လို့ပြောတာလဲ မရဘူး။ အဲဒါကြောင့် ဆိုင်က CCTV မှတ်တမ်း နဲ့ နံပါတ်ပွားလိုင်စင်မဲ့ကားကို ကျွန်တော် ရှာထားပါတယ်” ဟု သံလျှင်မြို့နေ အိမ်စီးကားပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် လိုင်စင်နံပါတ်ပွားဖြင့် တရားမဝင် လိုင်စင်မဲ့ယာဥ်များ အများအပြားရှိနေရာ လက်ရှိ စုံ/မ စနစ် ဆီ ခွဲတမ်းဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။
“နံပါတ်ပွားခံရတဲ့ ကားပိုင်ရှင်တွေအနေနဲ့ နီးစပ်ရာ ရဲစခန်းနဲ့ ကညနရုံတွေမှာ သွားရောက်တိုင်ကြားသင့်ပါတယ်” ဟု ယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။
နောက်ဆုံးထွက်ပေါ်လာသည့်သတင်းများအရ အပါတ်စဥ် စနေနေ့တွင် ရန်ကုန်နှင့်မန္တလေးရှိ ကညန ရုံးများ တွင် လိုင်စင်နံပါတ်ပွားခံရသည့် ကားများအားလာရောက်တိုင်ကြားနိုင်ရန်စီစဥ်ထားကြောင်း သိရသည်။
ပုံစာ - လိုင်စင်နံပါတ်ပွားထားသည့် ကားစက်သုံးဆီဆိုင်တွင် ဝင်ရောက်ခဲ့သည့် CCTV မှတ်တမ်း

Zawgyi Version;
နံပါတ္ပြားလိုင္စင္မဲ့ကားမ်ားေၾကာင့္ စက္သုံးဆီ ဝယ္မရသည့္ျပႆနာမ်ားျဖစ္ေပၚေန
ကိုၿဖိဳး (NP News) မတ္ -၂၁
ရန္ကုန္တြင္ လိုင္စင္မဲ့ နံပါတ္ပြားျပဳလုပ္ထားသည့္ကားမ်ားမွ ဆီဆိုင္မ်ားတြင္ ႀကိဳတင္ဝယ္ယူသြားျခင္းမ်ား ရွိေနရာ လိုင္စင္အမွန္ျဖင့္ ဆီဝယ္ယူသည့္ ကားပိုင္ရွင္မ်ားမွာ QR ကုဒ္မွတ္တမ္းအရ ဝယ္ယူထားျခင္းေၾကာင့္ စက္သုံးဆီ ဝယ္ယူ၍မရသည့္ျပႆနာမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။
“မေန႔က စုံရက္ဆိုေတာ့ ဆီဆိုင္မွာ သြားတန္းစီတယ္။ ကိုယ့္အလွည့္ေရာက္ေတာ့ကားလိုင္စင္ ကQRကုဒ္မွတ္ တမ္းမွာ ဆီဝယ္ၿပီးသြာၿပီဆိုၿပီးေပၚေနေတာ့ ဆိုင္က ဆီမေရာင္းေပးေတာ့ဘူး။ ကြၽန္ေတာ့္ကားက လိုင္စင္အစစ္ပါ လို႔ေျပာတာလဲ မရဘူး။ အဲဒါေၾကာင့္ ဆိုင္က CCTV မွတ္တမ္း နဲ႔ နံပါတ္ပြားလိုင္စင္မဲ့ကားကို ကြၽန္ေတာ္ ရွာထားပါတယ္” ဟု သံလွ်င္ၿမိဳ႕ေန အိမ္စီးကားပိုင္ရွင္တစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ လိုင္စင္နံပါတ္ပြားျဖင့္ တရားမဝင္ လိုင္စင္မဲ့ယာဥ္မ်ား အမ်ားအျပားရွိေနရာ လက္ရွိ စုံ/မ စနစ္ ဆီ ခြဲတမ္းျဖင့္ စက္သုံးဆီဝယ္ယူရာတြင္ ေပၚေပါက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
“နံပါတ္ပြားခံရတဲ့ ကားပိုင္ရွင္ေတြအေနနဲ႔ နီးစပ္ရာ ရဲစခန္းနဲ႔ ကညန႐ုံေတြမွာ သြားေရာက္တိုင္ၾကားသင့္ပါတယ္” ဟု ယာဥ္ထိန္းရဲတစ္ဦးက ေျပာသည္။
ေနာက္ဆုံးထြက္ေပၚလာသည့္သတင္းမ်ားအရ အပါတ္စဥ္ စေနေန႔တြင္ ရန္ကုန္ႏွင့္မႏၲေလးရွိ ကညန ႐ုံးမ်ား တြင္ လိုင္စင္နံပါတ္ပြားခံရသည့္ ကားမ်ားအားလာေရာက္တိုင္ၾကားႏိုင္ရန္စီစဥ္ထားေၾကာင္း သိရသည္။
ပုံစာ - လိုင္စင္နံပါတ္ပြားထားသည့္ ကားစက္သုံးဆီဆိုင္တြင္ ဝင္ေရာက္ခဲ့သည့္ CCTV မွတ္တမ္း