ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းပစ်ဖို့ လက်ဘနွန်အစိုးရရဲ့ကြိုးပမ်းမှုတွေက လုံလောက်မှုမရှိဘူးလို့ အစ္စရေးဝေဖန်

 225

Pika (NP News) - ဇန်နဝါရီ ၁ဝ

ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းပစ်ဖို့ လက်ဘနွန်အစိုးရရဲ့ကြိုးပမ်းမှုတွေက လုံလောက်မှုမရှိဘူးလို့ အစ္စရေးက ဝေဖန်ပြောဆိုခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ စစ်ဆင်ရေးထိန်းချုပ်မှုတစ်ခုကို ထူထောင်ပြီးပြီလို့ လက်ဘနွန်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အစ္စရေးရဲ့ဝေဖန်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အစ္စရေးက တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာနိုင်တာနဲ့ပတ်သက်ပြီး လက်ဘနွန်အစိုးရအပေါ် ဖိအားတွေ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်က တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့မှုနဲ့အတူ (၂၀၂၄)ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့စစ်ပွဲနောက်ပိုင်း အားနည်းလာခဲ့တဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းဖို့အတွက် လက်ဘနွန်အစိုးရက ပြင်းပြင်းထန်ထန် ကြိုးပမ်းနေချိန်မှာပဲ ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းမယ့်အစီအစဉ်ရဲ့ပထမအဆင့်ရည်မှန်းချက်တွေကိုထိရောက်ပြီး လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ လက်ဘနွန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လက်ဘနွန်နိုင်ငံမှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်တာမျိုးနဲ့ ဂါဇာမှာလည်း ဟားမက်လက်နက်ကိုင်အဖွဲ့က အလားတူလုပ်ဆောင်မှာမျိုးကို တားဆီးဖို့အတွက် လိုအပ်တာမှန်သမျှကို အစ္စရေးကလုပ်ဆောင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းပစ္ဖို႔ လက္ဘႏြန္အစိုးရရဲ႕ႀကိဳးပမ္းမႈေတြက လုံေလာက္မႈမရွိဘူးလို႔ အစၥေရးေဝဖန္
Pika (NP News) - ဇန္နဝါရီ ၁ဝ
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းပစ္ဖို႔ လက္ဘႏြန္အစိုးရရဲ႕ႀကိဳးပမ္းမႈေတြက လုံေလာက္မႈမရွိဘူးလို႔ အစၥေရးက ေဝဖန္ေျပာဆိုခဲ့ပါတယ္။
လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာ စစ္ဆင္ေရးထိန္းခ်ဳပ္မႈတစ္ခုကို ထူေထာင္ၿပီးၿပီလို႔ လက္ဘႏြန္စစ္တပ္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ အစၥေရးရဲ႕ေဝဖန္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ အစၥေရးက တိုက္ခိုက္မႈေတြကို အရွိန္ျမႇင့္တင္လာႏိုင္တာနဲ႔ပတ္သက္ၿပီး လက္ဘႏြန္အစိုးရအေပၚ ဖိအားေတြ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္က ေတာင္းဆိုမႈေတြ လုပ္ေဆာင္ခဲ့မႈနဲ႔အတူ (၂၀၂၄)ခုႏွစ္တုန္းကျဖစ္ပြားခဲ့တဲ့ အစၥေရးနဲ႔စစ္ပြဲေနာက္ပိုင္း အားနည္းလာခဲ့တဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းဖို႔အတြက္ လက္ဘႏြန္အစိုးရက ျပင္းျပင္းထန္ထန္ ႀကိဳးပမ္းေနခ်ိန္မွာပဲ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းမယ့္အစီအစဥ္ရဲ႕ပထမအဆင့္ရည္မွန္းခ်က္ေတြကိုထိေရာက္ၿပီး လက္ေတြ႕က်တဲ့နည္းလမ္းေတြနဲ႔ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ လက္ဘႏြန္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ လက္ဘႏြန္ႏိုင္ငံမွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ျပန္လည္ဖြဲ႕စည္းမႈေတြ လုပ္ေဆာင္တာမ်ိဳးနဲ႔ ဂါဇာမွာလည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က အလားတူလုပ္ေဆာင္မွာမ်ိဳးကို တားဆီးဖို႔အတြက္ လိုအပ္တာမွန္သမွ်ကို အစၥေရးကလုပ္ေဆာင္သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ၿပီးခဲ့တဲ့ႏွစ္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.