ရင်းနှီးမြှုပ်နှံမှုများအတွက် အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့်ပါ လက်ခံမည်

187

သန့်မင်းအိမ် (NP News) - မတ် ၂၁
မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှုများအတွက် အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့်ပါ လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးထုတ်ပြန်ထား သည်။
ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အမေရိကန်ဒေါ်လာ (USD) အပြင် တရုတ်ယွမ် (CNY) ငွေကြေးဖြင့် လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာဖြင့် ယူဆောင်လာပါက အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း၊ တရုတ်ယွမ်ငွေဖြင့် ယူဆောင်လာပါက တရုတ်ငွေကြေး ယွမ်ဖြင့်လည်း ကောင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် ရင်းနှီး မြှုပ်နှံမှုအတွက် လွှဲပြောင်းပေးချေမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်သိရသည်။
(၂၀၂၆ ခုနှစ်) ဖေဖော်ဝါရီလကုန်အထိ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် နိုင်ငံနှင့် ဒေသပေါင်း (၅၂) ခုမှ လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာ အများဆုံး ရင်းနှီးမြှုပ်နှံထားကြကာ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် လျှပ်စစ်စွမ်းအားကဏ္ဍတွင် (၂၈ ဒသမ ၂၇) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် (၂၄ ဒသမ ၆၂) ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် (၁၄ ဒသမ ၆၇) ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Zawgyi Version;
ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ အေမရိကန္ေဒၚလာအျပင္ တ႐ုတ္ယြမ္ေငြျဖင့္ပါ လက္ခံမည္
သန႔္မင္းအိမ္ (NP News) - မတ္ ၂၁
ျမန္မာႏိုင္ငံအတြင္း လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ အေမရိကန္ေဒၚလာအျပင္ တ႐ုတ္ယြမ္ေငြျဖင့္ပါ လက္ခံမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ၿပီးခဲ့သည့္ရက္ပိုင္းက အသိေပးထုတ္ျပန္ထား သည္။
ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ လုပ္ငန္းစဥ္မ်ား ပိုမိုလြယ္ကူေခ်ာေမြ႕ေစရန္ႏွင့္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ ရန္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို အေမရိကန္ေဒၚလာ (USD) အျပင္ တ႐ုတ္ယြမ္ (CNY) ေငြေၾကးျဖင့္ လည္း လက္ခံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။
ရင္းႏွီးျမႇဳပ္ႏွံသူသည္ ရင္းႏွီးျမႇဳပ္ႏွံမည့္ ႏိုင္ငံျခားမတည္ေငြရင္းကို အေမရိကန္ေဒၚလာျဖင့္ ယူေဆာင္လာပါက အေမရိကန္ေဒၚလာျဖင့္လည္းေကာင္း၊ တ႐ုတ္ယြမ္ေငြျဖင့္ ယူေဆာင္လာပါက တ႐ုတ္ေငြေၾကး ယြမ္ျဖင့္လည္း ေကာင္း ႏိုင္ငံျခားသုံးေငြမ်ား ေရာင္းဝယ္ေဖာက္ကားသည့္လုပ္ငန္း (AD) လိုင္စင္ရဘဏ္မ်ားမွတစ္ဆင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈအတြက္ လႊဲေျပာင္းေပးေခ်မႈမ်ားကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္သိရသည္။
(၂၀၂၆ ခုႏွစ္) ေဖေဖာ္ဝါရီလကုန္အထိ စာရင္းဇယားမ်ားအရ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံႏွင့္ ေဒသေပါင္း (၅၂) ခုမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားၿပီး စင္ကာပူ၊ တ႐ုတ္ႏွင့္ ထိုင္းႏိုင္ငံတို႔မွာ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားၾကကာ စီးပြားေရးက႑ (၁၂) ခုအနက္ လွ်ပ္စစ္စြမ္းအားက႑တြင္ (၂၈ ဒသမ ၂၇) ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံးျဖစ္ၿပီး၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑တြင္ (၂၄ ဒသမ ၆၂) ရာခိုင္ႏႈန္း၊ စက္မႈက႑တြင္ (၁၄ ဒသမ ၆၇) ရာခိုင္ႏႈန္း အသီးသီး ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။