မုံရွာတွင် အသက်မပြည့်သေးသူအမျိုးသမီးကို ပြန်ပေးဆွဲရန် ကြိုးစားပြီးနောက် မရ၍ ဆိုင်ကယ်လုယူသွားသူ အမျိုးသား (၃) ဦးအား ဖမ်းမိ

 1986

သန့်ဇင်(NP News)-ဇန်နဝါရီ ၇
မုံရွာတွင် အသက်မပြည့်သေးသူအမျိုးသမီးကို ပြန်ပေးဆွဲရန် ကြိုးစားပြီးနောက် မရ၍ ဆိုင်ကယ်လုယူသွားသူ အမျိုးသား (၃) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီ ၆ရက်) ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မုံရွာမြို့၊ မုံရွာမြို့၊ နမ်ချွန်ဆိပ်အနီးတွင် အနီးတွင်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်
မုံရွာမြို့၊ အလုံရပ်ကွက်တွင်နေထိုင်သည့် အသက် (၁၆) နှစ်အရွယ် (၉)တန်းကျောင်းသူ နှစ်ဦး က အထက်ပါနေရာတွင် ဓာတ်ပုံရိုက်ပြီး ပြန်လည်ထွက်ခွာလာစဉ် အမည်မသိ အမျိုးသား(၃)ဦးအနက်၊ တစ်ဦးသည် ဆိုင်ကယ် (၁)စီးအား စီးပြီး ကျန်(၂)ဦးမှ ဆိုင်ကယ် (၁)စီး ကို နှစ်ယောက်ပူးစီးနင်းရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ ကျောင်းသူ ၂ ဦး အနက် တစ်ဦးအား အမျိုးသားတစ်ဦးက နောက်မှလည်ပင်းကို သိုင်းဖက်ကာ ခါးအားသေနတ်အတိုဖြင့်ထောက်၍ အသက်မသေလိုက လိုက်ခဲ့ရန်ပြောရာ ၎င်းက မလိုက်ဘဲရုန်းကန်ထွက်ပြေးစဥ် ဆံပင်လှမ်းဆွဲပြီး နောက်မှ လည်းပင်းအား ထပ်မံသိုင်းဖက်ကာ ၄င်းတို့နှင့်ထပ်မံလိုက်ခဲ့ရန်ပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် အော်ဟစ်ရုန်းကန်သဖြင့် ၄င်းလူငယ် (၃)ဦးသည် အမျိုးသမီးငယ်ကို ထားခဲ့ကာ ၎င်း၏ Scoppy အနက်ရောင် ဆိုင်ကယ်အားယူပြီး ၄င်းမှ ကမ်းနားလမ်းအတိုင်း နမ်ချွန်ဆိပ်ဘက်သို့ လည်းကောင်း ကျန်(၂)ဦးမှာ ကန်သာယာမြောက်ဘက် ကွေ့ကြီးဘက်သို့ လည်းကောင်းခွဲ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုကယ်လုယူထွက်ပြေးသွားသည့် ကျူးလွန်သူ (၃) ဦး လုံခြုံရေးပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ရာ မင်းကင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဇော်အောင် (၃၃)နှစ်၊ ညောင်ပင်ဝန်းကျေးရွာ၊ ကနီမြို့နယ် နေ ရဲဇော် (၂၈)နှစ် ပါ သုံးဦးကို အခင်းဖြစ်ချိန်တွင် အသုံးပြုသည့် သေနတ် (၁) လက်နှင့် အတူ ဖမ်းဆီး ရမိကြောင်း သိရသည်။

Zawgyi Version:
မုံ႐ြာတြင္ အသက္မျပည့္ေသးသူအမ်ိဳးသမီးကို ျပန္ေပးဆြဲရန္ ႀကိဳးစားၿပီးေနာက္ မရ၍ ဆိုင္ကယ္လုယူသြားသူ အမ်ိဳးသား (၃) ဦးအား ဖမ္းမိ
သန႔္ဇင္(NP News)-ဇန္နဝါရီ ၇
မုံ႐ြာတြင္ အသက္မျပည့္ေသးသူအမ်ိဳးသမီးကို ျပန္ေပးဆြဲရန္ ႀကိဳးစားၿပီးေနာက္ မရ၍ ဆိုင္ကယ္လုယူသြားသူ အမ်ိဳးသား (၃) ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇန္နဝါရီ ၆ရက္) ညေန ၅ နာရီ ၂၅ မိနစ္အခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ မုံ႐ြာၿမိဳ႕၊ နမ္ခြၽန္ဆိပ္အနီးတြင္ အနီးတြင္ျဖစ္ ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္
မုံ႐ြာၿမိဳ႕၊ အလုံရပ္ကြက္တြင္ေနထိုင္သည့္ အသက္ (၁၆) ႏွစ္အ႐ြယ္ (၉)တန္းေက်ာင္းသူ ႏွစ္ဦး က အထက္ပါေနရာတြင္ ဓာတ္ပုံ႐ိုက္ၿပီး ျပန္လည္ထြက္ခြာလာစဥ္ အမည္မသိ အမ်ိဳးသား(၃)ဦးအနက္၊ တစ္ဦးသည္ ဆိုင္ကယ္ (၁)စီးအား စီးၿပီး က်န္(၂)ဦးမွ ဆိုင္ကယ္ (၁)စီး ကို ႏွစ္ေယာက္ပူးစီးနင္းေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါ ေက်ာင္းသူ ၂ ဦး အနက္ တစ္ဦးအား အမ်ိဳးသားတစ္ဦးက ေနာက္မွလည္ပင္းကို သိုင္းဖက္ကာ ခါးအားေသနတ္အတိုျဖင့္ေထာက္၍ အသက္မေသလိုက လိုက္ခဲ့ရန္ေျပာရာ ၎က မလိုက္ဘဲ႐ုန္းကန္ထြက္ေျပးစဥ္ ဆံပင္လွမ္းဆြဲၿပီး ေနာက္မွ လည္းပင္းအား ထပ္မံသိုင္းဖက္ကာ ၄င္းတို႔ႏွင့္ထပ္မံလိုက္ခဲ့ရန္ေျပာခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ေအာ္ဟစ္႐ုန္းကန္သျဖင့္ ၄င္းလူငယ္ (၃)ဦးသည္ အမ်ိဳးသမီးငယ္ကို ထားခဲ့ကာ ၎၏ Scoppy အနက္ေရာင္ ဆိုင္ကယ္အားယူၿပီး ၄င္းမွ ကမ္းနားလမ္းအတိုင္း နမ္ခြၽန္ဆိပ္ဘက္သို႔ လည္းေကာင္း က်န္(၂)ဦးမွာ ကန္သာယာေျမာက္ဘက္ ေကြ႕ႀကီးဘက္သို႔ လည္းေကာင္းခြဲ၍ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆိုကယ္လုယူထြက္ေျပးသြားသည့္ က်ဴးလြန္သူ (၃) ဦး လုံၿခဳံေရးပူးေပါင္းအဖြဲ႕က စုံစမ္းစစ္ေဆးဖမ္းဆီးမႈမ်ားလုပ္ေဆာင္ခဲ့ရာ မင္းကင္းၿမိဳ႕နယ္၊ ႐ြာသစ္ကုန္းေက်း႐ြာေန ေဇာ္ေအာင္ (၃၃)ႏွစ္၊ ေညာင္ပင္ဝန္းေက်း႐ြာ၊ ကနီၿမိဳ႕နယ္ ေန ရဲေဇာ္ (၂၈)ႏွစ္ ပါ သုံးဦးကို အခင္းျဖစ္ခ်ိန္တြင္ အသုံးျပဳသည့္ ေသနတ္ (၁) လက္ႏွင့္ အတူ ဖမ္းဆီး ရမိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.