တရုတ်တိုင်ပေ ကာကွယ်ရေးဝန်ကြီးအကြောင်း တစေ့တစောင်း

901

ဂျန်ဇက် (NP News) - ဇန်နဝါရီလ ၈
တရုတ်နိုင်ငံနဲ့ တရုတ်တိုင်ပေကြား အငြင်း ပွားမှုတွေရှိနေချိန်မှာပဲ တရုတ်နိုင်ငံရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေဟာ တရုတ် တိုင်ပေကျွန်းပတ်ဝန်းကျင်နားမှာ နှစ် ရက်ကြာ စစ် ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်ခဲ့ရာ တင်းမာမှုအ ရှိန် ပိုမိုမြင့်တက်လာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ တရုတ်တိုင်ပေရဲ့လွတ် လပ်ရေး ရယူနိုင်ဖို့ ကြိုးပမ်းမှုအပြင် ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းမှုများကို ပြင်းထန်တဲ့ သတိပေးမှုအဖြစ် တရုတ်တိုင်ပေကျွန်းနားမှာ စစ်ရေး လေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့တာမျိုးဖြစ်ပါတယ်။ “Justice Mission-2025 ”လို့အမည်ပေးထားတဲ့ တရုတ်နိုင်ငံရဲ့စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း ကျည်ဆန်အစစ်နဲ့ပစ်ခတ်တဲ့လေ့ကျင့်ခန်းများလုပ် ဆောင်ခဲ့သလို တရုတ်တိုင်ပေကျွန်းရဲ့အဓိကဆိပ်ကမ်းများကို အရေးပါတဲ့ဧရိယာများကိုပိတ်ဆို့မယ့် လေ့ကျင့်ခန်းအစီအစဉ်များလည်း လုပ်ဆောင်ခဲ့တယ် လို့ သိရပါတယ်။
တရုတ်တိုင်ပေကျွန်းနားမှာ တရုတ်နိုင်ငံ ကပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စိုးရိမ်မှုမရှိဘူး လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ တရုတ်တိုင်ပေနဲ့ အမေရိကန်နိုင်ငံကြား စစ်လက်နက် ပစ္စည်းစာချုပ်များချုပ်ဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာ မှာပဲ တရုတ်တိုင်ပေကျွန်းနားမှာ စစ်ရေးလေ့ကျင့် ခန်းကို လုပ်ဆောင်လာခဲ့တာမျိုးဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ တရုတ်တိုင်ပေရဲ့ မဟာမိတ်နိုင်ငံဖြစ်ပြီး စစ်ရေးအကူညီနဲ့ စစ်လက် နက်ပစ္စည်းများ အဓိကရောင်းချပေးနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ တရုတ်တိုင်ပေ အ တွက် လုံခြုံရေးကိုအာမခံပေးထားသလို မဟာမိတ် တွေ ဖြစ်တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံရဲ့စစ်ရေး လေ့ကျင့်မှုနဲ့ပတ်သက်ပြီး တရုတ်တိုင်ပေ ကာကွယ် ရေးဝန်ကြီး ဝယ်လင်တန်ကိုကလည်း တရုတ်စစ် တပ်ရဲ့လုပ်ရပ်တွေဟာ တရုတ်တိုင်ပေ လူ့အဖွဲ့အစည်း အတွင်း သဘောထားကွဲလွဲမှုများနဲ့ ပဋိပက္ခများဖြစ် လာအောင် ဖန်တီးနေတာဖြစ်တယ်လို့ ဝေဖန်ပြစ်တင် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က တရုတ်တိုင်ပေ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ လိုင်ချန်တေးဟာ ဝယ်လင်တန်ကိုçကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့် အပ်ခဲ့ပါတယ်။ ၎င်းဟာ စစ်ရေးအတွေ့အကြုံမရှိဘဲ တရုတ်တိုင်ပေရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ် ခဲ့ရတာဖြစ်ပါတယ်။
ဝယ်လင်တန်ကိုဟာ (၂၀၁၃)ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ အန်ဒရူး ယမ် အပြီးမှာ စစ်ရေးအတွေ့အကြုံမရှိဘဲ ကာကွယ်ရေး ဝန်ကြီးအဖြစ် ပထမဆုံးတာဝန်ယူခွင့်ရသူလည်းဖြစ် ပါတယ်။ ဝယ်လင်တန်ဟာ ရှေ့နေတစ်ဦးဖြစ်ပြီး စစ် ရေးအတွေ့အကြုံမရှိပေမယ့် တရုတ်တိုင်ပေ ကာ ကွယ်ရေးနဲ့ပတ်သက်ပြီး ယခင်ကာကွယ်ရေးဝန်ကြီးဟောင်းများလုပ်ဆောင်ခဲ့တဲ့အတိုင်း လုပ်ဆောင်ကာ တရုတ်တိုင်ပေနဲ့ သင့်တော်မယ့်စစ်လက်နက်ပစ္စည်း များဝယ်ယူခြင်း၊ တည်ဆောက်ခြင်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။ အစဉ်အလာအားဖြင့် တရုတ် တိုင်ပေသမ္မတများဟာ ကာကွယ်ရေးဝန်ကြီးများကို စစ်ရေးအတွေ့အကြုံရှိတဲ့ ဗိုလ်ချုပ်ကြီးများကို ခန့် အပ်ခဲ့ပေမယ့် လက်ရှိသမ္မတကတော့ စစ်ရေးအတွေ့ အကြုံမရှိသူကိုခန့်အပ်ခဲ့ပါတယ်။ ဝယ်လင်တန်ကို ဟာ စစ်ရေး အတွေ့အကြုံမရှိပေမယ့် တရုတ်တိုင်ပေ စစ်တပ်နဲ့ပတ်သက်ပြီး လျင်မြန်စွာ အပြောင်းအလဲ များစွာလုပ်ဆောင်ခဲ့သလို စစ်လက်နက်ပစ္စည်းများ ပိုမိုဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဝယ်လင်တန်ကို (၁၉၅၈) ခုနှစ်မှာမွေးဖွားခဲ့ပြီး သူရဲ့မိဘများဟာ ရှန်ဟိုင်းမြို့ရှိ ဒုက္ခသည်အဖြစ် ရှင်သန်နေထိုင်ခဲ့ရသူ များဖြစ်ပါတယ်။ ၎င်းဟာ တရုတ်တိုင်ပေရှိ အမျိုးသား တက္ကသိုလ်ကနေ ဥပဒေဘွဲ့ ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်မြို့မှာ ဥပဒေပညာကို ထပ်မံ သင်ယူပြီး မဟာဥပဒဘွဲ့ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ နယူးယောက်တက္ကသိုလ်ကနေ ဥပဒေဘာသာ ရပ်နဲ့ uris Doctor (J.D.) ဘွဲ့ထပ်မံရရှိခဲ့ပြီး (၁၉၈၃) ခုနှစ်မှာ တရုတ်တိုင်ပေရဲ့ ဘားကောင်စီ စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ (၁၉၉၃) ခုနှစ်မှာ တရုတ်ယဉ်ကျေးမှုတက္ကသိုလ်မှာ ဥပဒေပညာရပ်ကို သင်ကြားပေးခဲ့ပါတယ်။၎င်းဟာ Fan Kuang-chun နဲ့ John Chen တို့ တည်ထောင်ထားတဲ့ Formosa Transnational Atto- rneys မှာ အလုပ်လုပ်ခဲ့သလို ရှေ့နေပညာနဲ့ အ သက်မွေးဝမ်းကြောင်း လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ (၂၀ဝ၅) ခုနှစ်မှာ နိုင်ငံရေးလောကထဲကို ဝင် ရောက်လာခဲ့ပြီးDemocratic Progressive Party. ဒီမိုကရက်တစ် တိုးတက်ရေးပါတီ DPT ကိုယ်စားပြုပြီး (၂၀၁၃)ခုနှစ်မှာ မြို့တော်ဝန်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
၎င်းဟာ မြို့တော်ဝန်ရွေးကောက်ပွဲမှာ အောင်မြင်မှုမရခဲ့ပေမယ့် (၂၀၁၆)ခုနှစ်မှာ DPT ကိုယ်စားပြုပြီး လွှတ်တော်ကိုယ်စားလှယ် ယှဉ်ပြိုင်ခဲ့ ရာ အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပါ တယ်။ ဝယ်လင်တန်ကိုဟာ (၂၀၁၇)ခုနှစ်မှာ လွှတ် တော်ဘဏ္ဍာရေးကြီးကြပ်ရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သလို (၂၀၂၀) ပြည့်နှစ်မှာ အမျိုး သားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူးအဖြစ်ခန့်အပ်ခန့်ခဲ့ရပါတယ်။ ဝယ်လင်တန်ကိုဟာ ဥပဒေသမားတစ်ဦးဖြစ်တဲ့အတွက် ဒီမိုကရက်တစ် တိုးတက်ရေးပါတီရဲ့ တရားရေးပြုပြင်ပြောင်းလဲမှု ဖောင်ဒေးရှင်းဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်သလို ဥပဒေ ပြင်ဆင်ပြောင်းလဲရေး၊ လူ့အခွင့်ရေးလှုပ်ရှားမှုများမှာဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဝယ်လင် တန်ကိုဟာ အမေရိကန်နိုင်ငံမှာ နှစ်အတန်ကြာ သွား ရောက်နေထိုင်ကာ ပညာသင်ကြားခဲ့တဲ့အတွက် ၎င်း ရဲ့အတွေးအခေါ်အယူဆပိုင်းဟာ အနောက်တိုင်း အယူ အဆနဲ့ ပိုမိုနီးစပ်တယ်လို့ဆိုကြပါတယ်။ ၎င်းဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် တစ်နှစ်အတွင်းမှာပဲ တရုတ်တိုင်ပေစစ်တပ်နဲ့ပတ် သက်ပြီး မညီမျှတဲ့နည်းဗျူဟာတွေအတွက် သင့် တော်ကောင်းမွန်မယ့် လက်နက်စနစ်ကို ပိုမိုထုတ် လုပ်ဖို့တွန်းအားပေးခဲ့သလို အမေရိကန်နိုင်ငံထုတ် အက်ဖ် (၁၆) တိုက်လေယာဉ်တွေ၊ အေဘရာဟမ် တင့်ကားတွေလိုမျိုး အရေးပါတဲ့ စစ်လက်နက်ပစ္စည်း များ ဝယ်ယူအားဖြည့်ခဲ့ပါတယ်။ အဲဒီလက်နက်များဟာ အရည်အသွေးကောင်းမွန်တဲ့အတွက် တရုတ် လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့များကို အလွယ်တကူ ပစ် မှတ်ထားတိုက်ခိုက်နိုင်မယ်လို့ ယူဆထားပါတယ်။ တရုတ်တိုင်ပေ ကာကွယ်ရေးဝန်ကြီးရဲ့ ပြုပြင်ပြောင်း လဲမှုများထဲမှာစစ်ရေးလေ့ကျင့်ခန်းက အဓိကပါဝင် ခဲ့ပြီး အနာဂတ်မှာ တရုတ်တိုင်ပေစစ်တပ်ရဲ့ ဂုဏ် သတင်းနဲ့ ထိရောက်မှုများကို ပိုမိုဖြစ်လာဖွယ်ရှိပါ တယ်။
တရုတ်တိုင်ပေဟာ လက်ရှိအချိန်မှာ တ ရုတ်နိုင်ငံလက်အောက်ကခွဲထွက်ပြီး လွတ်လပ် ရေးရယူဖို့ ကြိုးပမ်းနေသလို တရုတ်နိုင်ငံကလည်း တရုတ်တိုင်ပေကို ကိုယ်ပိုင်လွတ်လပ်ရေး မပေးဘဲ ပြန်လည်ပေါင်းစည်းဖို့ ဆန္ဒရှိနေရာ တင်းမာမှုများ ယခင်တည်းက ဖြစ်ပွားခဲ့ပါတယ်။ တရုတ်စစ်တပ်က တရုတ်တိုင်ပေနဲ့ ပြန်လည်ပေါင်းစည်းဖို့လိုအပ်မယ်ဆိုရင်အင်အားသုံးမယ်လို့ပြောဆိုထားရာ တင်းမာမှု များ ပိုမိုဖြစ်နေရာ တရုတ်တိုင်ပေကလည်း တရုတ် စစ်တပ်ရဲ့တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ဖို့ ရည်ရွယ်တည်ဆောက်နေတာမျိုးဖြစ်ပါတယ်။ တရုတ်တိုင်ပေ ဟာ တရုတ်စစ်တပ်ရဲ့ ကျူးကျော်မှုတွေရှိလာမယ် ဆိုရင်တုံ့ပြန်နိုင်အောင် အဓိကထားပြင်ဆင်နေတဲ့ အတွက် လက်ရှိအချိန်မှာ တရုတ်စစ်တပ်က ကျူး ကျော်မှုများရှိလာမယ်ဆိုရင် လျင်မြန်စွာတုံ့ပြန်သွား မယ်လို့ တရုတ်တိုင်ပေ ကာကွယ်ရေးဝန်ကြီး ဝယ် လင်တန်ကိုက လူသိရှင်ကြားသတိပေးထားပါတယ်။
တရုတ်တိုင်ပေ ကာကွယ်ရေးဝန်ကြီးက “ရန်သူက ရုတ်တရက်တိုက်ခိုက်မှုတစ်ခုစတင်ပါက၊ တပ်ရင်းအားလုံးဟာ အမိန့်များကိုစောင့်ဆိုင်းခြင်း မရှိဘဲ ဖြန့်ဝေထိန်းချုပ်မှုကို အကောင်အထည်ဖော် ရမှာဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ အမိန့်ပေးမှုပုံစံအောက်မှာ ၎င်းတို့၏တိုက်ခိုက်ရေး မစ်ရှင်များကို ထမ်းဆောင်ရမယ်"လို့ ပြောပါတယ်။
တရုတ်တိုင်ပေ ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကိုရဲ့ ပြောစကားကို လေ့လာကြည့်မယ် ဆိုရင် အင်အားကြီးတရုတ်စစ်တပ်ကို ခေါင်းငုံ့ခံမှာ မဟုတ်ဘဲ တုံ့ပြန်တိုက်ခိုက်သွားဖို့ အစီအစဉ်တွေကို ပြင်ဆင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်တိုင်ပေ ဟာ တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုများ ပိုမိုရင်ဆိုင်လာ ရပြီးနောက် ကာကွယ်ရေးနဲ့ပတ်သက်ပြီး တိုးမြှင့်တည် ဆောက်လာခဲ့ရာ ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ ရဲ့ (၅) ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ တရုတ် တိုင်ပေ ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကိုက ကတိပြုထားပါတယ်။ ဝယ်လင်တန်ကို ကာကွယ်ရေး ဝန်ကြီးအဖြစ်တာဝန်ယူပြီးနောက် တရုတ်တိုင်ပေ စစ် တပ်ဟာ စစ်ပွဲစွမ်းရည်ပိုမိုတိုးတက်လာဖို့၊ ခုခံကာ ကွယ်ရေး စွမ်းရည်ပိုမိုတိုးတက်လာဖို့ ၊ ရန်သူရဲ့ကျူး ကျော်မှုများကိုတန်ပြန်ခြင်း၊ အရန်တပ်ဖွဲ့များ အဆင် သင့်ဖြစ်မှု ပိုမိုတိုးတက်လာအောင်လုပ်ကိုင်ခြင်း စတဲ့ အဓိကအချက်ကြီး လေးချက်ကို အဓိကထားပြင် ဆင်ပြောင်းလဲခဲ့ပါတယ်။
ဝယ်လင်တန်ကိုက " တရုတ်တိုင်ပေ ကာ ကွယ်ရေးဝန်ကြီးဌာနဟာ ကိုယ်ပိုင်ကာကွယ်ရေး စွမ်း ရည်ပိုင်းပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင် မယ် " လို့ ပြောပါတယ်။ ဝယ်လင်တန်ကို ကာကွယ် ရေးဝန်ကြီးအဖြစ်တာဝန်ယူပြီးနောက်ပိုင်း တရုတ် တိုင်ပေဟာ အဓိက မဟာမိတ်အမေရိကန်နိုင်ငံနဲ့ လည်း စစ်ရေး ပူးပေါင်းဆောင်ရွက်မှုပိုင်း ပိုမိုကောင်း မွန်လာခဲ့ရာတရုတ်စစ်တပ်ရဲ့ ငြိုငြင်မှုများ ဖြစ်လာခဲ့ပါတယ်။ ဝယ်လင်တန်ကိုဟာ စစ်ရေးအတွေအကြုံ မရှိပေမယ့် အမေရိကန်အပါအဝင် အင်အားကြီး နိုင်ငံများနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ၊ မဟာ မိတ်ဖြစ်မှု ပိုမိုတည်ဆောက်လာခဲ့ရာ တရုတ်စစ်တပ် က တရုတ်တိုင်ပေကိုအင်အားသုံး တိုက်ခိုက်လာမယ် ဆိုရင် တရုတ်တိုင်ပေကျွန်းဟာ စစ်မီးလျှံတွေ ပိုမို တောက်လောင်လာဖွယ်ရှိနေပြီး တရုတ်တိုင်ပေမှာ နေထိုင်နေတဲ့ပြည်သူများနဲ့ တရုတ်နိုင်ငံကြား ဆက် ဆံရေး ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်။
ဝယ်လင်တန်ကိုဟာ တရုတ်တိုင်ပေ ကာ ကွယ်ရေးဝန်ကြီးအဖြစ် တရုတ်စစ်တပ်က ကျူးကျော် လာမယ်ဆိုရင် ဘယ်လိုစစ်ရေးနည်းဗျူဟာများ အ သုံးပြုမလဲဆိုတဲ့အချက်က စိတ်ဝင်စားဖွယ်ကောင်း နေပါတယ်။ ၎င်းဟာ နိုင်ငံရေးသမားကနေ ကာကွယ် ရေးဝန်ကြီးအဖြစ်တာဝန်ယူထားသူဖြစ်တဲ့အတွက် စည်းရုံးရေးစွမ်းရည်နဲ့ လူထုအား ပိုမိုရရှိအောင်စွမ်းဆောင်နိုင်ဖွယ်ရှိနေပါတယ်။ ဝယ်လင်တန်ကိုဟာ စစ်ရေးအတွေ့အကြုံမရှိပေမယ့် စမတ်ကျတဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်သလို စည်းကမ်းကြီးတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် တရုတ်တိုင်ပေ ပြည် သူများကတော့ အခိုင်အမာအားပေးထောက်ခံမှုရရှိ ထားသူဖြစ်တယ်လို့ ဆိုကြပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံနဲ႔ တ႐ုတ္တိုင္ေပၾကား အျငင္း ပြားမႈေတြရွိေနခ်ိန္မွာပဲ တ႐ုတ္ႏိုင္ငံရဲ႕ ၾကည္းတပ္၊ ေရတပ္၊ ေလတပ္နဲ႔ ဒုံးက်ည္တပ္ဖြဲ႕ေတြဟာ တ႐ုတ္ တိုင္ေပကြၽန္းပတ္ဝန္းက်င္နားမွာ ႏွစ္ ရက္ၾကာ စစ္ ေရးေလ့က်င့္ခန္းေတြလုပ္ေဆာင္ခဲ့ရာ တင္းမာမႈအ ရွိန္ ပိုမိုျမင့္တက္လာခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္တိုင္ေပရဲ႕လြတ္ လပ္ေရး ရယူႏိုင္ဖို႔ ႀကိဳးပမ္းမႈအျပင္ ျပည္ပႏိုင္ငံေတြရဲ႕ ၾကားဝင္စြက္ဖက္ဖို႔ ႀကိဳးပမ္းမႈမ်ားကို ျပင္းထန္တဲ့ သတိေပးမႈအျဖစ္ တ႐ုတ္တိုင္ေပကြၽန္းနားမွာ စစ္ေရး ေလ့က်င့္ခန္းမ်ားလုပ္ေဆာင္ခဲ့တာမ်ိဳးျဖစ္ပါတယ္။ “Justice Mission-2025 ”လို႔အမည္ေပးထားတဲ့ တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရးေလ့က်င့္ခန္းအစီအစဥ္အတြင္း က်ည္ဆန္အစစ္နဲ႔ပစ္ခတ္တဲ့ေလ့က်င့္ခန္းမ်ားလုပ္ ေဆာင္ခဲ့သလို တ႐ုတ္တိုင္ေပကြၽန္းရဲ႕အဓိကဆိပ္ကမ္းမ်ားကို အေရးပါတဲ့ဧရိယာမ်ားကိုပိတ္ဆို႔မယ့္ ေလ့က်င့္ခန္းအစီအစဥ္မ်ားလည္း လုပ္ေဆာင္ခဲ့တယ္ လို႔ သိရပါတယ္။
တ႐ုတ္တိုင္ေပကြၽန္းနားမွာ တ႐ုတ္ႏိုင္ငံ ကျပဳလုပ္ခဲ့တဲ့ စစ္ေရးေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က စိုးရိမ္မႈမရွိဘူး လို႔ တုံ႔ျပန္ေျပာဆိုထားပါတယ္။ တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္တိုင္ေပနဲ႔ အေမရိကန္ႏိုင္ငံၾကား စစ္လက္နက္ ပစၥည္းစာခ်ဳပ္မ်ားခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာ မွာပဲ တ႐ုတ္တိုင္ေပကြၽန္းနားမွာ စစ္ေရးေလ့က်င့္ ခန္းကို လုပ္ေဆာင္လာခဲ့တာမ်ိဳးျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံဟာ တ႐ုတ္တိုင္ေပရဲ႕ မဟာမိတ္ႏိုင္ငံျဖစ္ၿပီး စစ္ေရးအကူညီနဲ႔ စစ္လက္ နက္ပစၥည္းမ်ား အဓိကေရာင္းခ်ေပးေနတဲ့ႏိုင္ငံလည္း ျဖစ္ပါတယ္။ အေမရိကန္ဟာ တ႐ုတ္တိုင္ေပ အ တြက္ လုံၿခဳံေရးကိုအာမခံေပးထားသလို မဟာမိတ္ ေတြ ျဖစ္တယ္လို႔သိရပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရး ေလ့က်င့္မႈနဲ႔ပတ္သက္ၿပီး တ႐ုတ္တိုင္ေပ ကာကြယ္ ေရးဝန္ႀကီး ဝယ္လင္တန္ကိုကလည္း တ႐ုတ္စစ္ တပ္ရဲ႕လုပ္ရပ္ေတြဟာ တ႐ုတ္တိုင္ေပ လူ႔အဖြဲ႕အစည္း အတြင္း သေဘာထားကြဲလြဲမႈမ်ားနဲ႔ ပဋိပကၡမ်ားျဖစ္ လာေအာင္ ဖန္တီးေနတာျဖစ္တယ္လို႔ ေဝဖန္ျပစ္တင္ ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္က တ႐ုတ္တိုင္ေပ သမၼတအျဖစ္ ေ႐ြးေကာက္ခံခဲ့ရတဲ့ လိုင္ခ်န္ေတးဟာ ဝယ္လင္တန္ကိုçကို ကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္ အပ္ခဲ့ပါတယ္။ ၎ဟာ စစ္ေရးအေတြ႕အႀကဳံမရွိဘဲ တ႐ုတ္တိုင္ေပရဲ႕ ကာကြယ္ေရးဝန္ႀကီးအျဖစ္ခန႔္အပ္ ခဲ့ရတာျဖစ္ပါတယ္။
ဝယ္လင္တန္ကိုဟာ (၂၀၁၃)ခုႏွစ္မွာ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူခဲ့တဲ့ အန္ဒ႐ူး ယမ္ အၿပီးမွာ စစ္ေရးအေတြ႕အႀကဳံမရွိဘဲ ကာကြယ္ေရး ဝန္ႀကီးအျဖစ္ ပထမဆုံးတာဝန္ယူခြင့္ရသူလည္းျဖစ္ ပါတယ္။ ဝယ္လင္တန္ဟာ ေရွ႕ေနတစ္ဦးျဖစ္ၿပီး စစ္ ေရးအေတြ႕အႀကဳံမရွိေပမယ့္ တ႐ုတ္တိုင္ေပ ကာ ကြယ္ေရးနဲ႔ပတ္သက္ၿပီး ယခင္ကာကြယ္ေရးဝန္ႀကီးေဟာင္းမ်ားလုပ္ေဆာင္ခဲ့တဲ့အတိုင္း လုပ္ေဆာင္ကာ တ႐ုတ္တိုင္ေပနဲ႔ သင့္ေတာ္မယ့္စစ္လက္နက္ပစၥည္း မ်ားဝယ္ယူျခင္း၊ တည္ေဆာက္ျခင္းမ်ားကို ဦးစားေပး လုပ္ေဆာင္ခဲ့ပါတယ္။ အစဥ္အလာအားျဖင့္ တ႐ုတ္ တိုင္ေပသမၼတမ်ားဟာ ကာကြယ္ေရးဝန္ႀကီးမ်ားကို စစ္ေရးအေတြ႕အႀကဳံရွိတဲ့ ဗိုလ္ခ်ဳပ္ႀကီးမ်ားကို ခန႔္ အပ္ခဲ့ေပမယ့္ လက္ရွိသမၼတကေတာ့ စစ္ေရးအေတြ႕ အႀကဳံမရွိသူကိုခန႔္အပ္ခဲ့ပါတယ္။ ဝယ္လင္တန္ကို ဟာ စစ္ေရး အေတြ႕အႀကဳံမရွိေပမယ့္ တ႐ုတ္တိုင္ေပ စစ္တပ္နဲ႔ပတ္သက္ၿပီး လ်င္ျမန္စြာ အေျပာင္းအလဲ မ်ားစြာလုပ္ေဆာင္ခဲ့သလို စစ္လက္နက္ပစၥည္းမ်ား ပိုမိုဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။ ဝယ္လင္တန္ကို (၁၉၅၈) ခုႏွစ္မွာေမြးဖြားခဲ့ၿပီး သူရဲ႕မိဘမ်ားဟာ ရွန္ဟိုင္းၿမိဳ႕ရွိ ဒုကၡသည္အျဖစ္ ရွင္သန္ေနထိုင္ခဲ့ရသူ မ်ားျဖစ္ပါတယ္။ ၎ဟာ တ႐ုတ္တိုင္ေပရွိ အမ်ိဳးသား တကၠသိုလ္ကေန ဥပေဒဘြဲ႕ ရရွိခဲ့ၿပီး အေမရိကန္ႏိုင္ငံ နယူးေယာက္တကၠသိုလ္ၿမိဳ႕မွာ ဥပေဒပညာကို ထပ္မံ သင္ယူၿပီး မဟာဥပဒဘြဲ႕ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ၎ဟာ နယူးေယာက္တကၠသိုလ္ကေန ဥပေဒဘာသာ ရပ္နဲ႔ uris Doctor (J.D.) ဘြဲ႕ထပ္မံရရွိခဲ့ၿပီး (၁၉၈၃) ခုႏွစ္မွာ တ႐ုတ္တိုင္ေပရဲ႕ ဘားေကာင္စီ စာေမးပြဲကို ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ ၎ဟာ (၁၉၉၃) ခုႏွစ္မွာ တ႐ုတ္ယဥ္ေက်းမႈတကၠသိုလ္မွာ ဥပေဒပညာရပ္ကို သင္ၾကားေပးခဲ့ပါတယ္။၎ဟာ Fan Kuang-chun နဲ႔ John Chen တို႔ တည္ေထာင္ထားတဲ့ Formosa Transnational Atto- rneys မွာ အလုပ္လုပ္ခဲ့သလို ေရွ႕ေနပညာနဲ႔ အ သက္ေမြးဝမ္းေၾကာင္း လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ ၎ဟာ (၂၀ဝ၅) ခုႏွစ္မွာ ႏိုင္ငံေရးေလာကထဲကို ဝင္ ေရာက္လာခဲ့ၿပီးDemocratic Progressive Party. ဒီမိုကရက္တစ္ တိုးတက္ေရးပါတီ DPT ကိုယ္စားျပဳၿပီး (၂၀၁၃)ခုႏွစ္မွာ ၿမိဳ႕ေတာ္ဝန္ၿပိဳင္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
၎ဟာ ၿမိဳ႕ေတာ္ဝန္ေ႐ြးေကာက္ပြဲမွာ ေအာင္ျမင္မႈမရခဲ့ေပမယ့္ (၂၀၁၆)ခုႏွစ္မွာ DPT ကိုယ္စားျပဳၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ ယွဥ္ၿပိဳင္ခဲ့ ရာ အႏိုင္ရခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ခဲ့ပါ တယ္။ ဝယ္လင္တန္ကိုဟာ (၂၀၁၇)ခုႏွစ္မွာ လႊတ္ ေတာ္ဘ႑ာေရးႀကီးၾကပ္ေရးေကာ္မရွင္ရဲ႕ ဥကၠ႒ အျဖစ္တာဝန္ယူခဲ့သလို (၂၀၂၀) ျပည့္ႏွစ္မွာ အမ်ိဳး သားလုံၿခဳံေရးေကာင္စီ အေထြေထြအတြင္းေရးမႉးအျဖစ္ခန႔္အပ္ခန႔္ခဲ့ရပါတယ္။ ဝယ္လင္တန္ကိုဟာ ဥပေဒသမားတစ္ဦးျဖစ္တဲ့အတြက္ ဒီမိုကရက္တစ္ တိုးတက္ေရးပါတီရဲ႕ တရားေရးျပဳျပင္ေျပာင္းလဲမႈ ေဖာင္ေဒးရွင္းဥကၠ႒အျဖစ္တာဝန္ယူခဲ့သူျဖစ္သလို ဥပေဒ ျပင္ဆင္ေျပာင္းလဲေရး၊ လူ႔အခြင့္ေရးလႈပ္ရွားမႈမ်ားမွာဦးေဆာင္ပါဝင္ခဲ့သူျဖစ္ပါတယ္။ ဝယ္လင္ တန္ကိုဟာ အေမရိကန္ႏိုင္ငံမွာ ႏွစ္အတန္ၾကာ သြား ေရာက္ေနထိုင္ကာ ပညာသင္ၾကားခဲ့တဲ့အတြက္ ၎ ရဲ႕အေတြးအေခၚအယူဆပိုင္းဟာ အေနာက္တိုင္း အယူ အဆနဲ႔ ပိုမိုနီးစပ္တယ္လို႔ဆိုၾကပါတယ္။ ၎ဟာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံရၿပီးေနာက္ တစ္ႏွစ္အတြင္းမွာပဲ တ႐ုတ္တိုင္ေပစစ္တပ္နဲ႔ပတ္ သက္ၿပီး မညီမွ်တဲ့နည္းဗ်ဴဟာေတြအတြက္ သင့္ ေတာ္ေကာင္းမြန္မယ့္ လက္နက္စနစ္ကို ပိုမိုထုတ္ လုပ္ဖို႔တြန္းအားေပးခဲ့သလို အေမရိကန္ႏိုင္ငံထုတ္ အက္ဖ္ (၁၆) တိုက္ေလယာဥ္ေတြ၊ ေအဘရာဟမ္ တင့္ကားေတြလိုမ်ိဳး အေရးပါတဲ့ စစ္လက္နက္ပစၥည္း မ်ား ဝယ္ယူအားျဖည့္ခဲ့ပါတယ္။ အဲဒီလက္နက္မ်ားဟာ အရည္အေသြးေကာင္းမြန္တဲ့အတြက္ တ႐ုတ္ ေလတပ္နဲ႔ ဒုံးက်ည္တပ္ဖြဲ႕မ်ားကို အလြယ္တကူ ပစ္ မွတ္ထားတိုက္ခိုက္ႏိုင္မယ္လို႔ ယူဆထားပါတယ္။ တ႐ုတ္တိုင္ေပ ကာကြယ္ေရးဝန္ႀကီးရဲ႕ ျပဳျပင္ေျပာင္း လဲမႈမ်ားထဲမွာစစ္ေရးေလ့က်င့္ခန္းက အဓိကပါဝင္ ခဲ့ၿပီး အနာဂတ္မွာ တ႐ုတ္တိုင္ေပစစ္တပ္ရဲ႕ ဂုဏ္ သတင္းနဲ႔ ထိေရာက္မႈမ်ားကို ပိုမိုျဖစ္လာဖြယ္ရွိပါ တယ္။
တ႐ုတ္တိုင္ေပဟာ လက္ရွိအခ်ိန္မွာ တ ႐ုတ္ႏိုင္ငံလက္ေအာက္ကခြဲထြက္ၿပီး လြတ္လပ္ ေရးရယူဖို႔ ႀကိဳးပမ္းေနသလို တ႐ုတ္ႏိုင္ငံကလည္း တ႐ုတ္တိုင္ေပကို ကိုယ္ပိုင္လြတ္လပ္ေရး မေပးဘဲ ျပန္လည္ေပါင္းစည္းဖို႔ ဆႏၵရွိေနရာ တင္းမာမႈမ်ား ယခင္တည္းက ျဖစ္ပြားခဲ့ပါတယ္။ တ႐ုတ္စစ္တပ္က တ႐ုတ္တိုင္ေပနဲ႔ ျပန္လည္ေပါင္းစည္းဖို႔လိုအပ္မယ္ဆိုရင္အင္အားသုံးမယ္လို႔ေျပာဆိုထားရာ တင္းမာမႈ မ်ား ပိုမိုျဖစ္ေနရာ တ႐ုတ္တိုင္ေပကလည္း တ႐ုတ္ စစ္တပ္ရဲ႕တိုက္ခိုက္မႈမ်ားကို တုံ႔ျပန္ႏိုင္ဖို႔ ရည္႐ြယ္တည္ေဆာက္ေနတာမ်ိဳးျဖစ္ပါတယ္။ တ႐ုတ္တိုင္ေပ ဟာ တ႐ုတ္စစ္တပ္ရဲ႕ က်ဴးေက်ာ္မႈေတြရွိလာမယ္ ဆိုရင္တုံ႔ျပန္ႏိုင္ေအာင္ အဓိကထားျပင္ဆင္ေနတဲ့ အတြက္ လက္ရွိအခ်ိန္မွာ တ႐ုတ္စစ္တပ္က က်ဴး ေက်ာ္မႈမ်ားရွိလာမယ္ဆိုရင္ လ်င္ျမန္စြာတုံ႔ျပန္သြား မယ္လို႔ တ႐ုတ္တိုင္ေပ ကာကြယ္ေရးဝန္ႀကီး ဝယ္ လင္တန္ကိုက လူသိရွင္ၾကားသတိေပးထားပါတယ္။
တ႐ုတ္တိုင္ေပ ကာကြယ္ေရးဝန္ႀကီးက “ရန္သူက ႐ုတ္တရက္တိုက္ခိုက္မႈတစ္ခုစတင္ပါက၊ တပ္ရင္းအားလုံးဟာ အမိန႔္မ်ားကိုေစာင့္ဆိုင္းျခင္း မရွိဘဲ ျဖန႔္ေဝထိန္းခ်ဳပ္မႈကို အေကာင္အထည္ေဖာ္ ရမွာျဖစ္ပါတယ္။ ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်ထားတဲ့ အမိန႔္ေပးမႈပုံစံေအာက္မွာ ၎တို႔၏တိုက္ခိုက္ေရး မစ္ရွင္မ်ားကို ထမ္းေဆာင္ရမယ္"လို႔ ေျပာပါတယ္။
တ႐ုတ္တိုင္ေပ ကာကြယ္ေရးဝန္ႀကီး ဝယ္လင္တန္ကိုရဲ႕ ေျပာစကားကို ေလ့လာၾကည့္မယ္ ဆိုရင္ အင္အားႀကီးတ႐ုတ္စစ္တပ္ကို ေခါင္းငုံ႔ခံမွာ မဟုတ္ဘဲ တုံ႔ျပန္တိုက္ခိုက္သြားဖို႔ အစီအစဥ္ေတြကို ျပင္ဆင္ထားတယ္လို႔ ဆိုႏိုင္ပါတယ္။ တ႐ုတ္တိုင္ေပ ဟာ တ႐ုတ္ႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈမ်ား ပိုမိုရင္ဆိုင္လာ ရၿပီးေနာက္ ကာကြယ္ေရးနဲ႔ပတ္သက္ၿပီး တိုးျမႇင့္တည္ ေဆာက္လာခဲ့ရာ ကာကြယ္ေရး အသုံးစရိတ္ကို ဂ်ီဒီပီ ရဲ႕ (၅) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သြားမယ္လို႔ တ႐ုတ္ တိုင္ေပ ကာကြယ္ေရးဝန္ႀကီး ဝယ္လင္တန္ကိုက ကတိျပဳထားပါတယ္။ ဝယ္လင္တန္ကို ကာကြယ္ေရး ဝန္ႀကီးအျဖစ္တာဝန္ယူၿပီးေနာက္ တ႐ုတ္တိုင္ေပ စစ္ တပ္ဟာ စစ္ပြဲစြမ္းရည္ပိုမိုတိုးတက္လာဖို႔၊ ခုခံကာ ကြယ္ေရး စြမ္းရည္ပိုမိုတိုးတက္လာဖို႔ ၊ ရန္သူရဲ႕က်ဴး ေက်ာ္မႈမ်ားကိုတန္ျပန္ျခင္း၊ အရန္တပ္ဖြဲ႕မ်ား အဆင္ သင့္ျဖစ္မႈ ပိုမိုတိုးတက္လာေအာင္လုပ္ကိုင္ျခင္း စတဲ့ အဓိကအခ်က္ႀကီး ေလးခ်က္ကို အဓိကထားျပင္ ဆင္ေျပာင္းလဲခဲ့ပါတယ္။
ဝယ္လင္တန္ကိုက " တ႐ုတ္တိုင္ေပ ကာ ကြယ္ေရးဝန္ႀကီးဌာနဟာ ကိုယ္ပိုင္ကာကြယ္ေရး စြမ္း ရည္ပိုင္းပိုမိုေကာင္းမြန္ေအာင္ ဆက္လက္လုပ္ေဆာင္ မယ္ " လို႔ ေျပာပါတယ္။ ဝယ္လင္တန္ကို ကာကြယ္ ေရးဝန္ႀကီးအျဖစ္တာဝန္ယူၿပီးေနာက္ပိုင္း တ႐ုတ္ တိုင္ေပဟာ အဓိက မဟာမိတ္အေမရိကန္ႏိုင္ငံနဲ႔ လည္း စစ္ေရး ပူးေပါင္းေဆာင္႐ြက္မႈပိုင္း ပိုမိုေကာင္း မြန္လာခဲ့ရာတ႐ုတ္စစ္တပ္ရဲ႕ ၿငိဳျငင္မႈမ်ား ျဖစ္လာခဲ့ပါတယ္။ ဝယ္လင္တန္ကိုဟာ စစ္ေရးအေတြအႀကဳံ မရွိေပမယ့္ အေမရိကန္အပါအဝင္ အင္အားႀကီး ႏိုင္ငံမ်ားနဲ႔ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား၊ မဟာ မိတ္ျဖစ္မႈ ပိုမိုတည္ေဆာက္လာခဲ့ရာ တ႐ုတ္စစ္တပ္ က တ႐ုတ္တိုင္ေပကိုအင္အားသုံး တိုက္ခိုက္လာမယ္ ဆိုရင္ တ႐ုတ္တိုင္ေပကြၽန္းဟာ စစ္မီးလွ်ံေတြ ပိုမို ေတာက္ေလာင္လာဖြယ္ရွိေနၿပီး တ႐ုတ္တိုင္ေပမွာ ေနထိုင္ေနတဲ့ျပည္သူမ်ားနဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ ဆံေရး ပိုမိုဆိုး႐ြားလာဖြယ္ရွိေနပါတယ္။
ဝယ္လင္တန္ကိုဟာ တ႐ုတ္တိုင္ေပ ကာ ကြယ္ေရးဝန္ႀကီးအျဖစ္ တ႐ုတ္စစ္တပ္က က်ဴးေက်ာ္ လာမယ္ဆိုရင္ ဘယ္လိုစစ္ေရးနည္းဗ်ဴဟာမ်ား အ သုံးျပဳမလဲဆိုတဲ့အခ်က္က စိတ္ဝင္စားဖြယ္ေကာင္း ေနပါတယ္။ ၎ဟာ ႏိုင္ငံေရးသမားကေန ကာကြယ္ ေရးဝန္ႀကီးအျဖစ္တာဝန္ယူထားသူျဖစ္တဲ့အတြက္ စည္း႐ုံးေရးစြမ္းရည္နဲ႔ လူထုအား ပိုမိုရရွိေအာင္စြမ္းေဆာင္ႏိုင္ဖြယ္ရွိေနပါတယ္။ ဝယ္လင္တန္ကိုဟာ စစ္ေရးအေတြ႕အႀကဳံမရွိေပမယ့္ စမတ္က်တဲ့ ေခါင္း ေဆာင္တစ္ဦးျဖစ္သလို စည္းကမ္းႀကီးတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့အတြက္ တ႐ုတ္တိုင္ေပ ျပည္ သူမ်ားကေတာ့ အခိုင္အမာအားေပးေထာက္ခံမႈရရွိ ထားသူျဖစ္တယ္လို႔ ဆိုၾကပါတယ္။