ရေနွေးအိုးတည်ရာမှ လောင်ကျွမ်းသည့်မီးကြောင့် မုဒုံမြို့နယ်မှ နေအိမ် (၅၀) ကျော်မီးလောင်ဆုံးရှုံး

690

သန့်ဇင်(NP News)-ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတိုးပေါ်ကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၈ ရက်) နံနက် ၁၁ နာရီ ၅၀ မိနစ်က ရေနွေးအိုးတည်ရာမှ လောင်ကျွမ်း သည့်မီးကြောင့် နေအိမ် (၅၀) ကျော်မီးလောင်ဆုံးရှုံး သွားခဲ့ကြောင်း မုဒုံမြို့နယ်မီသတ်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“အိမ်မှာ လူစောင့်မရှိပဲနဲ့ ရေနွေးအိုးတည်ထားပြီးတော့ စလောင်တာပေါ့။ နေအိမ် (၅၅) အိမ်ပါသွားတယ်။ (၅၅) အိမ်ဆိုပေမယ့် အများအားဖြင့်တော့ ဓနိမိုး၊ ထားရံကာနဲ့ ဓနိမိုး၊ ဓနိကာအိမ်တွေပေါ့”ဟု ၎င်းက NP News ကိုပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် (၅၅) လုံးပျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူ (၂၀၈) ဦးနှင့် အိမ်ထောင်စု (၅၅)စုကို ကတိုးပေါ်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရာချထားပေးထားကြောင်း သိရသည်။
ထို့ကြောင့် မီးလောင်မှုအား မွန်ပြည်နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မုဒုံမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁)စီး၊ မော်လမြိုင်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၅)စီးတိုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“အရင်နှစ်က ကမာဝက်၊ ရှမ်းစုဘက်မှာဖြစ်တာ။ အဲဒီတုန်းကလည်း မီးလောင်တာ တော်တော်များတယ်”ဟု ၎င်းကဆက်ပြောသည်။

Zawgyi Version:
ေရေႏြးအိုးတည္ရာမွ ေလာင္ကြၽမ္းသည့္မီးေၾကာင့္ မုဒုံၿမိဳ႕နယ္မွ ေနအိမ္ (၅၀) ေက်ာ္မီးေလာင္ဆုံးရႈံး
သန႔္ဇင္(NP News)-ဇန္နဝါရီ ၈
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ကတိုးေပၚေက်း႐ြာတြင္ ယေန႔ (ဇန္နဝါရီ ၈ ရက္) နံနက္ ၁၁ နာရီ ၅၀ မိနစ္က ေရေႏြးအိုးတည္ရာမွ ေလာင္ကြၽမ္း သည့္မီးေၾကာင့္ ေနအိမ္ (၅၀) ေက်ာ္မီးေလာင္ဆုံးရႈံး သြားခဲ့ေၾကာင္း မုဒုံၿမိဳ႕နယ္မီသတ္တပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။
“အိမ္မွာ လူေစာင့္မရွိပဲနဲ႔ ေရေႏြးအိုးတည္ထားၿပီးေတာ့ စေလာင္တာေပါ့။ ေနအိမ္ (၅၅) အိမ္ပါသြားတယ္။ (၅၅) အိမ္ဆိုေပမယ့္ အမ်ားအားျဖင့္ေတာ့ ဓနိမိုး၊ ထားရံကာနဲ႔ ဓနိမိုး၊ ဓနိကာအိမ္ေတြေပါ့”ဟု ၎က NP News ကိုေျပာသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ လူေနအိမ္ (၅၅) လုံးပ်က္ဆီးခဲ့ၿပီး မီးေဘးသင့္ျပည္သူ (၂၀၈) ဦးႏွင့္ အိမ္ေထာင္စု (၅၅)စုကို ကတိုးေပၚေက်း႐ြာ ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းတြင္ ယာယီေနရာခ်ထားေပးထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မီးေလာင္မႈအား မြန္ျပည္နယ္မီးသတ္စခန္းမွ အုပ္ခ်ဳပ္မႈယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၁)စီး၊ မုဒုံၿမိဳနယ္မီးသတ္စခန္းမွ မီးျငႇိမ္း သတ္ယာဥ္(၁)စီး၊ ေမာ္လၿမိဳင္ၿမိဳနယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၅)စီးတိုျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ ၁၂ နာရီ ၅၀ မိနစ္အခ်ိန္တြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“အရင္ႏွစ္က ကမာဝက္၊ ရွမ္းစုဘက္မွာျဖစ္တာ။ အဲဒီတုန္းကလည္း မီးေလာင္တာ ေတာ္ေတာ္မ်ားတယ္”ဟု ၎ကဆက္ေျပာသည္။