စစ်ပွဲကို မလိုလားပေမယ့်လည်း စစ်ပွဲအတွက် အမြဲတမ်းအဆင်သင့်ရှိတယ်လို့ အီရန်အစိုးရပြော

 521

Pika (NP News) - ဇန်နဝါရီ ၁ဝ

အီရန်က အစ္စရေး ဒါမှမဟုတ် အမေရိကန်နိုင်ငံနဲ့ စစ်ပွဲမဖြစ်ပွားလိုပေမယ့်လည်း နောက်ထပ်တိုက်ခိုက်မှုတွေရှိလာခဲ့မယ်ဆိုရင် ပြန်လည်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဆွေးနွေးပွဲတွေဟာ အမေရိကန်က အမိန့်ပေးစေခိုင်းတာမျိုးထက် အပြန်အလှန်လေးစားမှုကို အခြေခံထားသရွေ့ အီရန်က ၎င်းရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ညှိနှိုင်းမှုတွေလုပ်ဆောင်သွားဖို့ အဆင်သင့်ရှိတယ်လို့ အာဘတ်စ်အာဂရာချီက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက အစ္စရေးနဲ့(၁၂)ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပေမယ့်လည်း အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်လာနိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာပဲ အာဘတ်စ်အာဂရာချီက ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဘတ်စ်အာဂရာချီက "အမေရိကန်နဲ့အစ္စရေးတို့ဟာ အီရန်အပေါ် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး ကျွန်တော်တို့ကို စမ်းသပ်ခဲ့ပါတယ်။ အကယ်၍ သူတို့ကသာ ဒီလိုမျိုးထပ်လုပ်ခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ရလဒ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ဘယ်လိုရွေးချယ်မှုမျိုးအတွက်မဆို ကျွန်တော်တို့က အမြဲတမ်းအသင့်ရှိနေပါတယ်။ ကျွန်တော်တို့က စစ်ပွဲကို မလိုလားပေမယ့် စစ်ပွဲအတွက် အမြဲတမ်းအဆင်သင့်ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
စစ္ပြဲကို မလိုလားေပမယ့္လည္း စစ္ပြဲအတြက္ အၿမဲတမ္းအဆင္သင့္ရွိတယ္လို႔ အီရန္အစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၁ဝ
အီရန္က အစၥေရး ဒါမွမဟုတ္ အေမရိကန္ႏိုင္ငံနဲ႔ စစ္ပြဲမျဖစ္ပြားလိုေပမယ့္လည္း ေနာက္ထပ္တိုက္ခိုက္မႈေတြရွိလာခဲ့မယ္ဆိုရင္ ျပန္လည္တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ေဆြးေႏြးပြဲေတြဟာ အေမရိကန္က အမိန႔္ေပးေစခိုင္းတာမ်ိဳးထက္ အျပန္အလွန္ေလးစားမႈကို အေျခခံထားသေ႐ြ႕ အီရန္က ၎ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ ညႇိႏႈိင္းမႈေတြလုပ္ေဆာင္သြားဖို႔ အဆင္သင့္ရွိတယ္လို႔ အာဘတ္စ္အာဂရာခ်ီက ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဇြန္လတုန္းက အစၥေရးနဲ႔(၁၂)ရက္ၾကာ စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိခဲ့ေပမယ့္လည္း အစၥေရးက အီရန္ကို တိုက္ခိုက္မႈေတြ ထပ္မံလုပ္ေဆာင္လာႏိုင္တာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ အာဘတ္စ္အာဂရာခ်ီက ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။
အာဘတ္စ္အာဂရာခ်ီက "အေမရိကန္နဲ႔အစၥေရးတို႔ဟာ အီရန္အေပၚ တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီး ကြၽန္ေတာ္တို႔ကို စမ္းသပ္ခဲ့ပါတယ္။ အကယ္၍ သူတို႔ကသာ ဒီလိုမ်ိဳးထပ္လုပ္ခဲ့မယ္ဆိုရင္ ျပင္းထန္တဲ့ရလဒ္ေတြကို ရင္ဆိုင္ရပါလိမ့္မယ္။ ဘယ္လိုေ႐ြးခ်ယ္မႈမ်ိဳးအတြက္မဆို ကြၽန္ေတာ္တို႔က အၿမဲတမ္းအသင့္ရွိေနပါတယ္။ ကြၽန္ေတာ္တို႔က စစ္ပြဲကို မလိုလားေပမယ့္ စစ္ပြဲအတြက္ အၿမဲတမ္းအဆင္သင့္ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.