(၅) နှစ်အတွင်း ကရင်မှလက်နက်ကိုင်အဖွဲ့များက ဗမာ PDF (၄၀)နီးပါးကို သတ်ဖြတ်ခဲ့ဟုဆို

4348

သန့်ဇင် (NP News) - ဇန်နဝါရီ ၇
(၂၀၂၁)ခုနှစ်ကစတင်ကာ လက်ရှိအချိန်အထိ (၅)နှစ်အတွင်း ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့များက ဗမာ PDF (၄၀)နီးပါးကိုသတ်ဖြတ်ခဲ့ကြောင်း သိရှိသူတစ်ဦးက NP News သို့ပြောသည်။
သတ်ဖြတ်ခံရသူအများစုသည် ဗမာလူမျိုး PDF ခေါင်းဆောင်ပိုင်းများဖြစ်ကြပြီး ကရင်ပြည်နယ် မြဝတီဒေသနှင့် ဝေါလေမြို့အနီးတွင် အများဆုံးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ သတ် ဖြတ်ခြင်းကို KNU နှင့် KTLA တို့က “ဒလန်”ဆိုသောစွပ်စွဲချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“နံပါတ်တစ်က Tiger စစ်ကြောင်း KTLA က စုစုပေါင်း PDF (၁၂)ဦးကိုသတ်ထားတယ်။ အချက် အလက်တွေကတော့ ပြည်ပသတင်း ဌာနကရသွားပြီ။ Tiger စစ်ကြောင်းမှူး စောလှဖိုးနဲ့ သူ့တပည့် အောင်အောင်ဆိုတဲ့လူက PDF (၁၂)ယောက်ကို လည်ပင်းကိုဓားနဲ့လှီးပြီးသတ်တဲ့ကိစ္စ။ နောက်တစ်ခုက ရဲဘော်တိုက်မောင်းဆိုတဲ့တစ်ယောက်၊ သူ့ကိုလည်း KNU ကသတ်လိုက်တယ်။ PDF တွေကိုရှေ့မှာတော့ ဘာလုပ်တယ် ညာလုပ်တယ်။ မြဝတီဘက်မှာဖြစ်တာ။ KTLA ဝေါလေဘက် မှာရှိတာ။ KTLA က စော နယ်ဒါးမြရဲ့အဖွဲ့။ သူတို့က ဗိုလ်စလုံးကစလို့ Tiger စစ်ကြောင်းတို့က ဗမာ တွေဆိုရင်အသေမုန်းတာ။ ဗမာတွေဆိုရင်မုန်းပြီး ဗမာထဲကခေါင်းဆောင်တွေဆိုရင် သတ်ပစ်လိုက်တာ ရှိတယ်”ဟု သိရှိသူ တစ်ဦး ကပြောသည်။
PDF အဖွဲ့ဝင်များသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ NP News က သီးခြားအတည်မပြုနိုင်သေး သော်လည်း ရရှိထားသည့်အချက်အလက်များအရ KTLA အဖွဲ့က (၈)ဦး၊ KTLA လက်အောက်ခံ Tiger စစ်ကြောင်းဟုခေါ်သောအဖွဲ့မှ (၁၂) ဦး၊ KTLA ၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်သူ စလုံး ဦးဆောင် သောအဖွဲ့က (၆) ဦးနှင့် KNLA မှ အယ်စေးဝါးဦးဆောင်သောအဖွဲ့က (၁၂) ဦးတို့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။
“စုစုပေါင်းဆိုရင် ကျွန်တော်သိတဲ့ သတင်းအတိအကျဆိုရင် KTLA မှာ နယ်ဒါးမြတို့ သတ်တာက (၈) ယောက်ရှိတယ်။ ဒလန်ဆိုတဲ့စွပ်စွဲချက်နဲ့။ နောက်ပြီး စောလှဖိုးတို့ တိုက်ဂါးစစ်ကြောင်းက (၁၂) ယောက် သတ်တယ်။ အဲဒီမှာ(၂၀)။ စလုံးက (၂၀၂၁) ခုနှစ်၊ New Year ညမှာ PDF (၆)ယောက်ကိုသတ် လိုက်တယ်။ PDF (၆)ယောက်ထဲမှာ ကျွန်တော်ထင်ထင်ရှားရှားသိတာ ကုလားဆိုတဲ့ ရန်ကုန်ကတစ် ယောက်ပါတယ်။ ကုလားကြီးလို့ခေါ်တာ။ သူအပါအဝင် (၆)ယောက်ရှိတယ်။ စလုံးကိုယ်တိုင်က“ဒလန်” ဆိုပြီး စွပ်စွဲပြီးတော့သတ်လိုက်တာ”ဟု ၎င်းကပြောသည်။
သတ်ဖြတ်ခံရသည့် PDF ခေါင်းဆောင်များအတွင်း ရဲဘော်ဒီပါဆိုသော PDF ခေါင်းဆောင်၊ DCS ဆရာဝန်တစ်ဦးအပြင် PDF ခေါင်းဆောင်အများစုပါဝင်ကြောင်းသိရသည်။
“အဲဒီကနေမှ အယ်စေးဝါးတို့သတ်လိုက်တဲ့ PDF ကလည်း ရဲဘော်ဒီပါလို့ခေါ်တဲ့တစ်ယောက် ရှိတယ်။ နောက်ပြီး CDM ဆရာဝန် ကောင်းထက် ဆိုတာရှိတယ်။ နောက်ပြီး ရဲဘော်ကိုမျိုးဆိုတာရှိ တယ်။ ပြီးရင် ရဲဘော်ကတော့ အညာသားဆိုတဲ့ ရဲဘော်တစ်ယောက်ရှိမယ်။ ပြီးရင် နောက်ထပ်က (၈) ယောက် လောက်ကျန်ဦးမယ်။ အဲဒါတွေက PDF ခေါင်းဆောင်တွေချည်းပဲ။ အကြောင်းကတော့ “ဒလန်” ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘာအကြောင်းမှမရှိဘူး။ သူတို့က အာဏာကျတော့ ဒီကောင်တွေက အွန်လိုင်းမှာပဲ အာဏာရှိတယ်။ မြေပြင်မှာ တကယ်အာဏာရှိတာက အရာရှိလူငယ်တွေက အာဏာ ပိုရှိ တယ်”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
သတ်ဖြတ်မှုကို KTLA ၏ အထူးကွန်မန်ဒို တပ်ရင်းမှူးဖြစ်သူစလုံးက ကျောက်မိုင်းစခန်းနှင့် KNLA မှ အယ်စေးဝါးက မြဝတီမြို့နယ်ရှိ ဝေါလေမြိုင်မြို့တွင် အများစုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ် ခံရသူများအတွင်း အရပ်သားများလည်း များစွာပါဝင်ကြောင်းသိရသည်။
“ဖလူးလေးစခန်းမှာ လူ(၆)ယောက် စလုံး သတ်လိုက်တာ။ ကျောက်မိုင်းစခန်းမှာအသတ်ခံရ တာက (၈)ယောက်ရှိတယ်။ (၂၀၂၁) New Year ညမှာ (၆)ယောက်။ (၈)ယောက် က (၂၀၂၂)ခုနှစ် (၈) လပိုင်းမှာ။ ကျောက်မိုင်းစခန်းမှာ။ စလုံးတစ်ယောက်တည်း လူသတ်မှု(၃)မှုရှိတယ်။ အယ်စေးဝါး က (၂) ခုရှိတယ်။ ဝေါလေမြိုင်မှာ အရပ်သားပြည်သူ (၂၅)ယောက်ကိုသတ်တဲ့ကိစ္စ။ (၂၀၂၁)မှာကျူးလွန်တာ။ လမ်းလုပ်သား။ အဲဒီကိစ္စက အယ်ဆေးဝါးကိုယ် တိုင်ကျူးလွန်တာ (၁၂)ယောက်။ (၂၀၂၃)မှာ (၄) ယောက်၊ (၂၀၂၄)မှာ (၆)ယောက်နဲ့ (၂၀၂၅)မှာ (၂) ယောက်။ ဒီကောင်က လမ်းလုပ်သား (၂၅)ယောက် အပါအဝင် အပြစ်မရှိတဲ့လူ (၅၀)လောက်တောင် ရှိတယ်။ အယ်စေးဝါးက လက်ရှိ KNU မှာ”ဟု အထက် ပါ သတင်းရင်းမြစ်က ပြောသည်။
အလားတူ (၂၀၂၁) ခုနှစ်က တပ်မတော်မှ DCS လုပ်သွားသော ဗိုလ်မှူးအဆင့်ရှိသူ ဟိန်းသော် ဦး သည်လည်း အယ်ဆေးဝါး၏သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “စစ်တပ်က ပထမ ဆုံး DCS လုပ်တဲ့ ဗိုလ်မှူးတစ်ယောက်ကိုလည်း သူတို့ကိုအာခံလို့ဆိုပြီး လေးကေ့ကော်မှာသတ်ပစ်လိုက် တာ။ ဗိုလ်မှူးတစ်ယောက် Zero ပြောက်ကျားအဖွဲ့က မျက်လုံးစောင်းစောင်းနဲ့လေ။ လူသတ်မှုက ဒီ(၅) နှစ်အတွင်း တော်တော်ကိုဆိုးတယ်”ဟု ၎င်းက ပြောသည်။

Zawgyi Version:
(၅) ႏွစ္အတြင္း ကရင္မွလက္နက္ကိုင္အဖြဲ႕မ်ားက ဗမာ PDF (၄၀)နီးပါးကို သတ္ျဖတ္ခဲ့ဟုဆို
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၇
(၂၀၂၁)ခုႏွစ္ကစတင္ကာ လက္ရွိအခ်ိန္အထိ (၅)ႏွစ္အတြင္း ကရင္ျပည္နယ္ရွိ လက္နက္ကိုင္ အဖြဲ႕မ်ားက ဗမာ PDF (၄၀)နီးပါးကိုသတ္ျဖတ္ခဲ့ေၾကာင္း သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
သတ္ျဖတ္ခံရသူအမ်ားစုသည္ ဗမာလူမ်ိဳး PDF ေခါင္းေဆာင္ပိုင္းမ်ားျဖစ္ၾကၿပီး ကရင္ျပည္နယ္ ျမဝတီေဒသႏွင့္ ေဝါေလၿမိဳ႕အနီးတြင္ အမ်ားဆုံးသတ္ျဖတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။ ထိုသို႔ သတ္ ျဖတ္ျခင္းကို KNU ႏွင့္ KTLA တို႔က “ဒလန္”ဆိုေသာစြပ္စြဲခ်က္ျဖင့္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။
“နံပါတ္တစ္က Tiger စစ္ေၾကာင္း KTLA က စုစုေပါင္း PDF (၁၂)ဦးကိုသတ္ထားတယ္။ အခ်က္ အလက္ေတြကေတာ့ ျပည္ပသတင္း ဌာနကရသြားၿပီ။ Tiger စစ္ေၾကာင္းမႉး ေစာလွဖိုးနဲ႔ သူ႔တပည့္ ေအာင္ေအာင္ဆိုတဲ့လူက PDF (၁၂)ေယာက္ကို လည္ပင္းကိုဓားနဲ႔လွီးၿပီးသတ္တဲ့ကိစၥ။ ေနာက္တစ္ခုက ရဲေဘာ္တိုက္ေမာင္းဆိုတဲ့တစ္ေယာက္၊ သူ႔ကိုလည္း KNU ကသတ္လိုက္တယ္။ PDF ေတြကိုေရွ႕မွာေတာ့ ဘာလုပ္တယ္ ညာလုပ္တယ္။ ျမဝတီဘက္မွာျဖစ္တာ။ KTLA ေဝါေလဘက္ မွာရွိတာ။ KTLA က ေစာ နယ္ဒါးျမရဲ႕အဖြဲ႕။ သူတို႔က ဗိုလ္စလုံးကစလို႔ Tiger စစ္ေၾကာင္းတို႔က ဗမာ ေတြဆိုရင္အေသမုန္းတာ။ ဗမာေတြဆိုရင္မုန္းၿပီး ဗမာထဲကေခါင္းေဆာင္ေတြဆိုရင္ သတ္ပစ္လိုက္တာ ရွိတယ္”ဟု သိရွိသူ တစ္ဦး ကေျပာသည္။
PDF အဖြဲ႕ဝင္မ်ားသတ္ျဖတ္ခံရမႈႏွင့္ ပတ္သက္၍ NP News က သီးျခားအတည္မျပဳႏိုင္ေသး ေသာ္လည္း ရရွိထားသည့္အခ်က္အလက္မ်ားအရ KTLA အဖြဲ႕က (၈)ဦး၊ KTLA လက္ေအာက္ခံ Tiger စစ္ေၾကာင္းဟုေခၚေသာအဖြဲ႕မွ (၁၂) ဦး၊ KTLA ၏ အထူးကြန္မန္ဒိုတပ္ရင္းမႉးျဖစ္သူ စလုံး ဦးေဆာင္ ေသာအဖြဲ႕က (၆) ဦးႏွင့္ KNLA မွ အယ္ေစးဝါးဦးေဆာင္ေသာအဖြဲ႕က (၁၂) ဦးတို႔ကို သတ္ျဖတ္ခဲ့ျခင္း ျဖစ္ ေၾကာင္းသိရသည္။
“စုစုေပါင္းဆိုရင္ ကြၽန္ေတာ္သိတဲ့ သတင္းအတိအက်ဆိုရင္ KTLA မွာ နယ္ဒါးျမတို႔ သတ္တာက (၈) ေယာက္ရွိတယ္။ ဒလန္ဆိုတဲ့စြပ္စြဲခ်က္နဲ႔။ ေနာက္ၿပီး ေစာလွဖိုးတို႔ တိုက္ဂါးစစ္ေၾကာင္းက (၁၂) ေယာက္ သတ္တယ္။ အဲဒီမွာ(၂၀)။ စလုံးက (၂၀၂၁) ခုႏွစ္၊ New Year ညမွာ PDF (၆)ေယာက္ကိုသတ္ လိုက္တယ္။ PDF (၆)ေယာက္ထဲမွာ ကြၽန္ေတာ္ထင္ထင္ရွားရွားသိတာ ကုလားဆိုတဲ့ ရန္ကုန္ကတစ္ ေယာက္ပါတယ္။ ကုလားႀကီးလို႔ေခၚတာ။ သူအပါအဝင္ (၆)ေယာက္ရွိတယ္။ စလုံးကိုယ္တိုင္က“ဒလန္” ဆိုၿပီး စြပ္စြဲၿပီးေတာ့သတ္လိုက္တာ”ဟု ၎ကေျပာသည္။
သတ္ျဖတ္ခံရသည့္ PDF ေခါင္းေဆာင္မ်ားအတြင္း ရဲေဘာ္ဒီပါဆိုေသာ PDF ေခါင္းေဆာင္၊ DCS ဆရာဝန္တစ္ဦးအျပင္ PDF ေခါင္းေဆာင္အမ်ားစုပါဝင္ေၾကာင္းသိရသည္။
“အဲဒီကေနမွ အယ္ေစးဝါးတို႔သတ္လိုက္တဲ့ PDF ကလည္း ရဲေဘာ္ဒီပါလို႔ေခၚတဲ့တစ္ေယာက္ ရွိတယ္။ ေနာက္ၿပီး CDM ဆရာဝန္ ေကာင္းထက္ ဆိုတာရွိတယ္။ ေနာက္ၿပီး ရဲေဘာ္ကိုမ်ိဳးဆိုတာရွိ တယ္။ ၿပီးရင္ ရဲေဘာ္ကေတာ့ အညာသားဆိုတဲ့ ရဲေဘာ္တစ္ေယာက္ရွိမယ္။ ၿပီးရင္ ေနာက္ထပ္က (၈) ေယာက္ ေလာက္က်န္ဦးမယ္။ အဲဒါေတြက PDF ေခါင္းေဆာင္ေတြခ်ည္းပဲ။ အေၾကာင္းကေတာ့ “ဒလန္” ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဘာအေၾကာင္းမွမရွိဘူး။ သူတို႔က အာဏာက်ေတာ့ ဒီေကာင္ေတြက အြန္လိုင္းမွာပဲ အာဏာရွိတယ္။ ေျမျပင္မွာ တကယ္အာဏာရွိတာက အရာရွိလူငယ္ေတြက အာဏာ ပိုရွိ တယ္”ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
သတ္ျဖတ္မႈကို KTLA ၏ အထူးကြန္မန္ဒို တပ္ရင္းမႉးျဖစ္သူစလုံးက ေက်ာက္မိုင္းစခန္းႏွင့္ KNLA မွ အယ္ေစးဝါးက ျမဝတီၿမိဳ႕နယ္ရွိ ေဝါေလၿမိဳင္ၿမိဳ႕တြင္ အမ်ားစုက်ဴးလြန္ခဲ့ျခင္းျဖစ္ၿပီး သတ္ျဖတ္ ခံရသူမ်ားအတြင္း အရပ္သားမ်ားလည္း မ်ားစြာပါဝင္ေၾကာင္းသိရသည္။
“ဖလူးေလးစခန္းမွာ လူ(၆)ေယာက္ စလုံး သတ္လိုက္တာ။ ေက်ာက္မိုင္းစခန္းမွာအသတ္ခံရ တာက (၈)ေယာက္ရွိတယ္။ (၂၀၂၁) New Year ညမွာ (၆)ေယာက္။ (၈)ေယာက္ က (၂၀၂၂)ခုႏွစ္ (၈) လပိုင္းမွာ။ ေက်ာက္မိုင္းစခန္းမွာ။ စလုံးတစ္ေယာက္တည္း လူသတ္မႈ(၃)မႈရွိတယ္။ အယ္ေစးဝါး က (၂) ခုရွိတယ္။ ေဝါေလၿမိဳင္မွာ အရပ္သားျပည္သူ (၂၅)ေယာက္ကိုသတ္တဲ့ကိစၥ။ (၂၀၂၁)မွာက်ဴးလြန္တာ။ လမ္းလုပ္သား။ အဲဒီကိစၥက အယ္ေဆးဝါးကိုယ္ တိုင္က်ဴးလြန္တာ (၁၂)ေယာက္။ (၂၀၂၃)မွာ (၄) ေယာက္၊ (၂၀၂၄)မွာ (၆)ေယာက္နဲ႔ (၂၀၂၅)မွာ (၂) ေယာက္။ ဒီေကာင္က လမ္းလုပ္သား (၂၅)ေယာက္ အပါအဝင္ အျပစ္မရွိတဲ့လူ (၅၀)ေလာက္ေတာင္ ရွိတယ္။ အယ္ေစးဝါးက လက္ရွိ KNU မွာ”ဟု အထက္ ပါ သတင္းရင္းျမစ္က ေျပာသည္။
အလားတူ (၂၀၂၁) ခုႏွစ္က တပ္မေတာ္မွ DCS လုပ္သြားေသာ ဗိုလ္မႉးအဆင့္ရွိသူ ဟိန္းေသာ္ ဦး သည္လည္း အယ္ေဆးဝါး၏သတ္ျဖတ္ျခင္းကို ခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ “စစ္တပ္က ပထမ ဆုံး DCS လုပ္တဲ့ ဗိုလ္မႉးတစ္ေယာက္ကိုလည္း သူတို႔ကိုအာခံလို႔ဆိုၿပီး ေလးေက့ေကာ္မွာသတ္ပစ္လိုက္ တာ။ ဗိုလ္မႉးတစ္ေယာက္ Zero ေျပာက္က်ားအဖြဲ႕က မ်က္လုံးေစာင္းေစာင္းနဲ႔ေလ။ လူသတ္မႈက ဒီ(၅) ႏွစ္အတြင္း ေတာ္ေတာ္ကိုဆိုးတယ္”ဟု ၎က ေျပာသည္။