ကျွန်းလှဒေသဘက်မှထွက်သော ရေနံများကို ကျေးရွာချင်းဆက်လမ်းများမှ PDF တို့ သယ်ထုတ်နေ

 1156

ဓာတ်ပုံ။ ပြည်တွင်းမီဒီယာတစ်ခုမှ ဖော်ပြထားသည့် ကျွန်းလှဒေသရှိ ရေနံချက်ဖိုတစ်ခု
ထိုက်စံ (NP News) - ဇန်နဝါရီလ ၈

ကျွန်းလှဒေသဘက်မှထွက်သော ရေနံများ ကို ကျွန်းလှနှင့်တန့်ဆည်ကြား ကျေးရွာချင်းဆက်လမ်း များကိုအသုံးပြုကာ PDF တို့ သယ်ထုတ်နေကြောင်း ယင်းလမ်းကြောင်းနှင့်ပတ်သက်၍သိရှိသူ သတင်း ရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်၏အနောက်ဘက်ခြမ်းရှိ မော်တုံ ကျေးရွာဘက်၊ မော်ကယ်ကျေးရွာနှင့် ရေယိမ်းကျေး ရွာဘက်တွင် ရေနံတွင်းပေါင်း(၅၀ဝ)ကျော်ရှိကာ PDF များ၏ခွင့်ပြုချက်ဖြင့် ရေနံတူးဖော်နေကြ ကြောင်းသိရသည်။
" တချို့ကျတော့ ကိုယ်ထူကိုယ်ထလေး တွေရှိတယ်။ လက်လုပ်လက်စားလေးတွေပေါ့။ ခပ် တွင်းအနည်းငယ်လေးတွေပေါ့။ တချို့ကျတော့ စက် ကြီးတွေနဲ့ တကယ့် ခပ်တွင်းတွေလုပ်ထားတယ်။ အဲဒီ လိုကတော့ အစားစားရှိတယ်။ အနည်းဆုံး မရှိဘူးဆို ရင် တွင်း (၅၀ဝ)၊ (၆၀ဝ)လောက်ရှိတယ်။ မော်တုံမှာ ထွက်တယ်။ မော်ကယ်မှာထွက်တယ်။ ရေယိမ်းမှာ လည်းထွက်ပါတယ်" ဟု ၎င်းကပြောသည်။
PDF များက အဆိုပါရေနံတွင်းများကို လုပ်ကိုင်ခွင့်ပြုသည့်အတွက် ကျပ်သိန်းပေါင်းများစွာ အကျိုးအမြတ်ရနေသော်လည်း နိုင်ငံတော်အတွက်မူ အကျိုးမရှိကြောင်း ၎င်းကပြောသည်။
" ပေပါသောင်းချီပါတယ်။ အားလုံးဆိုရင် တစ်လရဲ့ထွက်နှုန်းပေါ့။ အကျိုးအမြတ်ကတော့ နိုင်ငံ အတွက်မရှိပါဘူး။ အကျိုးအမြတ် တစ်စက်မှမရှိပါ ဘူး" ဟု ၎င်းက NP News သို့ ပြောသည်။
ထိုရေနံတွင်းများကို PDF အဖွဲ့များက ထိန်းချုပ်ထားပြီး လစဉ် အသေးစားစက် (၅)သိန်း၊ စက်အလတ်စား (၁၀)သိန်းနှင့် စက်အကြီး (၁၅)သိန်း စသည်ဖြင့် ကောက်ခံနေကြောင်းသိရသည်။
" ရေနံသယ်ယူတဲ့လမ်းကြောင်းက ကျွန် တော်တို့ မော်တုံ၊ မော်ကယ်ပေါ့ဗျာ။ အခု ရေနံတွင်း ထွက်တဲ့ ကျွန်းလှ၊ ညောင်ကိုင်းကျေးရွာကိုထုတ်တာ ဗျ။ ညောင်းကိုင်းကနေမှ စည်းသာ၊ စည်းသာကနေမှ ရွာရှည်၊ ရွာရှည်ကနေမှ နဘက်ကြီး၊ နဘက်ကြီးကနေ မှ အုတ်ဖိုအိုင်လမ်း၊ အုတ်ဖိုအိုင်လမ်းကနေမှ ကံထူးမ ဘက်ကိုဖြတ်တာ။ ကျွန်တော်တို့ တန့်ဆည်-ကံထူးမ သွားလမ်း။ တန့်ဆည်-ကံထူးမသွားလမ်းပေါ်ကို တက်ပြီးမှ အဲဒီမှာ ကံထူးမကိုထွက်တာဗျ။ အဲဒီကနေ ရေဦးလမ်းကိုထွက်ပြီး တစ်ခါ ဒီပဲယင်းနဲ့ရေဦးကြားက မူးဘောင်ကိုပြန်ထွက်တယ်ဗျ။ မူးဘောင်ကိုထွက်ပြီး မှ မုံရွာကိုပြန်ဝင်ပါတယ်"ဟု ၎င်းကပြောသည်။
တစ်ဖက်တွင်လည်း အဆိုပါ ရေနံထွက်ရာ နေရာအနီးရှိ သဖန်းဆိပ်လျှပ်စစ်ခွဲရုံသည် PDF အဖွဲ့များ၏ ဖျက်ဆီးခြင်းခံထားရပြီး ဝန်ထမ်းများမရှိ သဖြင့် လည်ပတ်နိုင်ခြင်းမရှိသောကြောင့် ကန့်ဘလူ မြို့နှင့်ကျွန်းလှမြို့ နှစ်မြို့နယ်လုံးတွင် လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်း၏ပြောပြချက်အရသိရသည်။

Zawgyi Version:
ကြၽန္းလွေဒသဘက္မွထြက္ေသာ ေရနံမ်ားကို ေက်း႐ြာခ်င္းဆက္လမ္းမ်ားမွ PDF တို႔ သယ္ထုတ္ေန
ထိုက္စံ (NP News) - ဇန္နဝါရီလ ၈

ကြၽန္းလွေဒသဘက္မွထြက္ေသာ ေရနံမ်ား ကို ကြၽန္းလွႏွင့္တန႔္ဆည္ၾကား ေက်း႐ြာခ်င္းဆက္လမ္း မ်ားကိုအသုံးျပဳကာ PDF တို႔ သယ္ထုတ္ေနေၾကာင္း ယင္းလမ္းေၾကာင္းႏွင့္ပတ္သက္၍သိရွိသူ သတင္း ရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
စစ္ကိုင္းတိုင္းေဒသႀကီး ကြၽန္းလွၿမိဳ႕နယ္ သဖန္းဆိပ္ဆည္၏အေနာက္ဘက္ျခမ္းရွိ ေမာ္တုံ ေက်း႐ြာဘက္၊ ေမာ္ကယ္ေက်း႐ြာႏွင့္ ေရယိမ္းေက်း ႐ြာဘက္တြင္ ေရနံတြင္းေပါင္း(၅၀ဝ)ေက်ာ္ရွိကာ PDF မ်ား၏ခြင့္ျပဳခ်က္ျဖင့္ ေရနံတူးေဖာ္ေနၾက ေၾကာင္းသိရသည္။
" တခ်ိဳ႕က်ေတာ့ ကိုယ္ထူကိုယ္ထေလး ေတြရွိတယ္။ လက္လုပ္လက္စားေလးေတြေပါ့။ ခပ္ တြင္းအနည္းငယ္ေလးေတြေပါ့။ တခ်ိဳ႕က်ေတာ့ စက္ ႀကီးေတြနဲ႔ တကယ့္ ခပ္တြင္းေတြလုပ္ထားတယ္။ အဲဒီ လိုကေတာ့ အစားစားရွိတယ္။ အနည္းဆုံး မရွိဘူးဆို ရင္ တြင္း (၅၀ဝ)၊ (၆၀ဝ)ေလာက္ရွိတယ္။ ေမာ္တုံမွာ ထြက္တယ္။ ေမာ္ကယ္မွာထြက္တယ္။ ေရယိမ္းမွာ လည္းထြက္ပါတယ္" ဟု ၎ကေျပာသည္။
PDF မ်ားက အဆိုပါေရနံတြင္းမ်ားကို လုပ္ကိုင္ခြင့္ျပဳသည့္အတြက္ က်ပ္သိန္းေပါင္းမ်ားစြာ အက်ိဳးအျမတ္ရေနေသာ္လည္း ႏိုင္ငံေတာ္အတြက္မူ အက်ိဳးမရွိေၾကာင္း ၎ကေျပာသည္။
" ေပပါေသာင္းခ်ီပါတယ္။ အားလုံးဆိုရင္ တစ္လရဲ႕ထြက္ႏႈန္းေပါ့။ အက်ိဳးအျမတ္ကေတာ့ ႏိုင္ငံ အတြက္မရွိပါဘူး။ အက်ိဳးအျမတ္ တစ္စက္မွမရွိပါ ဘူး" ဟု ၎က NP News သို႔ ေျပာသည္။
ထိုေရနံတြင္းမ်ားကို PDF အဖြဲ႕မ်ားက ထိန္းခ်ဳပ္ထားၿပီး လစဥ္ အေသးစားစက္ (၅)သိန္း၊ စက္အလတ္စား (၁၀)သိန္းႏွင့္ စက္အႀကီး (၁၅)သိန္း စသည္ျဖင့္ ေကာက္ခံေနေၾကာင္းသိရသည္။
" ေရနံသယ္ယူတဲ့လမ္းေၾကာင္းက ကြၽန္ ေတာ္တို႔ ေမာ္တုံ၊ ေမာ္ကယ္ေပါ့ဗ်ာ။ အခု ေရနံတြင္း ထြက္တဲ့ ကြၽန္းလွ၊ ေညာင္ကိုင္းေက်း႐ြာကိုထုတ္တာ ဗ်။ ေညာင္းကိုင္းကေနမွ စည္းသာ၊ စည္းသာကေနမွ ႐ြာရွည္၊ ႐ြာရွည္ကေနမွ နဘက္ႀကီး၊ နဘက္ႀကီးကေန မွ အုတ္ဖိုအိုင္လမ္း၊ အုတ္ဖိုအိုင္လမ္းကေနမွ ကံထူးမ ဘက္ကိုျဖတ္တာ။ ကြၽန္ေတာ္တို႔ တန႔္ဆည္-ကံထူးမ သြားလမ္း။ တန႔္ဆည္-ကံထူးမသြားလမ္းေပၚကို တက္ၿပီးမွ အဲဒီမွာ ကံထူးမကိုထြက္တာဗ်။ အဲဒီကေန ေရဦးလမ္းကိုထြက္ၿပီး တစ္ခါ ဒီပဲယင္းနဲ႔ေရဦးၾကားက မူးေဘာင္ကိုျပန္ထြက္တယ္ဗ်။ မူးေဘာင္ကိုထြက္ၿပီး မွ မုံ႐ြာကိုျပန္ဝင္ပါတယ္"ဟု ၎ကေျပာသည္။
တစ္ဖက္တြင္လည္း အဆိုပါ ေရနံထြက္ရာ ေနရာအနီးရွိ သဖန္းဆိပ္လွ်ပ္စစ္ခြဲ႐ုံသည္ PDF အဖြဲ႕မ်ား၏ ဖ်က္ဆီးျခင္းခံထားရၿပီး ဝန္ထမ္းမ်ားမရွိ သျဖင့္ လည္ပတ္ႏိုင္ျခင္းမရွိေသာေၾကာင့္ ကန႔္ဘလူ ၿမိဳ႕ႏွင့္ကြၽန္းလွၿမိဳ႕ ႏွစ္ၿမိဳ႕နယ္လုံးတြင္ လွ်ပ္စစ္မီး ျပတ္ေတာက္ေနသည္မွာ ၾကာၿပီျဖစ္ေၾကာင္း ၎၏ေျပာျပခ်က္အရသိရသည္။

Related news

© 2021. All rights reserved.