မင်းလှအနီး Double Circuit ဓာတ်အားလိုင်း မိုင်းခွဲဖျက်ဆီးခံရ၍ မဂ္ဂါဝပ် (၄၀၀)ခန့် ပို့လွှတ်မှု လျော့နည်းခဲ့

484

ပုံစာ။ ယခင်အကြမ်းဖက်များ ဖျက်ဆီးခဲ့သည့် လျှပ်စစ်တာဝါတိုင်တစ်ခု
စော(NP News)- မတ် ၂၇
မင်းလှမြို့နယ်အနီး Double Circuit ဓာတ်အားလိုင်း မိုင်းခွဲဖျက်ဆီးခံရ၍ မဂ္ဂါဝပ် (၄၀၀)ခန့် ပို့လွှတ်မှု လျော့နည်းခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ယနေ့(မတ်လ ၂၇ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ယနေ့ (မတ်လ ၂၇ရက်)၊ မွန်းလွဲ (၁၁)နာရီ (၄၁)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) နှင့် ရန်ကုန်တိုင်းဒေသကြီးအကြား ရှိ ၂၃၀ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းသည် မင်းလှမြိုနယ်အနီး မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် တာဝါတိုင်အမှတ် (၃၁၁)နှင့် (၃၁၂)ပြိုလဲခဲ့ရပြီး တာဝါတိုင်အမှတ် (၃၁၀)နှင့် (၃၁၃)တိမ်းစောင်းခဲ့၍ လိုင်းချို့ယွင်းမှုလည်း ဖြစ်ပွားခဲ့သဖြင့် ဓာတ်အားစနစ်အတွင်း မဂ္ဂါဝပ် (၄၀၀)ခန့် သယ်ဆောင်ပို့လွှတ်မှု လျော့နည်းသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့လျော့နည်းမှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့အချိန်များနှင့် အချိုသော နေရာများတွင် ဝန်အားထိန်းညှိမှုများ ဆောင်ရွက်နေရကြောင်းနှင့် အဆင်မပြေမှုများအတွက် နားလည်သည်းခံပေးရန် YESC က အသိပေးထားသည်။

Zawgyi Version:
မင္းလွအနီး Double Circuit ဓာတ္အားလိုင္း မိုင္းခြဲဖ်က္ဆီးခံရ၍ မဂၢါဝပ္ (၄၀၀)ခန္႔ ပို႔လႊတ္မႈ ေလ်ာ့နည္းခဲ့
ေစာ(NP News)- မတ္ ၂၇
မင္းလွၿမိဳ႕နယ္အနီး Double Circuit ဓာတ္အားလိုင္း မိုင္းခြဲဖ်က္ဆီးခံရ၍ မဂၢါဝပ္ (၄၀၀)ခန္႔ ပို႔လႊတ္မႈ ေလ်ာ့နည္းခဲ့ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC)က ယေန႔(မတ္လ ၂၇ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ယေန႔ (မတ္လ ၂၇ရက္)၊ မြန္းလြဲ (၁၁)နာရီ (၄၁)နာရီအခ်ိန္တြင္ ပဲခူးတိုင္းေဒသႀကီး (အေနာက္ပိုင္း) ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအၾကား ရွိ ၂၃၀ေကဗြီ ေ႐ႊေတာင္-မင္းလွ-ေျမာင္းတကာ Double Circuit ဓာတ္အားလိုင္းသည္ မင္းလွၿမိဳနယ္အနီး မိုင္းခြဲဖ်က္ဆီးခံခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ တာဝါတိုင္အမွတ္ (၃၁၁)ႏွင့္ (၃၁၂)ၿပိဳလဲခဲ့ရၿပီး တာဝါတိုင္အမွတ္ (၃၁၀)ႏွင့္ (၃၁၃)တိမ္းေစာင္းခဲ့၍ လိုင္းခ်ိဳယြင္းမႈလည္း ျဖစ္ပြားခဲ့သျဖင့္ ဓာတ္အားစနစ္အတြင္း မဂၢါဝပ္ (၄၀၀)ခန္႔ သယ္ေဆာင္ပို႔လႊတ္မႈ ေလ်ာ့နည္းသြားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ေလ်ာ့နည္းမႈေၾကာင့္ ျမန္မာႏိုင္ငံေတာင္ပိုင္း ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးအတြင္း အခ်ိဳအခ်ိန္မ်ားႏွင့္ အခ်ိဳေသာ ေနရာမ်ားတြင္ ဝန္အားထိန္းညႇိမႈမ်ား ေဆာင္႐ြက္ေနရေၾကာင္းႏွင့္ အဆင္မေျပမႈမ်ားအတြက္ နားလည္သည္းခံေပးရန္ YESC က အသိေပးထားသည္။