မန္တလေးငလျင်ကြီးတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပရဟိတအသင်း(၂၀၀)အား ဂုဏ်ပြုမှတ်တမ်းလွှာကို ရန်ကုန်တွင် ထပ်ဆင့်ပေးအပ်

 2033

(NP News)- ဇန်နဝါရီ ၈
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပရဟိတ အသင်း (၂၀၀)အား မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ထပ်ဆင့်ပေးအပ်ပွဲအခမ်းအနား‌ကို ယနေ့ (ဇန်နဝါရီ ၈ရက်) ၊ မနက်ပိုင်း (၁၁)နာရီ အချိန်က လှိုင်မြို့နယ် ၊ ဇေတဝန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲပြုလုပ်ရခြင်းမှာ ပြီးခဲ့သည့် ငလျင်ကြီးတွင် ကူညီဆောင်ရွက်ခဲ့ကြသည့် အသင်းအဖွဲ့များအား မြန်မာနိုင်ငံ မီးသတ်ညွှန်ကြားရေး မှူးချုပ်ဦးမြတ်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့ရာမှတစ်ဆင့် ရန်ကုန်မြို့အတွင်းရှိပရဟိတအသင်းများအား YRO မှ ထပ်ဆင့် ဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့မြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ပေါ့နော်။ မီးသတ်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူကနေ ကျွန်တော် တို့ကို ဂုဏ်ပြုချီးမြင့်တဲ့ ငလျင်းတုန်းက ကျွန်တော်တို့ အားလုံးစိတ်နှစ်ပြီးတော့မှ ကူညီခဲ့တဲ့ အဖွဲ့တွေကို အသိအပြုမှတ်တမ်းပေးအပ်တဲ့ ဂုဏ်ပြုပွဲကိုမှ ကျွန်တော်တို့က ထပ်ဆင့်ပြီးတော့မှ (YRO) အနေနဲ့ ထပ်ဆင့်ပြီးတော့မှ မင်္ဂလာယူတဲ့သဘောပါဗျ”ဟု လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်) (YRO)မှ ဥက္ကဋ္ဌဦးထွန်းထွန်းဦးက NP News ကိုပြောသည်။
လက်ရှိ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြင့်ရာတွင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ပေါင်း စုစုပေါင်း (၂၀၀) ကို ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ ဒီ YRO မှာဆိုရင် အသင်းပေါင်း (၁၄၀)ကျော်ရှိတယ်။ အခုကတော့အားလုံးအသင်းပေါင်း (၂၀၀)အတွက်ကို ပေးတာပါ။ (၂၀၀) ဆိုတာ ကျွန်တော်တို့နဲ့မိတ်ဖက်အသင်းတွေလည်းရှိတယ်။ တချို့ကိုယ်တိုင်သွားလျှောက်ပြီးတော့မှ ကျွန်တော်တို့ ကူညီခဲ့တဲ့ ဟာတွေ လျှောက်လွှာတွေတင်ရတယ်။ ပေးတဲ့အဖွဲ့တွေလာပါတယ်ဗျ။ ဆိုတော့ အားလုံးပေါင်းအသင်း (၂၀၀)ပါခင်ဗျ”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးတြင္ ကူညီေဆာင္႐ြက္ေပးခဲ့ၾကသည့္ ပရဟိတအသင္း(၂၀၀)အား ဂုဏ္ျပဳမွတ္တမ္းလႊာကို ရန္ကုန္တြင္ ထပ္ဆင့္ေပးအပ္
(NP News)- ဇန္နဝါရီ ၈
ၿပီးခဲ့သည့္ ၂၀၂၅ခုႏွစ္၊ မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးတြင္ ကူညီေဆာင္႐ြက္ေပးခဲ့ၾကသည့္ ပရဟိတ အသင္း (၂၀၀)အား ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၏ ခ်ီးက်ဴးဂုဏ္ျပဳမွတ္တမ္းလႊာ ထပ္ဆင့္ေပးအပ္ပြဲအခမ္းအနား‌ကို ယေန႔ (ဇန္နဝါရီ ၈ရက္) ၊ မနက္ပိုင္း (၁၁)နာရီ အခ်ိန္က လႈိင္ၿမိဳ႕နယ္ ၊ ေဇတဝန္ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲျပဳလုပ္ရျခင္းမွာ ၿပီးခဲ့သည့္ ငလ်င္ႀကီးတြင္ ကူညီေဆာင္႐ြက္ခဲ့ၾကသည့္ အသင္းအဖြဲ႕မ်ားအား ျမန္မာႏိုင္ငံ မီးသတ္ၫႊန္ၾကားေရး မႉးခ်ဳပ္ဦးျမတ္သူမွ ဂုဏ္ျပဳမွတ္တမ္းလႊာခ်ီးျမႇင့္ခဲ့ရာမွတစ္ဆင့္ ရန္ကုန္ၿမိဳ႕အတြင္းရွိပရဟိတအသင္းမ်ားအား YRO မွ ထပ္ဆင့္ ဂုဏ္ျပဳမွတ္ တမ္းလႊာေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံျပည္ထဲေရးဝန္ႀကီးဌာန၊ မီးသတ္ေပါ့ေနာ္။ မီးသတ္ဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမတ္သူကေန ကြၽန္ေတာ္ တို႔ကို ဂုဏ္ျပဳခ်ီးျမင့္တဲ့ ငလ်င္းတုန္းက ကြၽန္ေတာ္တို႔ အားလုံးစိတ္ႏွစ္ၿပီးေတာ့မွ ကူညီခဲ့တဲ့ အဖြဲ႕ေတြကို အသိအျပဳမွတ္တမ္းေပးအပ္တဲ့ ဂုဏ္ျပဳပြဲကိုမွ ကြၽန္ေတာ္တို႔က ထပ္ဆင့္ၿပီးေတာ့မွ (YRO) အေနနဲ႔ ထပ္ဆင့္ၿပီးေတာ့မွ မဂၤလာယူတဲ့သေဘာပါဗ်”ဟု လူမႈကူညီ ကယ္ဆယ္ေရးအဖြဲ႕ခ်ဳပ္(ရန္ကုန္) (YRO)မွ ဥကၠ႒ဦးထြန္းထြန္းဦးက NP News ကိုေျပာသည္။
လက္ရွိ ခ်ီးက်ဴးဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခ်ီးျမင့္ရာတြင္ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ေပါင္း စုစုေပါင္း (၂၀၀) ကို ေပးအပ္ျခင္း ျဖစ္ေၾကာင္းသိရသည္။
“ကြၽန္ေတာ္တို႔ ဒီ YRO မွာဆိုရင္ အသင္းေပါင္း (၁၄၀)ေက်ာ္ရွိတယ္။ အခုကေတာ့အားလုံးအသင္းေပါင္း (၂၀၀)အတြက္ကို ေပးတာပါ။ (၂၀၀) ဆိုတာ ကြၽန္ေတာ္တို႔နဲ႔မိတ္ဖက္အသင္းေတြလည္းရွိတယ္။ တခ်ိဳ႕ကိုယ္တိုင္သြားေလွ်ာက္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ကူညီခဲ့တဲ့ ဟာေတြ ေလွ်ာက္လႊာေတြတင္ရတယ္။ ေပးတဲ့အဖြဲ႕ေတြလာပါတယ္ဗ်။ ဆိုေတာ့ အားလုံးေပါင္းအသင္း (၂၀၀)ပါခင္ဗ်”ဟု ဦးထြန္းထြန္းဦးက ေျပာသည္။

Related news

© 2021. All rights reserved.