အချိန်(၁၄)နှစ်ကြာပြီးနောက် ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်တို့ကြား တိုက်ရိုက်လေကြောင်း ပျံသန်းမှုတွေ ပြန်လည်စတင်တော့မယ်

751

Pika (NP News) - ဇန်နဝါရီ ၁ဝ
ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ကြား တိုက်ရိုက်လေကြောင်း ပျံသန်းမှုတွေ ပြန်လည်စတင်ခဲ့တော့မယ်လို့ ဘင်္ဂလားဒေ့ရှ် အမျိုးသားလေကြောင်းလိုင်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Biman Bangladesh လေကြောင်းလိုင်းဟာ ၎င်းရဲ့ပထမဆုံး ဒါကာ-ကရာချီပျံသန်းမှုကို လာမယ့်ဇန်နဝါရီလ(၂၉)ရက်မှာ စတင်ရန် စီစဉ်ထားပြီး တစ်ပတ်လျှင်နှစ်ကြိမ်ပျံသန်းမှာဖြစ်ကာ (၂၀၁၂)ခုနှစ်နောက်ပိုင်း ပထမဆုံးပုံမှန်ပျံသန်းမှုဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အမျိုးသားလေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားလေကြောင်းလိုင်းမန်နေဂျာ Bosra Islam က "ဒါကာ-ကရာချီလမ်းကြောင်းကို တစ်ပတ်မှာ နှစ်ကြိမ် ပျံသန်းမှုတွေ ပြန်လည်လုပ်ဆောင်တော့မှာပါ” လို့ ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ဟာ တစ်ချိန်တည်းက တစ်နိုင်ငံတည်းဖြစ်ခဲ့ပေမယ့် (၁၉၇၁)ခုနှစ်မှာ ပြင်းထန်တဲ့စစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကွဲထွက်သွားတာဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ Biman Bangladesh လေကြောင်းလိုင်းက "တိုက်ရိုက်ပျံသန်းမှုတွေ ပြန်လည်စတင်တာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ကြား ချိတ်ဆက်မှုတွေကို သိသိသာသာတိုးတက်ကောင်းမွန်စေမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ မိသားစုတွေပြန်လည်ပေါင်းစည်းနိုင်မှုကို ပံ့ပိုးပေးပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အခ်ိန္(၁၄)ႏွစ္ၾကာၿပီးေနာက္ ဘဂၤလားေဒ့ရွ္ နဲ႔ ပါကစၥတန္တို႔ၾကား တိုက္႐ိုက္ေလေၾကာင္း ပ်ံသန္းမႈေတြ ျပန္လည္စတင္ေတာ့မယ္
Pika (NP News) - ဇန္နဝါရီ ၁ဝ
ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ရပ္ဆိုင္းခဲ့ၿပီးေနာက္ ဘဂၤလားေဒ့ရွ္နဲ႔ ပါကစၥတန္တို႔ၾကား တိုက္႐ိုက္ေလေၾကာင္း ပ်ံသန္းမႈေတြ ျပန္လည္စတင္ခဲ့ေတာ့မယ္လို႔ ဘဂၤလားေဒ့ရွ္ အမ်ိဳးသားေလေၾကာင္းလိုင္းက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Biman Bangladesh ေလေၾကာင္းလိုင္းဟာ ၎ရဲ႕ပထမဆုံး ဒါကာ-ကရာခ်ီပ်ံသန္းမႈကို လာမယ့္ဇန္နဝါရီလ(၂၉)ရက္မွာ စတင္ရန္ စီစဥ္ထားၿပီး တစ္ပတ္လွ်င္ႏွစ္ႀကိမ္ပ်ံသန္းမွာျဖစ္ကာ (၂၀၁၂)ခုႏွစ္ေနာက္ပိုင္း ပထမဆုံးပုံမွန္ပ်ံသန္းမႈျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ အမ်ိဳးသားေလေၾကာင္းလိုင္းက ေျပာၾကားခဲ့ပါတယ္။
ဘဂၤလားေဒ့ရွ္ အမ်ိဳးသားေလေၾကာင္းလိုင္းမန္ေနဂ်ာ Bosra Islam က "ဒါကာ-ကရာခ်ီလမ္းေၾကာင္းကို တစ္ပတ္မွာ ႏွစ္ႀကိမ္ ပ်ံသန္းမႈေတြ ျပန္လည္လုပ္ေဆာင္ေတာ့မွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဘဂၤလားေဒ့ရွ္နဲ႔ ပါကစၥတန္တို႔ဟာ တစ္ခ်ိန္တည္းက တစ္ႏိုင္ငံတည္းျဖစ္ခဲ့ေပမယ့္ (၁၉၇၁)ခုႏွစ္မွာ ျပင္းထန္တဲ့စစ္ပြဲတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံကြဲထြက္သြားတာျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ Biman Bangladesh ေလေၾကာင္းလိုင္းက "တိုက္႐ိုက္ပ်ံသန္းမႈေတြ ျပန္လည္စတင္တာဟာ ဘဂၤလားေဒ့ရွ္နဲ႔ ပါကစၥတန္တို႔ၾကား ခ်ိတ္ဆက္မႈေတြကို သိသိသာသာတိုးတက္ေကာင္းမြန္ေစမွာျဖစ္ၿပီး စီးပြားေရးလုပ္ငန္း၊ ခရီးသြားလုပ္ငန္းနဲ႔ မိသားစုေတြျပန္လည္ေပါင္းစည္းႏိုင္မႈကို ပံ့ပိုးေပးပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။