ဥရောပမှာ အအေးဒဏ်နဲ့ဆက်နွယ်နေတဲ့ ရာသီဥတု မတော်တဆမှုတွေကြောင့် သေဆုံးသူ ၆ ဦးထိ ရှိလာ

255

ရောင်နီ (NP News) - ဇန်နဝါရီ ၈
ဥရောပမှာ ဇန်နဝါရီ ၆ ရက်က စံချိန်တင် အဆိုးရွားဆုံး အေးခဲ အပူချိန်ကြောင့် ဥရောပတစ်ဝှမ်း သေဆုံး သူ ၆ ဦးထိ ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၅ ရက်က ပြင်သစ်နိုင်ငံမှ လူငါးဦးနဲ့ ဘော့စနီးယားနိုင်ငံမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပြီး ဆီးနှင်းထူထပ်စွာရွာသွန်းမှုကြောင့် ဘော်လကန်ဒေသတဝှမ်း ဆီးနှင်းဖုံးလွှမ်းမှုနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာလည်း ဇန်နဝါရီ ၅ ရက်မှ ၆ ရက်အတွင်း အင်္ဂလန်အရှေ့ပိုင်း နော်ဖော့ခ်ဒေသမှာ အပူချိန်မှာ -၁၂.၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ပြီး နယ်သာလန်နိုင်ငံ တဝှမ်းမှာလည်း ဇန်နဝါရီ ၆ ရက်နံနက်က -၁၀ ဒီဂရီစင်တီ ဂရိတ်အောက်ထိ ကျဆင်းလာတဲ့အပူချိန်ကြောင့် ရထားပြေးဆွဲမှုတွေ ရပ်တန့်ခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ရဲ့ အဓိကလေဆိပ်နှစ်ခုဖြစ်တဲ့ Roissy-Charles de Gaulle နဲ့ Orly မှာလည်း လေယာဉ်ပြေးလမ်းတွေမှ ရေခဲတွေ ဖယ်ရှားဖို့နဲ့ လေယာဉ်တွေပေါ် ဖုံးအုပ်နေတဲ့ ဆီးနှင်းတွေကို ဖယ်ရှားနိုင်ဖို့ ဇန်နဝါရီ ၇ ရက်အစောပိုင်းက လေယာဉ်ခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရပါတယ်။
Charles de Gaulle လေဆိပ်မှာ မနက်ပိုင်း လေယာဉ်ခရီးစဉ်တွေရဲ့ ၄၀ ရာခိုင်နှုန်း ဖျက်သိမ်းရပြီး Orly မှာတော့ ခရီးစဉ် ၂၅ ရာခိုင်နှုန်းကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version:
ဥေရာပမွာ အေအးဒဏ္နဲ႔ဆက္ႏြယ္ေနတဲ့ ရာသီဥတု မေတာ္တဆမႈေတြေၾကာင့္ ေသဆုံးသူ ၆ ဦးထိ ရွိလာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၈
ဥေရာပမွာ ဇန္နဝါရီ ၆ ရက္က စံခ်ိန္တင္ အဆိုး႐ြားဆုံး ေအးခဲ အပူခ်ိန္ေၾကာင့္ ဥေရာပတစ္ဝွမ္း ေသဆုံး သူ ၆ ဦးထိ ရွိခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဇန္နဝါရီ ၅ ရက္က ျပင္သစ္ႏိုင္ငံမွ လူငါးဦးနဲ႔ ေဘာ့စနီးယားႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တာ ျဖစ္ၿပီး ဆီးႏွင္းထူထပ္စြာ႐ြာသြန္းမႈေၾကာင့္ ေဘာ္လကန္ေဒသတဝွမ္း ဆီးႏွင္းဖုံးလႊမ္းမႈနဲ႔ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈေတြျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။
ၿဗိတိန္ႏိုင္ငံမွာလည္း ဇန္နဝါရီ ၅ ရက္မွ ၆ ရက္အတြင္း အဂၤလန္အေရွ႕ပိုင္း ေနာ္ေဖာ့ခ္ေဒသမွာ အပူခ်ိန္မွာ -၁၂.၅ ဒီဂရီစင္တီဂရိတ္အထိ က်ဆင္းခဲ့ၿပီး နယ္သာလန္ႏိုင္ငံ တဝွမ္းမွာလည္း ဇန္နဝါရီ ၆ ရက္နံနက္က -၁၀ ဒီဂရီစင္တီ ဂရိတ္ေအာက္ထိ က်ဆင္းလာတဲ့အပူခ်ိန္ေၾကာင့္ ရထားေျပးဆြဲမႈေတြ ရပ္တန႔္ခဲ့ရပါတယ္။ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕ ရဲ႕ အဓိကေလဆိပ္ႏွစ္ခုျဖစ္တဲ့ Roissy-Charles de Gaulle နဲ႔ Orly မွာလည္း ေလယာဥ္ေျပးလမ္းေတြမွ ေရခဲေတြ ဖယ္ရွားဖို႔နဲ႔ ေလယာဥ္ေတြေပၚ ဖုံးအုပ္ေနတဲ့ ဆီးႏွင္းေတြကို ဖယ္ရွားႏိုင္ဖို႔ ဇန္နဝါရီ ၇ ရက္အေစာပိုင္းက ေလယာဥ္ခရီးစဥ္မ်ားစြာ ဖ်က္သိမ္းခဲ့ရပါတယ္။
Charles de Gaulle ေလဆိပ္မွာ မနက္ပိုင္း ေလယာဥ္ခရီးစဥ္ေတြရဲ႕ ၄၀ ရာခိုင္ႏႈန္း ဖ်က္သိမ္းရၿပီး Orly မွာေတာ့ ခရီးစဥ္ ၂၅ ရာခိုင္ႏႈန္းကို ဖ်က္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။