ပဲခူးတိုင်းတွင် တစ်ရက်အတွင်း လူ(၃) ဦးကို PDF အဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့

 1255

သန့်ဇင် (NP News) - မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် တစ်ရက်အတွင်း လူ(၃) ဦးကို PDF အဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံ‌ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၁၁ ရက်၊ ည ၁၁ နာရီ ၁၅ မိနစ်ခန့်က တောင်ငူမြို့နယ်၊ ရွှေမင်းဝံကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေမင်ဝံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှကြည်(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU၊ PDF ပူးပေါင်းအဖွဲ့ဝင်အင်အား (၅) ဦးခန့်က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင် ဦးလှကြည်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့၊ မွန်းလွဲ ၁၂ နာရီခွဲကလည်း ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးချိုတောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၄)နှစ်အရွယ် ဒေါ်တင်တင်နုသဘ် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် တစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင်လည်း မင်းလှမြို့နယ်၊ ဝက်လှကြီး ကျေးရွာတွင်နေထိုင်သည့် အသက် (၄၇) နှစ်အရွယ် ဦးအောင်ကျော်မိုးသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၅) ဦးက ဆိုင်ကယ် (၂) စီးဖြင့်ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ ဆိုင်ကယ် တစ်စီးအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့သို့ ပြစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးအောင်ကျော်မိုးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ပဲခူးတိုင္းတြင္ တစ္ရက္အတြင္း လူ(၃) ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္လာေရာက္ပစ္ခတ္သတ္ျဖတ္ခဲ့
သန႔္ဇင္ (NP News) - မတ္ ၂၄
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ႏွင့္ မင္းလွၿမိဳ႕နယ္တို႔တြင္ တစ္ရက္အတြင္း လူ(၃) ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္လာေရာက္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံ‌ေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ ၁၁ ရက္၊ ည ၁၁ နာရီ ၁၅ မိနစ္ခန႔္က ေတာင္ငူၿမိဳ႕နယ္၊ ေ႐ႊမင္းဝံေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေ႐ႊမင္ဝံေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးလွၾကည္(၆၂)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ KNU၊ PDF ပူးေပါင္းအဖြဲ႕ဝင္အင္အား (၅) ဦးခန႔္က ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင္ ဦးလွၾကည္တြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ယင္းေန႔၊ မြန္းလြဲ ၁၂ နာရီခြဲကလည္း ပဲခူးတိုင္းေဒသႀကီး၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ေဈးခ်ိဳေတာင္ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ (၅၄)ႏွစ္အ႐ြယ္ ေဒၚတင္တင္ႏုသဘ္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ တစ္ဦးေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းေန႔ ညေန ၅ နာရီ ၄၀ မိနစ္တြင္လည္း မင္းလွၿမိဳ႕နယ္၊ ဝက္လွႀကီး ေက်း႐ြာတြင္ေနထိုင္သည့္ အသက္ (၄၇) ႏွစ္အ႐ြယ္ ဦးေအာင္ေက်ာ္မိုးသည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၅) ဦးက ဆိုင္ကယ္ (၂) စီးျဖင့္ေရာက္ရွိလာၿပီး “ဒလန္” ဟု စြပ္စြဲေျပာဆို၍ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္၍ ေနအိမ္ရွိ ဆိုင္ကယ္ တစ္စီးအား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ျပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဦးေအာင္ေက်ာ္မိုးတြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္လည္း ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ အျမန္ဆုံး ဖမ္းဆီးေဖာ္ထုတ္ရမိေရး လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.