ရမည်းသင်းမြို့နယ်တွင် ဆာလာအိတ်များဖြင့် သယ်ဆောင်လာသည့်ငွေကျပ် ၃ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

388

Pearl (NP News) - မတ် ၂၆
ရမည်းသင်းမြို့နယ်တွင် ဆာလာအိတ်များဖြင့် သယ်ဆောင်လာသည့်ငွေကျပ် ၃ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် မတ် ၂၄ ရက် နံနက် ၂ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် တပ်ကုန်း-ကျောက်ဆည်ခရိုင် ချင်းဆက်လမ်းပေါ်ရှိ နန်းလုံကျေးရွာနှင့် ကျည်စုကျေးရွာကြား၌ ပင်လောင်းမြို့နယ်ဘက်မှ ဆာလာအိတ်များ တင်ဆောင်လာသည့် Shayan အမျိုးအစား ဆိုင်ကယ် ၂ စီးနှင့် Kenbo အမျိုးအစား ဆိုင်ကယ် ၁ စီးတို့အား စစ်ဆေးရှာဖွေရန် တားဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ခွန်လိမ္မာ ၊ ၄၀ နှစ်၊ (ဘ) ဦးထွန်းလှိုင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လူဖဲခြမ်းကျေးရွာနေသူအား ဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ်များအား ရှာဖွေစစ်ဆေးခဲ့ရာ ဆာလာအိတ် ၆ အိတ်အတွင်းမှ ငွေကျပ် ၃ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရမည္းသင္းၿမိဳ႕နယ္တြင္ ဆာလာအိတ္မ်ားျဖင့္ သယ္ေဆာင္လာသည့္ေငြက်ပ္ ၃ ဘီလ်ံခန႔္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ မတ္ ၂၄ ရက္ နံနက္ ၂ နာရီခြဲခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕နယ္တြင္ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ ပူးေပါင္းအဖြဲ႕သည္ တပ္ကုန္း-ေက်ာက္ဆည္ခ႐ိုင္ ခ်င္းဆက္လမ္းေပၚရွိ နန္းလုံေက်း႐ြာႏွင့္ က်ည္စုေက်း႐ြာၾကား၌ ပင္ေလာင္းၿမိဳ႕နယ္ဘက္မွ ဆာလာအိတ္မ်ား တင္ေဆာင္လာသည့္ Shayan အမ်ိဳးအစား ဆိုင္ကယ္ ၂ စီးႏွင့္ Kenbo အမ်ိဳးအစား ဆိုင္ကယ္ ၁ စီးတို႔အား စစ္ေဆးရွာေဖြရန္ တားဆီးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တားဆီးစဥ္ ရပ္တန႔္ေပးျခင္းမရွိသျဖင့္ လိုက္လံဖမ္းဆီးခဲ့ရာ ခြန္လိမၼာ ၊ ၄၀ ႏွစ္၊ (ဘ) ဦးထြန္းလႈိင္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္၊ လူဖဲျခမ္းေက်း႐ြာေနသူအား ဆိုင္ကယ္ ၃ စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး အဆိုပါဆိုင္ကယ္မ်ားေပၚတြင္ တင္ေဆာင္ထားသည့္ ဆာလာအိတ္မ်ားအား ရွာေဖြစစ္ေဆးခဲ့ရာ ဆာလာအိတ္ ၆ အိတ္အတြင္းမွ ေငြက်ပ္ ၃ ဘီလ်ံခန႔္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂,၀၀၀,၀၀၀ ျပားတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူအား ဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္ႏိုင္ေရး သက္ဆိုင္ရာနယ္ေျမရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံၿပီး အမႈဖြင့္ေဆာင္႐ြက္ထားရွိကာ ဆက္စပ္တရားခံမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။