ကြားနေဝါဒကို မဟာဗျူဟာတစ်ခုအဖြစ် ပြောင်းလဲလိုက်တဲ့ ထိုင်းနိုင်ငံ

2682

တင်ဇာ (NP News) - ဇန်နဝါရီလ ၈
အင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုကြားမှာ ကြားနေနိုင်ငံအဖြစ် ကာလရှည်ကြာရပ်တည်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ အခုအခါမှာတော့ တစ်ဖက်ကို ယိမ်းနွဲ့ နေပြီဖြစ်ပါတယ်။ ဒါဟာ ရုတ်တရက်ကြီးဖြစ်ပျက် သွားတာတော့ မဟုတ်ပါဘူး။ အခြေခံအဆောက်အအုံ တွေ၊ စီးပွားရေးဆိုင်ရာ ယုတ္တိဗေဒတွေနဲ့ ယဉ်ကျေး မှုခြင်း နီးစပ်မှုတွေကတစ်ဆင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ တစ်ချိန်က ကွန်မြူနစ်ဝါဒကို ခုခံတားဆီး ပေးခဲ့တဲ့ အမာခံနယ်မြေဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ အခုအခါမှာတော့ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံနဲ့ အိုင်တီလုံခြုံရေးဆိုင်ရာအချက်အချာတစ်ခု ဖြစ်လာ နေပါတယ်။
ဒီအခြေအနေမှာ အနောက်အုပ်စုတွေ ရှိတော့ ရှိနေပေမယ့် သူတို့ဟာ အမြဲတမ်း နှစ်အနည်းငယ် လောက် နောက်ကျနေခဲ့ပါတယ်။ အမေရိကန်ပြည် ထောင်စုဟာ ထိုင်းနိုင်ငံနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့် မှုတွေ ဆက်လုပ်နေနိုင်သေးပေမယ့် တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကတော့ မြေပြင်အခြေအနေ၊ လျှပ်စစ် ဓာတ်အားကွန်ရက်၊ စမတ်ဖုန်းတွေနဲ့ ကော်ပိုရိတ်ရုံး ခန်းတွေထဲအထိ ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာ အနောက်နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှု ဘာကြောင့်ကျဆင်းသွားရသလဲ ဆိုတာကို ထိုင်းနိုင်ငံကို ကြည့်လိုက်ရုံနဲ့တင် သိနိုင်ပါ တယ်။
အင်အားကြီးနိုင်ငံတွေကြားက ထိုင်းနိုင်ငံ
ယနေ့ခေတ် ထိုင်းနိုင်ငံဟာ အင်အားကြီးနှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားက ပထဝီ နိုင်ငံရေးတင်းမာမှုရဲ့ ဗဟိုချက်မှာရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ စစ်ရေး၊ အထိမ်းအမှတ်နဲ့ ဝါဒရေးရာ ပိုင်းတွေမှာ ဝါရှင်တန်နဲ့ သမိုင်းကြောင်းအရ နီးစပ်မှုရှိ ခဲ့ပေမယ့် အခုအခါမှာတော့ ဘေဂျင်းရဲ့ စီးပွားရေး အရှိန်အဝါ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မဟာဗျူဟာမြောက်မှု တွေက ပိုမိုဆွဲဆောင်နေပါတယ်။ စစ်အေးတိုက်ပွဲ ကာလကတည်းက ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ မှာ အမေရိကန်ရဲ့ အနီးကပ်ဆုံး မဟာမိတ်တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းစစ်တပ်ရဲ့ ကွန်မြူ နစ်ဆန့်ကျင်ရေး ရပ်တည်ချက်နဲ့ ကွယ်လွန်သူ ဘုရင် ကြီး ရာမ (၉) နဲ့ အမေရိကန် အထက်တန်းလွှာတွေကြား က နက်ရှိုင်းတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်နွှယ်မှုတွေ ကတစ်ဆင့် နှစ်နိုင်ငံကြားဆက်ဆံရေးက ပိုမိုခိုင်မာ စေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ထိုင်းနိုင်ငံမှာ U-Tapao လိုမျိုး လေတပ်အခြေစိုက်စခန်းတွေကို ထားရှိခဲ့ပြီး ထိုင်းစစ်တပ်ကို လေ့ကျင့်ပေးခဲ့သလို ဗီယက်နမ်စစ်ပွဲအတွင်းမှာလည်း ထိုင်းနိုင်ငံကို ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်အဖြစ် အသုံးပြုခဲ့ပါ တယ်။
ဒီလိုနီးစပ်မှုဟာ လုံခြုံရေးမူဝါဒတင်မကဘဲ ယဉ်ကျေးမှုပိုင်းမှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ ထိုင်းအရာရှိ အများအပြားဟာ အမေရိကန်မှာ ပညာသင်ကြားခဲ့ကြပြီး စီးပွားရေးမူဝါဒဆိုင်ရာ ဆွေး နွေးမှုတွေဟာ အနောက်နိုင်ငံတွေဘက်ကို ဦးတည်ခဲ့ သလို ထိုင်းဘုရင်စနစ်ဟာလည်း မငြိမ်မသက်ဖြစ်နေ တဲ့ ဒီဒေသမှာ အနောက်နိုင်ငံလိုလားတဲ့ တည်ငြိမ်ရေး ကျောက်ဆူးတစ်ခုအဖြစ် ကာလရှည်ကြာ တည်ရှိနေ ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ တရုတ်နိုင်ငံနဲ့ စီးပွားရေး အရ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ယနေ့ခေတ်မှာ တရုတ်ဟာ ထိုင်းနိုင်ငံရဲ့ အရေး အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသလို မြန်နှုန်း မြင့် ရထားလမ်းကွန်ရက်အပါအဝင် အရှေ့ပိုင်း စီးပွားရေးစင်္ကြံ (EEC) လိုမျိုး အခြေခံ အဆောက် အအုံ စီမံကိန်းတွေမှာ အဓိက ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်လာခဲ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍတွေ ဟာလည်း တရုတ်ဈေးကွက်ကနေ အကျိုးအမြတ် ရရှိနေကြပါ တယ်။ ဒါ့အပြင် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း တွေ၊ ဘာသာစကား သင်ကြားရေး အစီအစဉ်တွေနဲ့ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလိုမျိုး Soft Power မြှင့်တင်ရေးတွေကိုလည်း တရုတ်ဘက် က လုပ်ဆောင်နေပါတယ်။
ထိုင်း နိုင်ငံရေးခေါင်းဆောင်ပိုင်းတွေဟာ (စစ်အစိုးရဖြစ်စေ၊ အရပ်သားအစိုးရဖြစ်စေ) နှစ်ပေါင်းများစွာ မဟာဗျူဟာမြောက် မရေရာတဲ့ မူဝါဒကို ကျင့်သုံးခဲ့ကြပါတယ်။ Cobra Gold လိုမျိုး စစ်ရေး လေ့ကျင့်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေမှာတော့ အမေရိကန်နဲ့ မဟာမိတ် ဟောင်းအဖြစ် ဆက်လက်တည်ရှိနေသလို တစ်ဖက် မှာလည်း ဘေဂျင်းရဲ့ Belt and Road စီမံကိန်းတွေ၊ Smart City တွေ၊ လျှပ်စစ်ကားနဲ့ ဆီမီးကွန်ဒက်တာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် တံခါးဖွင့်ပေးထားပါတယ်။ နှစ်ဖက်စလုံးနဲ့ ဆက်ဆံရေးကို ထိန်းညှိထားပေမယ့် သိသာထင်ရှားတဲ့ လမ်းကြောင်းတစ်ခုကတော့ စီမံ ကိန်းတစ်ခုဟာ စီးပွားရေးနဲ့ အနာဂတ်ကို ပိုပြီးဦး တည်လေလေ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုက ပိုပြီးအားကောင်းလေလေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအပေါ်စီးပွားရေးအရ မှီခိုနေရမှု
တရုတ်ရဲ့ လွှမ်းမိုးနိုင်မှုက ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ အမေရိကန်ဟာ သင်္ကေတအရ မိတ်ဖက်အဖြစ် ရှိနေသေးပေမယ့် တရုတ်ဟာ ထိုင်းနိုင်ငံရဲ့ အဓိက စီးပွားရေးအင်ဂျင် ဖြစ်လာခဲ့တာ ကြာပါပြီ။ ဒီလို ပေါင်းစည်းမှုဟာ ရိုးရိုးကုန်ပစ္စည်း တင်ပို့မှုကနေ အဆင့်မြင့်နည်းပညာ ရင်းနှီးမြှုပ်နှံမှုတွေအထိ ကျယ်ပြန့်လာပြီး အာဏာချိန်ခွင်လျှာကို ရုတ်တရက် မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ရေရှည်တည်တံ့အောင် ပြောင်းလဲပစ်လိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်းရဲ့ အရေးအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ China Briefing ရဲ့ အဆိုအရ (၂၀၂၁) ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ဘီလီယံ (၁၀ဝ) ကျော်သွားခဲ့ပါ တယ်။ ထိုင်းနိုင်ငံရဲ့ GDP က ဒေါ်လာ ဘီလီယံ (၅၀ဝ) ဝန်းကျင်ရှိတာကြောင့် ဒါဟာ စုစုပေါင်း စီးပွားရေး ထုတ်ကုန်ရဲ့ (၂၀) ရာခိုင်နှုန်းလောက် ရှိနေတာပါ။ နှိုင်းယှဉ်ကြည့်ရင် အမေရိကန်နဲ့ ကုန် သွယ်မှုက ဒေါ်လာ ဘီလီယံ (၅၀) လောက်ပဲ ရှိပါ တယ်။
ဒါ့ပြင် ထိုင်းနိုင်ငံက ထွက်ရှိတဲ့ ရာဘာ၊ ပီလော ပီနံ၊ ဆီအုန်းနဲ့ အပူပိုင်းသစ်သီးတွေဟာ တရုတ် နိုင်ငံရဲ့ ဝယ်လိုအားအပေါ် အဓိက မှီခိုနေရပါတယ်။ ပီလောပီနံ တစ်ခုတည်းရဲ့ တင်ပို့မှု (၆၀) ရာခိုင်နှုန်း ကျော်ဟာ တရုတ်နိုင်ငံကို သွားနေတာပါ။ ဒါဟာ တရုတ်နိုင်ငံဘက်က အသာစီးယူပြီး ဖိအားပေးနိုင် တဲ့ အခြေအနေ ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံဟာ လျှပ်စစ်ပစ္စည်းတွေ၊ စက်ယန္တရား တွေနဲ့ သူ့ရဲ့ လုပ်ငန်းခွင်သုံးပစ္စည်းတွေကို တရုတ် နိုင်ငံကနေ ပြန်ပြီးတင်သွင်းနေရပါတယ်။ ဒီလို ထောက်ပံ့ရေးကွင်းဆက်တွေ ရုတ်တရက် ပြတ် တောက်သွားရင် ထိုင်းစီးပွားရေး အတော်လေး တုန်လှုပ်သွားနိုင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက် အအုံပိုင်းမှာ ဂျပန်နိုင်ငံဟာ အရေးအကြီးဆုံး နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူအဖြစ် ကြာရှည်ရပ်တည်ခဲ့ပေမယ့် အခုတော့ တရုတ်နိုင်ငံက အတော်လေးကို အမှီလိုက် လာပါပြီ။ " ရပ်ဝန်းနှင့် ပိုးလမ်းမ" (BRI) စီမံကိန်း အောက်မှာ ဘန်ကောက်ကနေ နောင်ခိုင်အထိ ဆက်သွယ်မယ့် အမြန်ရထားလမ်းတွေ၊ စက်မှုဇုန် တွေနဲ့ ဒီဂျစ်တယ် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း တွေမှာ ဒေါ်လာ ဘီလျံပေါင်းများစွာ စီးဝင်လာခဲ့ ပါတယ်။ အရှေ့ဘက်စီးပွားရေးစင်္ကြံ (EEC) မှာလည်း တရုတ်ကုမ္ပဏီ အတော်များများ ရှိနေပြီး အထူးသဖြင့် မော်တော်ကား၊ အီလက်ထရွန်နစ်၊ လေကြောင်း နည်းပညာနဲ့ ဒီဂျစ်တယ် ပလက်ဖောင်း တွေမှာ ပါဝင်နေပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ ထိုင်းနိုင်ငံကို ငွေရေးကြေးရေးအရတင်မကဘဲ မဟာဗျူဟာမြောက်ပါ ချည်နှောင်ထားပါတယ်။
တရုတ်ရဲ့ နောက်ထပ် အသာစီးရနေတဲ့ အချက်ကတော့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းပါပဲ။ ကပ်ရောဂါမတိုင်ခင်က တရုတ်နိုင်ငံဟာ ထိုင်းကို လာရောက်တဲ့ အများဆုံး ခရီးသွားအုပ်စု ဖြစ်ခဲ့ပါ တယ်။ (၂၀၂၃) ခုနှစ်မှာလည်း တရုတ်ခရီးသွား သန်းပေါင်းများစွာ ပြန်လာခဲ့ကြပါတယ်။ ဒါကြောင့် ဘန်ကောက် အစိုးရဟာ တရုတ်ရဲ့မူဝါဒကို ဆန့်ကျင် မယ့် လမ်းမျိုးကို မရွေးနိုင်ပါဘူး။ တရုတ်(တိုင်ပေ) ကိစ္စလိုမျိုး သံတမန်ရေးအရ အနည်းငယ် အဆင်မ ပြေဖြစ်ရုံနဲ့တင် ခရီးသွားဦးရေ ကျဆင်းသွားနိုင်ပြီး ဒေသတွင်း စီးပွားရေးကိုထိခိုက်စေနိုင်ပါတယ်။
ဒီဂျစ်တယ်စနစ်၊ လျှပ်စစ်ကားနဲ့ AI နည်းပညာ တွေမှာလည်း တရုတ်နိုင်ငံဟာ ထိုင်းရဲ့ အားထား ရတဲ့ မိတ်ဖက်ဖြစ်လာပါတယ်။ ထိုင်းရဲ့ 5G ကွန်ရက် တွေ၊ ဘက်ထရီနည်းပညာ၊Smart City အခြေခံ အဆောက်အအုံတွေနဲ့ ဒီဂျစ်တယ် ငွေပေးချေမှုစနစ် တွေ (Alipay, WeChat Pay) မှာ တရုတ်ကုမ္ပဏီ တွေဟာ မရှိမဖြစ် အခန်းကဏ္ဍက ပါဝင်နေပါတယ်။
တရုတ်နဲ့ အမေရိကန်အကြား လွန်ဆွဲလာတဲ့ အခါ အေးချမ်းနေတဲ့အချိန်မှာတော့ မဟာဗျူဟာ မြောက် ကြားနေဝါဒကိုကျင့်သုံးရတာ လွယ်ကူပါ တယ်။ ဒါပေမဲ့ ဒီမျှခြေဟာ ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့ အခါ ဘာဖြစ်လာနိုင်သလဲ။ တောင်တရုတ်ပင်လယ် မှာဖြစ်ဖြစ်၊ တရုတ်(တိုင်ပေ)ကိစ္စမှာဖြစ်ဖြစ်၊ ဒါမှမ ဟုတ် အဓိက ထောက်ပံ့ရေးကွင်းဆက်တွေမှာဖြစ် ဖြစ် တရုတ်နဲ့ အမေရိကန်ကြား ပဋိပက္ခတွေ အရှိန် မြင့်လာရင် ဘာဖြစ်လာနိုင်မလဲ။
ဆိုလိုတာက နိုင်ငံတကာပဋိပက္ခတစ်ခု ပေါက် ကွဲထွက်လာခဲ့လို့ ထိုင်းနိုင်ငံအနေနဲ့ တစ်ဖက်ဖက်ကို ပြတ်ပြတ်သားသား ရွေးချယ်ရတော့မယ်ဆိုရင် ဘယ်ဘက်ကို ယိမ်းသွားမလဲ ဆိုတာပါပဲ။ တကယ် တမ်း အကျပ်အတည်းဖြစ်လာရင် နှစ်ဖက်စလုံးက သူတို့မှာရှိတဲ့ ဩဇာအာဏာ လက်နက်အားလုံးကို အသုံးပြုကြမှာ ဖြစ်ပါတယ်။ အမေရိကန်က သံတ မန်လမ်းကြောင်းတွေ၊ စစ်သံမှူးတွေ၊ ကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့ ထောက်လှမ်းရေး အဆက် အသွယ်တွေကို အသုံးပြုပါလိမ့်မယ်။ သမိုင်းဝင် မဟာမိတ်ဖြစ်မှုကိုအကြောင်းပြပြီး စစ်အခြေစိုက် စခန်းတွေ အသုံးပြုခွင့်တောင်းတာမျိုး၊ ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်းများစွာ ထိုင်းကာကွယ်ရေးအတွက် အထောက်အပံ့ဖြစ်ခဲ့တဲ့ လုံခြုံရေး အာမခံချက်တွေကို ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ လုပ်လာနိုင် ပါတယ်။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံက စီးပွားရေး အသာစီးရမှုကို အသုံးချပါလိမ့်မယ်။ သူတို့ကတော့ လူသိရှင်ကြား ခြိမ်းခြောက်တာမျိုး မဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြတ်ပြတ်သားသား ဖိအား ပေးမှာ ဖြစ်ပါတယ်။ ခရီးသွားလာမှုတွေကို ရပ်တန့် လိုက်တာ၊ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု တွေကို ဆိုင်းငံ့လိုက်တာ ဒါမှမဟုတ် စိုက်ပျိုးရေး ထွက်ကုန် တင်သွင်းမှုတွေကို ကန့်သတ်လိုက်တာမျိုး တစ်ခုခု လုပ်လိုက်ရုံနဲ့တင် ဘန်ကောက်အစိုးရဆီကို ရှင်းလင်းတဲ့ သတိပေးချက် ရောက်သွားဖို့ လုံလောက် ပါတယ်။
ဒါကြောင့် အကျပ်အတည်းဖြစ်လာရင် ထိုင်း နိုင်ငံဟာ ဝါရှင်တန်ကို ဗြောင်ကျကျ ဆန့်ကျင်မှာ မဟုတ်သလို အမေရိကန်ရဲ့ အကျိုးစီးပွားအတွက်နဲ့ တရုတ်ရဲ့ လက်တုံ့ပြန်မှုကိုခံရမယ့် အန္တရာယ်မျိုး ကိုလည်း အဖြစ်ခံမှာမဟုတ်ပါဘူး။ ရလဒ်အနေနဲ့ ကတော့ ဘယ်ဘက်မှမပါဘဲ ကြားနေတဲ့ပုံစံမျိုးနဲ့ ဘေဂျင်းဘက်ကို တိတ်တိတ်လေးယိမ်းနေတဲ့ အနေ အထားမျိုး ဖြစ်လာပါလိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရရင် ထိုင်းနိုင်ငံဟာ သစ္စာစောင့်သိမှုကြောင့် မဟုတ်ဘဲ လက်တွေ့ကျတဲ့ နိုင်ငံရေးတွက်ချက်မှု အရသာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ စီးပွားရေးအရ ရှင်သန်နိုင်ဖို့ ဖိအားတွေနဲ့ အာရှမှာ အာဏာချိန်ခွင် လျှာ ပြောင်းလဲလာမှုတွေကြောင့် အကျပ်အတည်း ကာလမှာတောင် တရုတ်ဘက်ကို တိတ်တိတ်ဆိတ် ဆိတ် ပူးပေါင်းသွားဖို့ပဲရှိနေပါတယ်။
ထိုင်းနိုင်ငံရဲ့ ပြုလွယ်ပြင်လွယ်ရှိတဲ့ လေယူရာ ယိမ်းမူဝါဒကြောင့် အနာဂတ်မှာ ထိုင်းဟာ ကမ္ဘာ့အင် အားစု အများအပြားရှိနေတဲ့ စင်မြင့်တစ်ခုထက် ပိုသွားနိုင်ပါတယ်။ အင်အားစုနှစ်ခုကြားမှာ ကြိတ်ခြေ ခံရတာမျိုး မဟုတ်ဘဲ အဲဒီအင်အားစုတွေကို အသုံးချ ပြီး ကိုယ်ပိုင်ပတ်လမ်းတစ်ခု တည်ဆောက်လာနိုင်တဲ့ နိုင်ငံမျိုး ဖြစ်လာနိုင်ပါတယ်။ ကြားနေဝါဒကို မဟာ ဗျူဟာမြောက် နည်းလမ်းတစ်ခုအဖြစ် ပြောင်းလဲပစ် တဲ့ နိုင်ငံမျိုး၊ ပြီးတော့ ကမ္ဘာ့အစီအစဉ်သစ်မှာ နိုင်ငံရဲ့ အရွယ်အစားက အဆုံးအဖြတ်ပေးတာမဟုတ်ဘဲ ရပ်တည်ချက် သဘောထားကသာ အဆုံးအဖြတ်ပေး တာ ဖြစ်တယ်ဆိုတာကို သက်သေပြနေတဲ့ နိုင်ငံမျိုး ဖြစ်လာနိုင်ပါတယ်။

Zawgyi Version:
အင္အားႀကီးႏိုင္ငံေတြရဲ႕ၿပိဳင္ဆိုင္မႈၾကားမွာ ၾကားေနႏိုင္ငံအျဖစ္ ကာလရွည္ၾကာရပ္တည္ခဲ့တဲ့ ထိုင္းႏိုင္ငံဟာ အခုအခါမွာေတာ့ တစ္ဖက္ကို ယိမ္းႏြဲ႕ ေနၿပီျဖစ္ပါတယ္။ ဒါဟာ ႐ုတ္တရက္ႀကီးျဖစ္ပ်က္ သြားတာေတာ့ မဟုတ္ပါဘူး။ အေျခခံအေဆာက္အအုံ ေတြ၊ စီးပြားေရးဆိုင္ရာ ယုတၱိေဗဒေတြနဲ႔ ယဥ္ေက်း မႈျခင္း နီးစပ္မႈေတြကတစ္ဆင့္ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ တစ္ခ်ိန္က ကြန္ျမဴနစ္ဝါဒကို ခုခံတားဆီး ေပးခဲ့တဲ့ အမာခံနယ္ေျမျဖစ္ခဲ့တဲ့ ထိုင္းႏိုင္ငံဟာ အခုအခါမွာေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ကုန္သြယ္ေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရး၊ အေျခခံအေဆာက္အအုံနဲ႔ အိုင္တီလုံၿခဳံေရးဆိုင္ရာအခ်က္အခ်ာတစ္ခု ျဖစ္လာ ေနပါတယ္။
ဒီအေျခအေနမွာ အေနာက္အုပ္စုေတြ ရွိေတာ့ ရွိေနေပမယ့္ သူတို႔ဟာ အၿမဲတမ္း ႏွစ္အနည္းငယ္ ေလာက္ ေနာက္က်ေနခဲ့ပါတယ္။ အေမရိကန္ျပည္ ေထာင္စုဟာ ထိုင္းႏိုင္ငံနဲ႔အတူ ပူးတြဲစစ္ေရးေလ့က်င့္ မႈေတြ ဆက္လုပ္ေနႏိုင္ေသးေပမယ့္ တ႐ုတ္ႏိုင္ငံရဲ႕ ဩဇာလႊမ္းမိုးမႈကေတာ့ ေျမျပင္အေျခအေန၊ လွ်ပ္စစ္ ဓာတ္အားကြန္ရက္၊ စမတ္ဖုန္းေတြနဲ႔ ေကာ္ပိုရိတ္႐ုံး ခန္းေတြထဲအထိ ပ်ံ႕ႏွံ႔ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွေဒသမွာ အေနာက္ႏိုင္ငံေတြရဲ႕ ဩဇာလႊမ္းမိုးမႈ ဘာေၾကာင့္က်ဆင္းသြားရသလဲ ဆိုတာကို ထိုင္းႏိုင္ငံကို ၾကည့္လိုက္႐ုံနဲ႔တင္ သိႏိုင္ပါ တယ္။
အင္အားႀကီးႏိုင္ငံေတြၾကားက ထိုင္းႏိုင္ငံ
ယေန႔ေခတ္ ထိုင္းႏိုင္ငံဟာ အင္အားႀကီးႏွစ္ႏိုင္ငံ ျဖစ္တဲ့ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ၾကားက ပထဝီ ႏိုင္ငံေရးတင္းမာမႈရဲ႕ ဗဟိုခ်က္မွာရွိေနတယ္လို႔ ဆိုႏိုင္ပါတယ္။ စစ္ေရး၊ အထိမ္းအမွတ္နဲ႔ ဝါဒေရးရာ ပိုင္းေတြမွာ ဝါရွင္တန္နဲ႔ သမိုင္းေၾကာင္းအရ နီးစပ္မႈရွိ ခဲ့ေပမယ့္ အခုအခါမွာေတာ့ ေဘဂ်င္းရဲ႕ စီးပြားေရး အရွိန္အဝါ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ မဟာဗ်ဴဟာေျမာက္မႈ ေတြက ပိုမိုဆြဲေဆာင္ေနပါတယ္။ စစ္ေအးတိုက္ပြဲ ကာလကတည္းက ထိုင္းႏိုင္ငံဟာ အေရွ႕ေတာင္အာရွ မွာ အေမရိကန္ရဲ႕ အနီးကပ္ဆုံး မဟာမိတ္တစ္ႏိုင္ငံ ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ ထိုင္းစစ္တပ္ရဲ႕ ကြန္ျမဴ နစ္ဆန႔္က်င္ေရး ရပ္တည္ခ်က္နဲ႔ ကြယ္လြန္သူ ဘုရင္ ႀကီး ရာမ (၉) နဲ႔ အေမရိကန္ အထက္တန္းလႊာေတြၾကား က နက္ရႈိင္းတဲ့ ပုဂၢိဳလ္ေရးဆိုင္ရာ ဆက္ႏႊယ္မႈေတြ ကတစ္ဆင့္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးက ပိုမိုခိုင္မာ ေစခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္ဟာ ထိုင္းႏိုင္ငံမွာ U-Tapao လိုမ်ိဳး ေလတပ္အေျခစိုက္စခန္းေတြကို ထားရွိခဲ့ၿပီး ထိုင္းစစ္တပ္ကို ေလ့က်င့္ေပးခဲ့သလို ဗီယက္နမ္စစ္ပြဲအတြင္းမွာလည္း ထိုင္းႏိုင္ငံကို ေထာက္ပံ့ပို႔ေဆာင္ေရး ဗဟိုခ်က္အျဖစ္ အသုံးျပဳခဲ့ပါ တယ္။
ဒီလိုနီးစပ္မႈဟာ လုံၿခဳံေရးမူဝါဒတင္မကဘဲ ယဥ္ေက်းမႈပိုင္းမွာလည္း သက္ေရာက္မႈရွိခဲ့ပါတယ္။ ထိုင္းအရာရွိ အမ်ားအျပားဟာ အေမရိကန္မွာ ပညာသင္ၾကားခဲ့ၾကၿပီး စီးပြားေရးမူဝါဒဆိုင္ရာ ေဆြး ေႏြးမႈေတြဟာ အေနာက္ႏိုင္ငံေတြဘက္ကို ဦးတည္ခဲ့ သလို ထိုင္းဘုရင္စနစ္ဟာလည္း မၿငိမ္မသက္ျဖစ္ေန တဲ့ ဒီေဒသမွာ အေနာက္ႏိုင္ငံလိုလားတဲ့ တည္ၿငိမ္ေရး ေက်ာက္ဆူးတစ္ခုအျဖစ္ ကာလရွည္ၾကာ တည္ရွိေန ခဲ့ပါတယ္။
တစ္ဖက္မွာလည္း ထိုင္းႏိုင္ငံဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ႏွစ္ခုအတြင္းမွာ တ႐ုတ္ႏိုင္ငံနဲ႔ စီးပြားေရး အရ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ခဲ့ပါတယ္။ ယေန႔ေခတ္မွာ တ႐ုတ္ဟာ ထိုင္းႏိုင္ငံရဲ႕ အေရး အႀကီးဆုံး ကုန္သြယ္ဖက္ႏိုင္ငံ ျဖစ္လာသလို ျမန္ႏႈန္း ျမင့္ ရထားလမ္းကြန္ရက္အပါအဝင္ အေရွ႕ပိုင္း စီးပြားေရးစႀကႍ (EEC) လိုမ်ိဳး အေျခခံ အေဆာက္ အအုံ စီမံကိန္းေတြမွာ အဓိက ရင္းႏွီးျမႇဳပ္ႏွံသူလည္း ျဖစ္လာခဲ့ပါတယ္။ စိုက္ပ်ိဳးေရးက႑ေတြ ဟာလည္း တ႐ုတ္ေဈးကြက္ကေန အက်ိဳးအျမတ္ ရရွိေနၾကပါ တယ္။ ဒါ့အျပင္ ယဥ္ေက်းမႈဆိုင္ရာ အဖြဲ႕အစည္း ေတြ၊ ဘာသာစကား သင္ၾကားေရး အစီအစဥ္ေတြနဲ႔ ပညာေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြလိုမ်ိဳး Soft Power ျမႇင့္တင္ေရးေတြကိုလည္း တ႐ုတ္ဘက္ က လုပ္ေဆာင္ေနပါတယ္။
ထိုင္း ႏိုင္ငံေရးေခါင္းေဆာင္ပိုင္းေတြဟာ (စစ္အစိုးရျဖစ္ေစ၊ အရပ္သားအစိုးရျဖစ္ေစ) ႏွစ္ေပါင္းမ်ားစြာ မဟာဗ်ဴဟာေျမာက္ မေရရာတဲ့ မူဝါဒကို က်င့္သုံးခဲ့ၾကပါတယ္။ Cobra Gold လိုမ်ိဳး စစ္ေရး ေလ့က်င့္မႈေတြနဲ႔ လုံၿခဳံေရးဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္မႈေတြမွာေတာ့ အေမရိကန္နဲ႔ မဟာမိတ္ ေဟာင္းအျဖစ္ ဆက္လက္တည္ရွိေနသလို တစ္ဖက္ မွာလည္း ေဘဂ်င္းရဲ႕ Belt and Road စီမံကိန္းေတြ၊ Smart City ေတြ၊ လွ်ပ္စစ္ကားနဲ႔ ဆီမီးကြန္ဒက္တာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္ တံခါးဖြင့္ေပးထားပါတယ္။ ႏွစ္ဖက္စလုံးနဲ႔ ဆက္ဆံေရးကို ထိန္းညႇိထားေပမယ့္ သိသာထင္ရွားတဲ့ လမ္းေၾကာင္းတစ္ခုကေတာ့ စီမံ ကိန္းတစ္ခုဟာ စီးပြားေရးနဲ႔ အနာဂတ္ကို ပိုၿပီးဦး တည္ေလေလ တ႐ုတ္ႏိုင္ငံရဲ႕ ပါဝင္ပတ္သက္မႈက ပိုၿပီးအားေကာင္းေလေလ ျဖစ္ေနတာပဲ ျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံအေပၚစီးပြားေရးအရ မွီခိုေနရမႈ
တ႐ုတ္ရဲ႕ လႊမ္းမိုးႏိုင္မႈက ထိုင္းႏိုင္ငံရဲ႕ စီးပြားေရးမွာ ရွင္းရွင္းလင္းလင္း ျပသေနပါတယ္။ အေမရိကန္ဟာ သေကၤတအရ မိတ္ဖက္အျဖစ္ ရွိေနေသးေပမယ့္ တ႐ုတ္ဟာ ထိုင္းႏိုင္ငံရဲ႕ အဓိက စီးပြားေရးအင္ဂ်င္ ျဖစ္လာခဲ့တာ ၾကာပါၿပီ။ ဒီလို ေပါင္းစည္းမႈဟာ ႐ိုး႐ိုးကုန္ပစၥည္း တင္ပို႔မႈကေန အဆင့္ျမင့္နည္းပညာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြအထိ က်ယ္ျပန႔္လာၿပီး အာဏာခ်ိန္ခြင္လွ်ာကို ႐ုတ္တရက္ မဟုတ္ဘဲ တျဖည္းျဖည္းနဲ႔ ေရရွည္တည္တံ့ေအာင္ ေျပာင္းလဲပစ္လိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ထိုင္းရဲ႕ အေရးအႀကီးဆုံး ကုန္သြယ္ဖက္အျဖစ္ ရွိေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာပါၿပီ။ China Briefing ရဲ႕ အဆိုအရ (၂၀၂၁) ခုႏွစ္မွာ ႏွစ္ႏိုင္ငံကုန္သြယ္မႈ ပမာဏဟာ ေဒၚလာ ဘီလီယံ (၁၀ဝ) ေက်ာ္သြားခဲ့ပါ တယ္။ ထိုင္းႏိုင္ငံရဲ႕ GDP က ေဒၚလာ ဘီလီယံ (၅၀ဝ) ဝန္းက်င္ရွိတာေၾကာင့္ ဒါဟာ စုစုေပါင္း စီးပြားေရး ထုတ္ကုန္ရဲ႕ (၂၀) ရာခိုင္ႏႈန္းေလာက္ ရွိေနတာပါ။ ႏႈိင္းယွဥ္ၾကည့္ရင္ အေမရိကန္နဲ႔ ကုန္ သြယ္မႈက ေဒၚလာ ဘီလီယံ (၅၀) ေလာက္ပဲ ရွိပါ တယ္။
ဒါ့ျပင္ ထိုင္းႏိုင္ငံက ထြက္ရွိတဲ့ ရာဘာ၊ ပီေလာ ပီနံ၊ ဆီအုန္းနဲ႔ အပူပိုင္းသစ္သီးေတြဟာ တ႐ုတ္ ႏိုင္ငံရဲ႕ ဝယ္လိုအားအေပၚ အဓိက မွီခိုေနရပါတယ္။ ပီေလာပီနံ တစ္ခုတည္းရဲ႕ တင္ပို႔မႈ (၆၀) ရာခိုင္ႏႈန္း ေက်ာ္ဟာ တ႐ုတ္ႏိုင္ငံကို သြားေနတာပါ။ ဒါဟာ တ႐ုတ္ႏိုင္ငံဘက္က အသာစီးယူၿပီး ဖိအားေပးႏိုင္ တဲ့ အေျခအေန ျဖစ္ေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ထိုင္းႏိုင္ငံဟာ လွ်ပ္စစ္ပစၥည္းေတြ၊ စက္ယႏၲရား ေတြနဲ႔ သူ႔ရဲ႕ လုပ္ငန္းခြင္သုံးပစၥည္းေတြကို တ႐ုတ္ ႏိုင္ငံကေန ျပန္ၿပီးတင္သြင္းေနရပါတယ္။ ဒီလို ေထာက္ပံ့ေရးကြင္းဆက္ေတြ ႐ုတ္တရက္ ျပတ္ ေတာက္သြားရင္ ထိုင္းစီးပြားေရး အေတာ္ေလး တုန္လႈပ္သြားႏိုင္ပါတယ္။
ထိုင္းႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ အေျခခံအေဆာက္ အအုံပိုင္းမွာ ဂ်ပန္ႏိုင္ငံဟာ အေရးအႀကီးဆုံး ႏိုင္ငံ ျခားရင္းႏွီးျမႇဳပ္ႏွံသူအျဖစ္ ၾကာရွည္ရပ္တည္ခဲ့ေပမယ့္ အခုေတာ့ တ႐ုတ္ႏိုင္ငံက အေတာ္ေလးကို အမွီလိုက္ လာပါၿပီ။ " ရပ္ဝန္းႏွင့္ ပိုးလမ္းမ" (BRI) စီမံကိန္း ေအာက္မွာ ဘန္ေကာက္ကေန ေနာင္ခိုင္အထိ ဆက္သြယ္မယ့္ အျမန္ရထားလမ္းေတြ၊ စက္မႈဇုန္ ေတြနဲ႔ ဒီဂ်စ္တယ္ ေထာက္ပံ့ပို႔ေဆာင္ေရး လုပ္ငန္း ေတြမွာ ေဒၚလာ ဘီလ်ံေပါင္းမ်ားစြာ စီးဝင္လာခဲ့ ပါတယ္။ အေရွ႕ဘက္စီးပြားေရးစႀကႍ (EEC) မွာလည္း တ႐ုတ္ကုမၸဏီ အေတာ္မ်ားမ်ား ရွိေနၿပီး အထူးသျဖင့္ ေမာ္ေတာ္ကား၊ အီလက္ထ႐ြန္နစ္၊ ေလေၾကာင္း နည္းပညာနဲ႔ ဒီဂ်စ္တယ္ ပလက္ေဖာင္း ေတြမွာ ပါဝင္ေနပါတယ္။ ဒီရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ ထိုင္းႏိုင္ငံကို ေငြေရးေၾကးေရးအရတင္မကဘဲ မဟာဗ်ဴဟာေျမာက္ပါ ခ်ည္ေႏွာင္ထားပါတယ္။
တ႐ုတ္ရဲ႕ ေနာက္ထပ္ အသာစီးရေနတဲ့ အခ်က္ကေတာ့ ထိုင္းႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္းပါပဲ။ ကပ္ေရာဂါမတိုင္ခင္က တ႐ုတ္ႏိုင္ငံဟာ ထိုင္းကို လာေရာက္တဲ့ အမ်ားဆုံး ခရီးသြားအုပ္စု ျဖစ္ခဲ့ပါ တယ္။ (၂၀၂၃) ခုႏွစ္မွာလည္း တ႐ုတ္ခရီးသြား သန္းေပါင္းမ်ားစြာ ျပန္လာခဲ့ၾကပါတယ္။ ဒါေၾကာင့္ ဘန္ေကာက္ အစိုးရဟာ တ႐ုတ္ရဲ႕မူဝါဒကို ဆန႔္က်င္ မယ့္ လမ္းမ်ိဳးကို မေ႐ြးႏိုင္ပါဘူး။ တ႐ုတ္(တိုင္ေပ) ကိစၥလိုမ်ိဳး သံတမန္ေရးအရ အနည္းငယ္ အဆင္မ ေျပျဖစ္႐ုံနဲ႔တင္ ခရီးသြားဦးေရ က်ဆင္းသြားႏိုင္ၿပီး ေဒသတြင္း စီးပြားေရးကိုထိခိုက္ေစႏိုင္ပါတယ္။
ဒီဂ်စ္တယ္စနစ္၊ လွ်ပ္စစ္ကားနဲ႔ AI နည္းပညာ ေတြမွာလည္း တ႐ုတ္ႏိုင္ငံဟာ ထိုင္းရဲ႕ အားထား ရတဲ့ မိတ္ဖက္ျဖစ္လာပါတယ္။ ထိုင္းရဲ႕ 5G ကြန္ရက္ ေတြ၊ ဘက္ထရီနည္းပညာ၊Smart City အေျခခံ အေဆာက္အအုံေတြနဲ႔ ဒီဂ်စ္တယ္ ေငြေပးေခ်မႈစနစ္ ေတြ (Alipay, WeChat Pay) မွာ တ႐ုတ္ကုမၸဏီ ေတြဟာ မရွိမျဖစ္ အခန္းက႑က ပါဝင္ေနပါတယ္။
တ႐ုတ္နဲ႔ အေမရိကန္အၾကား လြန္ဆြဲလာတဲ့ အခါ ေအးခ်မ္းေနတဲ့အခ်ိန္မွာေတာ့ မဟာဗ်ဴဟာ ေျမာက္ ၾကားေနဝါဒကိုက်င့္သုံးရတာ လြယ္ကူပါ တယ္။ ဒါေပမဲ့ ဒီမွ်ေျခဟာ ဝန္ထုပ္ဝန္ပိုးျဖစ္လာတဲ့ အခါ ဘာျဖစ္လာႏိုင္သလဲ။ ေတာင္တ႐ုတ္ပင္လယ္ မွာျဖစ္ျဖစ္၊ တ႐ုတ္(တိုင္ေပ)ကိစၥမွာျဖစ္ျဖစ္၊ ဒါမွမ ဟုတ္ အဓိက ေထာက္ပံ့ေရးကြင္းဆက္ေတြမွာျဖစ္ ျဖစ္ တ႐ုတ္နဲ႔ အေမရိကန္ၾကား ပဋိပကၡေတြ အရွိန္ ျမင့္လာရင္ ဘာျဖစ္လာႏိုင္မလဲ။
ဆိုလိုတာက ႏိုင္ငံတကာပဋိပကၡတစ္ခု ေပါက္ ကြဲထြက္လာခဲ့လို႔ ထိုင္းႏိုင္ငံအေနနဲ႔ တစ္ဖက္ဖက္ကို ျပတ္ျပတ္သားသား ေ႐ြးခ်ယ္ရေတာ့မယ္ဆိုရင္ ဘယ္ဘက္ကို ယိမ္းသြားမလဲ ဆိုတာပါပဲ။ တကယ္ တမ္း အက်ပ္အတည္းျဖစ္လာရင္ ႏွစ္ဖက္စလုံးက သူတို႔မွာရွိတဲ့ ဩဇာအာဏာ လက္နက္အားလုံးကို အသုံးျပဳၾကမွာ ျဖစ္ပါတယ္။ အေမရိကန္က သံတ မန္လမ္းေၾကာင္းေတြ၊ စစ္သံမႉးေတြ၊ ကုန္သြယ္ေရး သေဘာတူညီခ်က္ေတြနဲ႔ ေထာက္လွမ္းေရး အဆက္ အသြယ္ေတြကို အသုံးျပဳပါလိမ့္မယ္။ သမိုင္းဝင္ မဟာမိတ္ျဖစ္မႈကိုအေၾကာင္းျပၿပီး စစ္အေျခစိုက္ စခန္းေတြ အသုံးျပဳခြင့္ေတာင္းတာမ်ိဳး၊ ဒါမွမဟုတ္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ထိုင္းကာကြယ္ေရးအတြက္ အေထာက္အပံ့ျဖစ္ခဲ့တဲ့ လုံၿခဳံေရး အာမခံခ်က္ေတြကို ႐ုပ္သိမ္းမယ္လို႔ ၿခိမ္းေျခာက္တာမ်ိဳးေတြ လုပ္လာႏိုင္ ပါတယ္။
တစ္ဖက္မွာလည္း တ႐ုတ္ႏိုင္ငံက စီးပြားေရး အသာစီးရမႈကို အသုံးခ်ပါလိမ့္မယ္။ သူတို႔ကေတာ့ လူသိရွင္ၾကား ၿခိမ္းေျခာက္တာမ်ိဳး မဟုတ္ဘဲ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ျပတ္ျပတ္သားသား ဖိအား ေပးမွာ ျဖစ္ပါတယ္။ ခရီးသြားလာမႈေတြကို ရပ္တန႔္ လိုက္တာ၊ အေျခခံအေဆာက္အအုံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေတြကို ဆိုင္းငံ့လိုက္တာ ဒါမွမဟုတ္ စိုက္ပ်ိဳးေရး ထြက္ကုန္ တင္သြင္းမႈေတြကို ကန႔္သတ္လိုက္တာမ်ိဳး တစ္ခုခု လုပ္လိုက္႐ုံနဲ႔တင္ ဘန္ေကာက္အစိုးရဆီကို ရွင္းလင္းတဲ့ သတိေပးခ်က္ ေရာက္သြားဖို႔ လုံေလာက္ ပါတယ္။
ဒါေၾကာင့္ အက်ပ္အတည္းျဖစ္လာရင္ ထိုင္း ႏိုင္ငံဟာ ဝါရွင္တန္ကို ေျဗာင္က်က် ဆန႔္က်င္မွာ မဟုတ္သလို အေမရိကန္ရဲ႕ အက်ိဳးစီးပြားအတြက္နဲ႔ တ႐ုတ္ရဲ႕ လက္တုံ႔ျပန္မႈကိုခံရမယ့္ အႏၲရာယ္မ်ိဳး ကိုလည္း အျဖစ္ခံမွာမဟုတ္ပါဘူး။ ရလဒ္အေနနဲ႔ ကေတာ့ ဘယ္ဘက္မွမပါဘဲ ၾကားေနတဲ့ပုံစံမ်ိဳးနဲ႔ ေဘဂ်င္းဘက္ကို တိတ္တိတ္ေလးယိမ္းေနတဲ့ အေန အထားမ်ိဳး ျဖစ္လာပါလိမ့္မယ္။ တစ္နည္းအားျဖင့္ ေျပာရရင္ ထိုင္းႏိုင္ငံဟာ သစၥာေစာင့္သိမႈေၾကာင့္ မဟုတ္ဘဲ လက္ေတြ႕က်တဲ့ ႏိုင္ငံေရးတြက္ခ်က္မႈ အရသာ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ စီးပြားေရးအရ ရွင္သန္ႏိုင္ဖို႔ ဖိအားေတြနဲ႔ အာရွမွာ အာဏာခ်ိန္ခြင္ လွ်ာ ေျပာင္းလဲလာမႈေတြေၾကာင့္ အက်ပ္အတည္း ကာလမွာေတာင္ တ႐ုတ္ဘက္ကို တိတ္တိတ္ဆိတ္ ဆိတ္ ပူးေပါင္းသြားဖို႔ပဲရွိေနပါတယ္။
ထိုင္းႏိုင္ငံရဲ႕ ျပဳလြယ္ျပင္လြယ္ရွိတဲ့ ေလယူရာ ယိမ္းမူဝါဒေၾကာင့္ အနာဂတ္မွာ ထိုင္းဟာ ကမာၻ႔အင္ အားစု အမ်ားအျပားရွိေနတဲ့ စင္ျမင့္တစ္ခုထက္ ပိုသြားႏိုင္ပါတယ္။ အင္အားစုႏွစ္ခုၾကားမွာ ႀကိတ္ေျခ ခံရတာမ်ိဳး မဟုတ္ဘဲ အဲဒီအင္အားစုေတြကို အသုံးခ် ၿပီး ကိုယ္ပိုင္ပတ္လမ္းတစ္ခု တည္ေဆာက္လာႏိုင္တဲ့ ႏိုင္ငံမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ ၾကားေနဝါဒကို မဟာ ဗ်ဴဟာေျမာက္ နည္းလမ္းတစ္ခုအျဖစ္ ေျပာင္းလဲပစ္ တဲ့ ႏိုင္ငံမ်ိဳး၊ ၿပီးေတာ့ ကမာၻ႔အစီအစဥ္သစ္မွာ ႏိုင္ငံရဲ႕ အ႐ြယ္အစားက အဆုံးအျဖတ္ေပးတာမဟုတ္ဘဲ ရပ္တည္ခ်က္ သေဘာထားကသာ အဆုံးအျဖတ္ေပး တာ ျဖစ္တယ္ဆိုတာကို သက္ေသျပေနတဲ့ ႏိုင္ငံမ်ိဳး ျဖစ္လာႏိုင္ပါတယ္။