အီရန်ရဲ့ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပြန်လည်စတင်ခွင့်ပြုမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် သတိပေး

1304

Pika (NP News) - ဇန်နဝါရီ ၇
အီရန်နိုင်ငံရဲ့ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပြန်လည်စတင်ခွင့်ပြုမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အီရန်အတွက် အလားတူခြိမ်းခြောက် မှုတစ်ခုကို ထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ နေတန်ရာဟုရဲ့ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
နေတန်ရာဟုက “အီရန်ရဲ့ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ကျွန်တော်တို့ပြန်လည်စတင်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို သိသိသာသာထိခိုက်ပျက်စီးမှုတွေ ရှိစေခဲ့တဲ့အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို ပြန်လည်အသက် သွင်းခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အီရန်အတွက် အကျိုးဆက်တွေက အရမ်းကို ပြင်းထန်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ဒေါ်နယ်ထရမ့်နဲ့နေတန်ရာဟုတို့ တွေ့ဆုံခဲ့ပြီး အီရန်ရဲ့နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ဖျက်ဆီးပစ်မယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပြီး နောက် ရက်အနည်းငယ်အကြာမှာ နေတန်ရာဟုက ယခုလိုထပ်မံခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေ အတွင်း အီရန်က ၎င်းရဲ့ပဲ့ထိန်းဒုံးကျည်လက်နက်တိုက်ကို ပြန်လည်တည်ဆောက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အစ္စရေးအရာရှိတွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြ တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္ရဲ႕ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ကို ျပန္လည္စတင္ခြင့္ျပဳမွာမဟုတ္ဘူးလို႔ အစၥေရးဝန္ႀကီးခ်ဳပ္ သတိေပး
Pika (NP News) - ဇန္နဝါရီ ၇
အီရန္ႏိုင္ငံရဲ႕ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ကို ျပန္လည္စတင္ခြင့္ျပဳမွာမဟုတ္ဘူးလို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကလည္း အီရန္အတြက္ အလားတူၿခိမ္းေျခာက္ မႈတစ္ခုကို ထုတ္ျပန္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေနတန္ရာဟုရဲ႕ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေနတန္ရာဟုက “အီရန္ရဲ႕ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ကို ကြၽန္ေတာ္တို႔ျပန္လည္စတင္ခြင့္ျပဳမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ကို သိသိသာသာထိခိုက္ပ်က္စီးမႈေတြ ရွိေစခဲ့တဲ့အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ကို ျပန္လည္အသက္ သြင္းခြင့္ျပဳမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ကို တိုက္ခိုက္ခဲ့မယ္ဆိုရင္ အီရန္အတြက္ အက်ိဳးဆက္ေတြက အရမ္းကို ျပင္းထန္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕မွာ ေဒၚနယ္ထရမ့္နဲ႔ေနတန္ရာဟုတို႔ ေတြ႕ဆုံခဲ့ၿပီး အီရန္ရဲ႕န်ဴကလီးယားနဲ႔ ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ကို ဖ်က္ဆီးပစ္မယ္လို႔ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ခဲ့ၿပီး ေနာက္ ရက္အနည္းငယ္အၾကာမွာ ေနတန္ရာဟုက ယခုလိုထပ္မံၿခိမ္းေျခာက္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လေတြ အတြင္း အီရန္က ၎ရဲ႕ပဲ့ထိန္းဒုံးက်ည္လက္နက္တိုက္ကို ျပန္လည္တည္ေဆာက္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ အစၥေရးအရာရွိေတြက အဲဒီကိစၥနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ထုတ္ေဖာ္ျပသခဲ့ၾက တယ္လို႔လည္း သိရပါတယ္။