ပျဉ်းမနားတွင် တွဲကားဝင်တိုက်ခံရမှုကြောင့် အသက် (၇၀)ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး

 424

ထိုက်စံ (NP News) - ဇန်နဝါရီ ၆

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ လမ်းပေါ်တွင်ပစ္စည်းကျရာ သွားကောက်သော အမျိုးသားတစ်ဦးကို အနောက်မှ တွဲကားဝင်တိုက်ရာသေဆုံးခဲ့ကြောင်း မိုးစေတနာလူမှုကူညီရေးအသင်းထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ (၅)ရက်၊ နေ့လယ် (၁၂)နာရီခန့်တွင် ပျဥ်းမနားမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ ပုရွက်ဆိတ်ကုန်းကျေးရွာအကျော်ဖြစ်ပွာခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအကျော်တွင် အသက်(၇၁)နှစ်ရွယ်အမျိုးသားကြီးတစ်ဦးသည် ၎င်းမောင်းနှင်လာသော အိမ်စီးကားပေါ်မှ ဖော့တုံးပြုတ်ကျသဖြင့်် လမ်းဘေးတွင်ရပ်ကာ ဆင်းကောက်နေစဉ် အနောက်မှ ဘိလပ်မြေတင်ဆောင်လာသည့် တွဲကားသည် ၎င်းအား ပွတ်တိုက်မိခဲ့ကြောင်း သိရသည်။
“ပွတ်တိုက်မိတဲ့ ကားကတော့ တွဲကားဗျ။ သူကလည်း အဲဒီနားမှာ ရပ်နေတာ ။ ခေါင်းနောက်စိပွင့်သွားတယ်ဆိုတော့ ရင်ခွဲရုံပို့ခဲ့တယ်။ ကျွန်တော်တို့က အဲဒီဟာကိုကောက်ပြီးတော့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ကျွန်တော်တို့ ကားနဲ့ လိုအပ်တာကူညီပြီးတော့ ဆေးရုံပို့လိုက်တာပါ” ဟု ၎င်းက ဆိုသည်။
ဖြစ်စဉ်ကြောင့် အသက်(၇၁)နှစ်ရွယ်အမျိုးသားကြီးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအား ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည့်အတွက် အဆိုပါ ရုပ်အလောင်းအား ပျဉ်းမနား ကုတင် (၂၀၀) ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ပ်ဥ္းမနားတြင္ တြဲကားဝင္တိုက္ခံရမႈေၾကာင့္ အသက္ (၇၀)ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံး
ထိုက္စံ (NP News) - ဇန္နဝါရီ ၆

ေနျပည္ေတာ္၊ ပ်ဥ္မနားၿမိဳ႕နယ္၌ လမ္းေပၚတြင္ပစၥည္းက်ရာ သြားေကာက္ေသာ အမ်ိဳးသားတစ္ဦးကို အေနာက္မွ တြဲကားဝင္တိုက္ရာေသဆုံးခဲ့ေၾကာင္း မိုးေစတနာလူမႈကူညီေရးအသင္းထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီ (၅)ရက္၊ ေန႔လယ္ (၁၂)နာရီခန႔္တြင္ ပ်ဥ္းမနားၿမိဳ႕နယ္၊ ရန္ကုန္ - မႏၲေလးလမ္းေဟာင္း၊ ပု႐ြက္ဆိတ္ကုန္းေက်း႐ြာအေက်ာ္ျဖစ္ပြာခဲ့ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအေက်ာ္တြင္ အသက္(၇၁)ႏွစ္႐ြယ္အမ်ိဳးသားႀကီးတစ္ဦးသည္ ၎ေမာင္းႏွင္လာေသာ အိမ္စီးကားေပၚမွ ေဖာ့တုံးျပဳတ္က်သျဖင့္္ လမ္းေဘးတြင္ရပ္ကာ ဆင္းေကာက္ေနစဥ္ အေနာက္မွ ဘိလပ္ေျမတင္ေဆာင္လာသည့္ တြဲကားသည္ ၎အား ပြတ္တိုက္မိခဲ့ေၾကာင္း သိရသည္။
“ပြတ္တိုက္မိတဲ့ ကားကေတာ့ တြဲကားဗ်။ သူကလည္း အဲဒီနားမွာ ရပ္ေနတာ ။ ေခါင္းေနာက္စိပြင့္သြားတယ္ဆိုေတာ့ ရင္ခြဲ႐ုံပို႔ခဲ့တယ္။ ကြၽန္ေတာ္တို႔က အဲဒီဟာကိုေကာက္ၿပီးေတာ့ လုပ္႐ိုးလုပ္စဥ္အတိုင္းပဲ ကြၽန္ေတာ္တို႔ ကားနဲ႔ လိုအပ္တာကူညီၿပီးေတာ့ ေဆး႐ုံပို႔လိုက္တာပါ” ဟု ၎က ဆိုသည္။
ျဖစ္စဥ္ေၾကာင့္ အသက္(၇၁)ႏွစ္႐ြယ္အမ်ိဳးသားႀကီးတြင္ ဦးေခါင္းပြင့္ထြက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎အား ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့သည့္အတြက္ အဆိုပါ ႐ုပ္အေလာင္းအား ပ်ဥ္းမနား ကုတင္ (၂၀၀) ေဆး႐ုံရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.