မအူပင်မြို့ရှိ စက်သုံးဆီဆိုင်မီးလောင်မှုမှ ဒါဏ်ရာရရှိသူ (၂)ဦးထပ်မံသေဆုံး ၊ သေဆုံးသူ (၃)ဦးထိရှိလာ

 722

ပြည့်ဖြိုးပိုင် (မအူပင်)-ဇန်နဝါရီ - ၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ဇန်နဝါရီလ (၆)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သော ကြယ်စင်ဧရာ စက်သုံးဆီဆိုင် မီးလောင်မှုတွင် ဒါဏ်ရာရရှိသူများထဲမှ အမျိုးသား တစ်ဦး နှင့်အမျိုးသမီးတစ်ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ထပ်မံသေဆုံးသွားကြောင်းသိရသည်။

ကြယ်စင်ဧရာစက်သုံးဆီအရောင်းဆိုင်တွင် ပေပါအတွင်းမှ တိုက်ရိုက်ပန့်ဖြင့်ဆီလှယ်ရာမှ မီးပွားထွက်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ငါးဦး မီးလောင်ဒါဏ်ရာရရှိခဲ့ကာ ဒါဏ်ရာရရှိသူများအတွင်းမှ ၎င်းဆီ‌ဆိုင်သို့ လာရောက်ဝယ်ယူသူ မအူပင်မြို့နယ် ကျွဲဂါတ်ကျေးရွာ၌နေထိုင်သော အသက် (၄၀)အရွယ်အမျိုးသားမှာ မအူပင်ပြည်သူ့ဆေးရုံကြီးတွင်သေဆုံးသွားခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါမီးလောင်မှုတွင် မီးလောင်ဒါဏ်ရာ အပြင်းအထန်ရရှိခဲ့သော အမျိုးသမီးတစ်ဦးနှင့်အမျိုးသား လေးဦးအားဇန်နဝါရီလ (၆)ရက်နေ့ ညနေပိုင်း၌
မအူပင် ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လွဲပြောင်းပေးခဲ့ကာ ယနေ့ဇန်နဝါရီလ (၇)ရက်နေ့၌အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားသဖြင့် ယင်းမီးလောင်မှုဖြစ်စဉ်တွင်သေဆုံးသူ (၃)ဦးအထိရှိကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:
မအူပင္ၿမိဳ႕ရွိ စက္သုံးဆီဆိုင္မီးေလာင္မႈမွ ဒါဏ္ရာရရွိသူ (၂)ဦးထပ္မံေသဆုံး ၊ ေသဆုံးသူ (၃)ဦးထိရွိလာ
ျပည့္ၿဖိဳးပိုင္ (မအူပင္)-ဇန္နဝါရီ - ၇
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕တြင္ ဇန္နဝါရီလ (၆)ရက္ေန႔ ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့ေသာ ၾကယ္စင္ဧရာ စက္သုံးဆီဆိုင္ မီးေလာင္မႈတြင္ ဒါဏ္ရာရရွိသူမ်ားထဲမွ အမ်ိဳးသား တစ္ဦး ႏွင့္အမ်ိဳးသမီးတစ္ဦး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ထပ္မံေသဆုံးသြားေၾကာင္းသိရသည္။

ၾကယ္စင္ဧရာစက္သုံးဆီအေရာင္းဆိုင္တြင္ ေပပါအတြင္းမွ တိုက္႐ိုက္ပန႔္ျဖင့္ဆီလွယ္ရာမွ မီးပြားထြက္၍ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသား ငါးဦး မီးေလာင္ဒါဏ္ရာရရွိခဲ့ကာ ဒါဏ္ရာရရွိသူမ်ားအတြင္းမွ ၎ဆီ‌ဆိုင္သို႔ လာေရာက္ဝယ္ယူသူ မအူပင္ၿမိဳ႕နယ္ ကြၽဲဂါတ္ေက်း႐ြာ၌ေနထိုင္ေသာ အသက္ (၄၀)အ႐ြယ္အမ်ိဳးသားမွာ မအူပင္ျပည္သူ႔ေဆး႐ုံႀကီးတြင္ေသဆုံးသြားခဲ့ျခင္းလည္းျဖစ္သည္။

အဆိုပါမီးေလာင္မႈတြင္ မီးေလာင္ဒါဏ္ရာ အျပင္းအထန္ရရွိခဲ့ေသာ အမ်ိဳးသမီးတစ္ဦးႏွင့္အမ်ိဳးသား ေလးဦးအားဇန္နဝါရီလ (၆)ရက္ေန႔ ညေနပိုင္း၌
မအူပင္ ျပည္သူ႔ေဆး႐ုံႀကီးမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔လြဲေျပာင္းေပးခဲ့ကာ ယေန႔ဇန္နဝါရီလ (၇)ရက္ေန႔၌အသက္(၃၀)အ႐ြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ အသက္(၅၀)အ႐ြယ္ အမ်ိဳးသားတစ္ဦး ထပ္မံေသဆုံးသြားသျဖင့္ ယင္းမီးေလာင္မႈျဖစ္စဥ္တြင္ေသဆုံးသူ (၃)ဦးအထိရွိေၾကာင္းလည္းသိရသည္။
သတင္းဓါတ္ပုံ - ျပည့္ၿဖိဳးပိုင္ (NP News)

Related news

© 2021. All rights reserved.