အီရန်၏ ဓါတ်ငွေ့နေရာများကို တိုက်ခိုက်မှုများ မလုပ်ဆောင်ရန် အစ္စရေးကို ပြောကြားထားဟု ဒေါ်နယ်ထရမ့်ပြော

 477

Pika (NP News) - မတ် ၂၀

အီရန်ရှိ ဓါတ်ငွေ့တွင်းနေရာများကို နောက်ထပ်တိုက်ခိုက်မှုများမလုပ်ဆောင်တော့ရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ပြောကြားခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစ္စရေးက အီရန်၏ဓါတ်ငွေ့တွင်းနေရာများကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် အီရန်ဘက်က လက်တုံ့ပြန်သည့်အနေဖြင့် ကာတာနိုင်ငံရှိ စွမ်းအင်နေရာများကို တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်က "အီရန်ရဲ့ဓါတ်ငွေ့နေရာတွေကို တိုက်ခိုက်တာမျိုးမလုပ်ဖို့ ကျွန်တော် နေတန်ရာဟုကို ပြောခဲ့ပါတယ်။ဒါကြောင့်မလို့ နေတန်ရာဟုက အီရန်ရဲ့ဓါတ်ငွေ့နေရာတွေကို ထပ်တိုက်ခိုက်တော့မှာ မဟုတ်ပါဘူး။ကျွန်တော်တို့ကြားမှာ အဲဒီကိစ္စကို ညှိနှိုင်းဆောင်ရွက်ပြီးပါပြီ။ဒါပေမယ့် တစ်ခါတစ်လေမှာတော့ နေတန်ရာဟုက အမေရိကန်က ဆန့်ကျင်တဲ့အရာတစ်ခုခုကို လုပ်ပါလိမ့်မယ်” ဟု ပြောခဲ့သည်။

အီရန်၏ South Pars ဓာတ်ငွေ့မြေကို တိုက်ခိုက်မှုသည် ကာတာနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းရှိ စွမ်းအင်အခြေခံအဆောက်အဦးများကို အီရန်ဘက်က လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး အကြီးမားဆုံးတင်းမာမှုများကို ပေါ်ပေါက်လာစေခဲ့ကြောင်း သိရသည်။
သို့သော်လည်း အစ္စရေးဘက်က အီရန်၏ South Pars ဓာတ်ငွေ့မြေကို တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်းကို လက်ရှိအချိန်အထိ လူသိရှင်ကြားဝန်ခံခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။ ထို့ပြင် အီရန်က ကာတာ၏စွမ်းအင်နေရာများကို ထပ်မံတိုက်ခိုက်မှုများ မရှိတော့ဘူးဆိုပါက အစ္စရေးဘက်ကလည်း အီရန်၏ ဓါတ်ငွေ့နေရာများကို တိုက်ခိုက်မှုများရှိလာတော့မည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

Zawgyi Version;
အီရန္၏ ဓါတ္ေငြ႕ေနရာမ်ားကို တိုက္ခိုက္မႈမ်ား မလုပ္ေဆာင္ရန္ အစၥေရးကို ေျပာၾကားထားဟု ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၂၀
အီရန္ရွိ ဓါတ္ေငြ႕တြင္းေနရာမ်ားကို ေနာက္ထပ္တိုက္ခိုက္မႈမ်ားမလုပ္ေဆာင္ေတာ့ရန္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ေျပာၾကားခဲ့ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း အစၥေရးက အီရန္၏ဓါတ္ေငြ႕တြင္းေနရာမ်ားကို တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ အီရန္ဘက္က လက္တုံ႔ျပန္သည့္အေနျဖင့္ ကာတာႏိုင္ငံရွိ စြမ္းအင္ေနရာမ်ားကို တိုက္ခိုက္မႈမ်ား ျပန္လည္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။

ေဒၚနယ္ထရမ့္က "အီရန္ရဲ႕ဓါတ္ေငြ႕ေနရာေတြကို တိုက္ခိုက္တာမ်ိဳးမလုပ္ဖို႔ ကြၽန္ေတာ္ ေနတန္ရာဟုကို ေျပာခဲ့ပါတယ္။ဒါေၾကာင့္မလို႔ ေနတန္ရာဟုက အီရန္ရဲ႕ဓါတ္ေငြ႕ေနရာေတြကို ထပ္တိုက္ခိုက္ေတာ့မွာ မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ၾကားမွာ အဲဒီကိစၥကို ညႇိႏႈိင္းေဆာင္႐ြက္ၿပီးပါၿပီ။ဒါေပမယ့္ တစ္ခါတစ္ေလမွာေတာ့ ေနတန္ရာဟုက အေမရိကန္က ဆန႔္က်င္တဲ့အရာတစ္ခုခုကို လုပ္ပါလိမ့္မယ္” ဟု ေျပာခဲ့သည္။

အီရန္၏ South Pars ဓာတ္ေငြ႕ေျမကို တိုက္ခိုက္မႈသည္ ကာတာႏိုင္ငံႏွင့္ အေရွ႕အလယ္ပိုင္းေဒသတစ္ဝွမ္းရွိ စြမ္းအင္အေျခခံအေဆာက္အဦးမ်ားကို အီရန္ဘက္က ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုကို ျဖစ္ေပၚေစခဲ့ၿပီး အႀကီးမားဆုံးတင္းမာမႈမ်ားကို ေပၚေပါက္လာေစခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း အစၥေရးဘက္က အီရန္၏ South Pars ဓာတ္ေငြ႕ေျမကို တိုက္ခိုက္မႈအတြက္ တာဝန္ရွိေၾကာင္းကို လက္ရွိအခ်ိန္အထိ လူသိရွင္ၾကားဝန္ခံျခင္းမ်ိဳးမရွိေသးေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အီရန္က ကာတာ၏စြမ္းအင္ေနရာမ်ားကို ထပ္မံတိုက္ခိုက္မႈမ်ား မရွိေတာ့ဘူးဆိုပါက အစၥေရးဘက္ကလည္း အီရန္၏ ဓါတ္ေငြ႕ေနရာမ်ားကို တိုက္ခိုက္မႈမ်ားရွိလာေတာ့မည္မဟုတ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.