ဗင်နီဇွဲလားအစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေး

416

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁ဝ
ဗင်နီဇွဲလားအစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို ဇန်နဝါရီ ၉ ရက်တွင် စတင်ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမှုသည် ဗင်နီဇွဲလားအစိုးရကို အမေရိကန်အစိုးရက ကာလ အတန်ကြာတောင်းဆိုနေသည့်အချက်များထဲတွင် ပါဝင်ကြောင်း သိရသည်။
ဗင်နီဇွဲလားလွှတ်တော်ဥက္ကဌ ဂျော့ရိုဒရီဂွက်ဇ် နှင့် ယာယီသမ္မတတို့က နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေး မည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်ရုပ်သံမီဒီယာများက ဖော်ပြထားသည်။ ဗင်နီဇွဲလားနိုင်ငံ၏အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီရှိနေကြောင်း သိရသည်။ လွှတ်တော် အကြီးအကဲ က ပြီးခဲ့သည့်ရက်ပိုင်းတွင် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သော ဒယ်စီ ရိုဒရီဂွက်ဇ်သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် အမျိုးသားပြန်လည်စုစည်းရေးကိုစိတ်ဝင်စာခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း ဖြစ်သည်ဟု ပြောသည်။ ဗင်နီဇွဲလားအစိုးရက ပြန်လွှတ်ပေးခဲ့သူများထဲတွင် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ရိုစီယိုဆန်မီဂွယ်လ်လည်း ပါဝင်ခဲ့ပြီး ၎င်းသည် ပထမဆုံးပြန်လွှတ်ပေးခံရသည့် နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။
၎င်းသည် ဗင်နီဇွဲလားသမ္မတမာဒူရိုကို လူသိရှင်ကြားဝေဖန်ပြစ်တင်ခဲ့သူဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်မှုအပါအဝင် စွဲချက်အများအပြားနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်ကြောင်းသိရသည်။ ဗင်နီဇွဲလားလူအခွင့်ရေးအဖွဲ့များသည် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သည့် ဗင်နီဇွဲလားအစိုးရအဖွဲ့၏လုပ်ရပ်များကို ကြိုဆိုကြောင်း သိရသည်။ ဗင်နီဇွဲလား ယာယီသမ္မတ ရိုဂရီဂွက်ဇ် ဦးဆောင်သောအစိုးရအဖွဲ့သည် အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ရန် ဆန္ဒရှိနေကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလား သမ္မတ ကို ဖမ်းဆီးနိုင်ပြီးနောက် ဗင်နီဇွဲလား နိုင်ငံအတွင်းရှိ နာမည်ဆိုးဖြင့်ကျော်ကြားသည့် El Helicoide အကျဉ်းထောင်ကို ပိတ်သိမ်းသင့်ကြောင်း ပြောဆိုခဲ့သလို အဆိုပါ အကျဉ်းထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၅ဝ ဦးမှ ၈ဝ ဦးအထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။ အဆိုပါ အကျဉ်းထောင်အတွင်းတွင် ဗင်နီဇွဲလားသမ္မတမာဒူရို၏အတိုက်ခံခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖမ်းဆီးခံထားရသည့်နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခြင်း၊ ဝါယာရှော့တိုက်ခြင်း အပါအဝင် ညှင်းပန်းနှိပ်စက်မှုမျိုးစုံလုပ်ဆောင်ခဲ့ကြောင်း ဗင်နီဇွဲလားလူအခွင့်အရေးအဖွဲ့များက ဖော်ပြထားသည်။

Zawgyi Version:
ဗင္နီဇြဲလားအစိုးရအဖြဲ႕က ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ျပန္လႊတ္ေပး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁ဝ
ဗင္နီဇြဲလားအစိုးရသည္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ဇန္နဝါရီ ၉ ရက္တြင္ စတင္ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ျပန္လႊတ္ေပးမႈသည္ ဗင္နီဇြဲလားအစိုးရကို အေမရိကန္အစိုးရက ကာလ အတန္ၾကာေတာင္းဆိုေနသည့္အခ်က္မ်ားထဲတြင္ ပါဝင္ေၾကာင္း သိရသည္။
ဗင္နီဇြဲလားလႊတ္ေတာ္ဥကၠဌ ေဂ်ာ့႐ိုဒရီဂြက္ဇ္ ႏွင့္ ယာယီသမၼတတို႔က ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ျပန္လႊတ္ေပး မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံပိုင္႐ုပ္သံမီဒီယာမ်ားက ေဖာ္ျပထားသည္။ ဗင္နီဇြဲလားႏိုင္ငံ၏အက်ဥ္းေထာင္မ်ားတြင္ ႏိုင္ငံေရးအက်ဥ္းသား ရာႏွင့္ခ်ီရွိေနေၾကာင္း သိရသည္။ လႊတ္ေတာ္ အႀကီးအကဲ က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ယာယီသမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ေသာ ဒယ္စီ ႐ိုဒရီဂြက္ဇ္သည္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးႏွင့္ အမ်ိဳးသားျပန္လည္စုစည္းေရးကိုစိတ္ဝင္စာျခင္းမ်ားေၾကာင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ျပန္လႊတ္ေပးျခင္း ျဖစ္သည္ဟု ေျပာသည္။ ဗင္နီဇြဲလားအစိုးရက ျပန္လႊတ္ေပးခဲ့သူမ်ားထဲတြင္ လူအခြင့္အေရး တက္ႂကြလႈပ္ရွားသူ တစ္ဦးျဖစ္သည့္ ႐ိုစီယိုဆန္မီဂြယ္လ္လည္း ပါဝင္ခဲ့ၿပီး ၎သည္ ပထမဆုံးျပန္လႊတ္ေပးခံရသည့္ ႏိုင္ငံေရး အက်ဥ္းသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။
၎သည္ ဗင္နီဇြဲလားသမၼတမာဒူ႐ိုကို လူသိရွင္ၾကားေဝဖန္ျပစ္တင္ခဲ့သူျဖစ္ၿပီး ႏိုင္ငံေတာ္သစၥာေဖာက္မႈအပါအဝင္ စြဲခ်က္အမ်ားအျပားႏွင့္ ရင္ဆိုင္ခဲ့ရသူျဖစ္ေၾကာင္းသိရသည္။ ဗင္နီဇြဲလားလူအခြင့္ေရးအဖြဲ႕မ်ားသည္ ႏိုင္ငံေရး အက်ဥ္းသားမ်ားကို ျပန္လႊတ္ေပးခဲ့သည့္ ဗင္နီဇြဲလားအစိုးရအဖြဲ႕၏လုပ္ရပ္မ်ားကို ႀကိဳဆိုေၾကာင္း သိရသည္။ ဗင္နီဇြဲလား ယာယီသမၼတ ႐ိုဂရီဂြက္ဇ္ ဦးေဆာင္ေသာအစိုးရအဖြဲ႕သည္ အေမရိကန္အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္ ရန္ ဆႏၵရွိေနေၾကာင္း သိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဗင္နီဇြဲလား သမၼတ ကို ဖမ္းဆီးႏိုင္ၿပီးေနာက္ ဗင္နီဇြဲလား ႏိုင္ငံအတြင္းရွိ နာမည္ဆိုးျဖင့္ေက်ာ္ၾကားသည့္ El Helicoide အက်ဥ္းေထာင္ကို ပိတ္သိမ္းသင့္ေၾကာင္း ေျပာဆိုခဲ့သလို အဆိုပါ အက်ဥ္းေထာင္အတြင္းတြင္ ႏိုင္ငံေရးအက်ဥ္းသား အနည္းဆုံး ၅ဝ ဦးမွ ၈ဝ ဦးအထိ ဖမ္းဆီးခံထားရေၾကာင္း သိရသည္။ အဆိုပါ အက်ဥ္းေထာင္အတြင္းတြင္ ဗင္နီဇြဲလားသမၼတမာဒူ႐ို၏အတိုက္ခံေခါင္းေဆာင္မ်ားကို ဖမ္းဆီး ထိန္းသိမ္းထားၿပီး ဖမ္းဆီးခံထားရသည့္ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ႐ိုက္ႏွက္ျခင္း၊ ဝါယာေရွာ့တိုက္ျခင္း အပါအဝင္ ညႇင္းပန္းႏွိပ္စက္မႈမ်ိဳးစုံလုပ္ေဆာင္ခဲ့ေၾကာင္း ဗင္နီဇြဲလားလူအခြင့္အေရးအဖြဲ႕မ်ားက ေဖာ္ျပထားသည္။