အိန္ဒိယက ဓာတ်ဆီဆိုင်များမှာ ဓါတ်ဆီရဖို့ တန်းစီရင်း ရန်ပွဲများဖြစ်လာ

587

ဂျန်ဇက် (NP News) - မတ် ၂၇
အိန္ဒိယနိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ လူတွေဟာ များပြားလျက်ရှိနေပြီး တန်းစီရင်းကနေ ဓါတ်ဆီလုမှုများဖြစ်လာခဲ့ကာ စိတ်မရှည်ကြတော့ဘဲ အပြန်အလှန် လက်သီးဖြင့်ထိုးကာ ခိုက်ရန်ဖြစ်လာကြတယ်လို့ သိရပါတယ်။ ကုန်ကားသမားများဟာ အိန္ဒိယနိုင်ငံရဲ့ယာဉ်တိုက်မှုဆိုင်ရာပြစ်မှုဥပဒေသစ်ကိုမကျေနပ်လို့ နိုင်ငံတစ်ဝှမ်း သပိတ်မှောက်ရာကနေ စတင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ ဥပဒေသစ်အရ ယာဉ်တိုက်မှုဖြစ်ပြီးနောက် တာဝန်ရှိသူတွေဆီ သတင်းမပို့ဘဲ ထွက်ပြေးပါက ကားသမားဟာထောင်ဒဏ် (၁၀) နှစ်အထိနှင့် ဒဏ်ငွေ ရူပီး (၇) သိန်းအထိ အပြစ်ပေးခံရနိုင်တာကြောင့် ယာဉ်မောင်းတွေက အလုပ်ရပ်နားကာ ဆန္ဒပြခဲ့ကြတာပါ။
ကုန်တင်ကားသမားတွေရဲ့ဆန္ဒပြမှုဖြစ်လာခဲ့ပြီးနောက်နိုင်ငံတစ်ဝှမ်း လောင်စာဆီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့်ပြီး ဆီပြတ်လပ်တော့မယ်ဆိုတဲ့ကောလာဟလတွေ အလျင်အမြန်ထွက်ပေါ်လာခဲ့ပါတယ်။
ဒါကြောင့် ပြည်သူတွေဟာ စိုးရိမ်တကြီးနဲ့ဓာတ်ဆီ၊ ဒီဇယ်တွေကို အလုအယက် သွားရောက်ဝယ်ယူကြရာကနေ ဓာတ်ဆီဆိုင်တွေမှာ ကားတွေ၊ ဆိုင်ကယ်တွေ ရာနဲ့ချီ ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူများဟာနာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းရချိန်မှာ ပင်ပန်းလာပြီး အချင်းချင်းကြားဖြတ်ဝင်ရောက်တာ၊ အလုအယက် ဝယ်ယူတာတွေကြောင့် စကားများ ရန်ဖြစ်လာတယ်လို့ သိရပါတယ်။

Zawgyi Version;
အိႏၵိယက ဓာတ္ဆီဆိုင္မ်ားမွာ ဓါတ္ဆီရဖို႔ တန္းစီရင္း ရန္ပြဲမ်ားျဖစ္လာ
ဂ်န္ဇက္ (NP News) - မတ္ ၂၇
အိႏၵိယႏိုင္ငံက ဓာတ္ဆီဆိုင္ေတြမွာ လူေတြဟာ မ်ားျပားလ်က္ရွိေနၿပီး တန္းစီရင္းကေန ဓါတ္ဆီလုမႈမ်ားျဖစ္လာခဲ့ကာ စိတ္မရွည္ၾကေတာ့ဘဲ အျပန္အလွန္ လက္သီးျဖင့္ထိုးကာ ခိုက္ရန္ျဖစ္လာၾကတယ္လို႔ သိရပါတယ္။ ကုန္ကားသမားမ်ားဟာ အိႏၵိယႏိုင္ငံရဲ႕ယာဥ္တိုက္မႈဆိုင္ရာျပစ္မႈဥပေဒသစ္ကိုမေက်နပ္လို႔ ႏိုင္ငံတစ္ဝွမ္း သပိတ္ေမွာက္ရာကေန စတင္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။
အဆိုပါ ဥပေဒသစ္အရ ယာဥ္တိုက္မႈျဖစ္ၿပီးေနာက္ တာဝန္ရွိသူေတြဆီ သတင္းမပို႔ဘဲ ထြက္ေျပးပါက ကားသမားဟာေထာင္ဒဏ္ (၁၀) ႏွစ္အထိႏွင့္ ဒဏ္ေငြ ႐ူပီး (၇) သိန္းအထိ အျပစ္ေပးခံရႏိုင္တာေၾကာင့္ ယာဥ္ေမာင္းေတြက အလုပ္ရပ္နားကာ ဆႏၵျပခဲ့ၾကတာပါ။
ကုန္တင္ကားသမားေတြရဲ႕ဆႏၵျပမႈျဖစ္လာခဲ့ၿပီးေနာက္ႏိုင္ငံတစ္ဝွမ္း ေလာင္စာဆီ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ ရပ္တန႔္ၿပီး ဆီျပတ္လပ္ေတာ့မယ္ဆိုတဲ့ေကာလာဟလေတြ အလ်င္အျမန္ထြက္ေပၚလာခဲ့ပါတယ္။
ဒါေၾကာင့္ ျပည္သူေတြဟာ စိုးရိမ္တႀကီးနဲ႔ဓာတ္ဆီ၊ ဒီဇယ္ေတြကို အလုအယက္ သြားေရာက္ဝယ္ယူၾကရာကေန ဓာတ္ဆီဆိုင္ေတြမွာ ကားေတြ၊ ဆိုင္ကယ္ေတြ ရာနဲ႔ခ်ီ ပိတ္ဆို႔ခဲ့တယ္လို႔ သိရပါတယ္။ ျပည္သူမ်ားဟာနာရီေပါင္းမ်ားစြာ တန္းစီေစာင့္ဆိုင္းရခ်ိန္မွာ ပင္ပန္းလာၿပီး အခ်င္းခ်င္းၾကားျဖတ္ဝင္ေရာက္တာ၊ အလုအယက္ ဝယ္ယူတာေတြေၾကာင့္ စကားမ်ား ရန္ျဖစ္လာတယ္လို႔ သိရပါတယ္။