အစိုးရသစ်ဟာ စာမေးပွဲအစစ်ခံရမယ့် အစိုးရ (သီးသန့်အင်တာဗျူး)

5524

သုတကျော် (NP News) - ဒီဇင်ဘာလ ၂၆
ကရင်ပြည်နယ်သည် လက်နက်ကိုင်အဖွဲ့များပြားရာပြည်နယ်တစ်ခုဖြစ်ပြီး နိုင်ငံရေးခံယူချက်လည်း ကွဲပြားမှု များရှိသည်။ သို့သော် လက်နက်ကိုင်အဖွဲ့အများစုက ရွေးကောက်ပွဲကိုထောက်ခံသည်ဟုပြောကြားထားကြ သော်လည်း မထောက်ခံသောအဖွဲ့တို့မှာလည်း ရှိနေဆဲပင်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)ကိုယ်စားပြု၍ ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအေးမင်းထွန်း(ခ)ဦးသူရိန်မင်းထွန်းထံ NP News မှ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံးမေးချင်တာက နယ်မြေမတည်ငြိမ်တဲ့ မဲဆန္ဒနယ်တွေပါကိုယ်စားပြုပြီး ဗမာတိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းအရွေးခံဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်တာလဲ။
ဖြေ - (၂၀၂၅)ရွေးကောက်ပွဲမှာ ဝင်ရတဲ့ရည်ရွယ်ချက် ကတော့ အခုလက်ရှိ ပဋိပက္ခတွေဖြစ်ပြီးတော့ ပြည် တွင်းမငြိမ်းချမ်းမှုတွေဖြစ်နေတာတွေက ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် အဆင်မပြေနိုင်တဲ့အနေအ ထား။ လူတွေပဲဒုက္ခရောက်မယ်။ တိုင်းပြည်ပဲ နစ်မွန်း သွားမယ်။ အဲဒီတော့ ကျွန်တော်တို့က ရွေးကောက်ပွဲ ကျင်းပပြီးတော့ လွှတ်တော်အသီးသီးဖွဲ့စည်းနိုင်ပြီး တော့ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းအောင် ထိန်း ကျောင်းနိုင်အောင်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က ရွေးကောက်ပွဲကို အား လည်းပေးတယ်၊ ကိုယ်တိုင်ဝင်ပြိုင်ဖို့လည်း ဆုံးဖြတ်ခဲ့ တာပါ။
မေး - ဒီနေရာကပြိုင်ဖို့ ဘာကြောင့်ရွေးချယ်တာလဲ။
ဖြေ - ကရင်ပြည်နယ်မှာဆို သတ်မှတ်ထားတဲ့ရာခိုင် နှုန်းကျော်ရင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတစ် ယောက်ပေါ့။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာဆိုရင် ဗမာရယ်၊ ပအိုဝ်းရယ်၊ မွန်ရယ် အဲဒီလူမျိုး သုံးမျိုးက ကရင်ပြည်နယ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ရှိတာပေါ့။ ကျွန်တော်တို့က ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးအနေနဲ့ဝင်ပြိုင်တာက နယ်စပ်မှာ ပြည်တွင်း ကနေထွက်လာပြီး လှုပ်ရှားသွားလာ၊ ရွှေ့ပြောင်းနေတဲ့ လုပ်သားတွေ လုပ်ကိုင်ဆောင်ရွက်တာက ဗမာတွေ များတယ်လေ။ ကရင်ပြည်နယ်မှာ ကျွန်တော်နေတယ် ဆိုတော့ ဗမာတွေရဲ့အခက်အခဲတွေက ဘာတွေဖြစ်မ လဲ၊ ဘာတွေ အထောက်အပံ့ပေးနိုင်မလဲဆိုတာကို ကရင်ပါတီဖြစ်တဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါ တီ၊ ကရင်တိုင်းရင်းသားမိသားစုတို့နဲ့ လက်တွဲပြီးတော့ ဗမာတိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဘယ်လို စောင့်ရှောက်ရမလဲဆိုပြီးတော့ ဝင်ပြိုင်တာပါ။
မေး - ပါတီအကြောင်းဘက် နည်းနည်းမေးပါရစေ။ ပါတီရဲ့မူဝါဒကကော ဘယ်လိုရှိပါသလဲ။
ဖြေ - ပါတီမှာ မူဝါဒခြောက်ချက်ရှိတယ်။ မူဝါဒ ခြောက်ချက်မှာ အဓိကကတော့ ငြိမ်းချမ်းရေးကို အဓိကရှေးရှုတယ်။ တန်းတူညီမျှတဲ့အခွင့်အရေးတွေ ရချင်တယ်။ အရွယ်ရောက်သူတိုင်း ပညာသင်ကြားနိုင် ရေးပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပြည်နယ် ဟာ နှစ်(၇ဝ)ကျော် စစ်မက်ဖြစ်ပွားနေတဲ့ပြည်နယ်ဖြစ် တဲ့အတွက် စာမတတ်တဲ့ ကျေးရွာတွေ၊ စာမတတ်တဲ့ ကရင်လူမျိုးတွေ အများကြီးရှိတယ်လေ။ အဲဒီလိုဒေ သတွေကို ဖွံ့ဖြိုးတိုးတက်ပြီးတော့ စာသင်ကျောင်း တွေတည်ဆောက်ပေးနိုင်အောင်၊ စာတတ်မြောက် အောင်။ စာတတ်မြောက်မှသာလျှင် အသိပညာတွေ ဖွံ့ဖြိုးပြီးတော့ ကိုယ့်ပြည်နယ်အတွက်၊ ကိုယ့်အနာ ဂတ်အတွက်၊ ကိုယ့်တိုင်းပြည်အတွက်ပေါ့။ ပညာ တတ်ရင်တော့ မိမိ မိသားစုကနေစတာပေါ့။ ပြီးတော့ ကိုယ့်ရပ်ရွာ၊ ကိုယ့်ကျေးရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်တိုင်း ဌာနေအထိကို ပညာတတ်မှသာလျှင် လုပ်ဆောင်နိုင် မှာလေ။ ငြိမ်းချမ်းရေးရရှိနိုင်ရေး၊ ငြိမ်းချမ်းရေး ရပြီး တဲ့နောက်မှာ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း တွေရမယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ဒီမှာခေါ်ချင်တာ ပေါ့။ ကရင်နဲ့မွန်တို့ တော်တော်များများက ထိုင်းမှာ သွားပြီးလုပ်လုပ်ကြတာများတယ်။ လူငယ်တွေ သူများ နိုင်ငံမှာအလုပ်လုပ်တာထက်စာရင် ကိုယ့်ဆီမှာ ရင်း နှီးမြှုပ်နှံမှုတွေလာပြီးတော့ စက်ရုံ၊ အလုပ်ရုံတွေတည် ဆောက်ပြီး ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေချင်တာ ပါတီရဲ့ အဓိကရည်ရွယ်ချက်ပါ။
မေး - ကရင်ပြည်နယ်မှာ ဗမာတိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေက ဘာများဖြစ်မလဲ။
ဖြေ - အခွင့်အရေးဆုံးရှုံးတာတော့မဟုတ်ဘူးပေါ့။ ရွှေ့ပြောင်းလုပ်သားတွေများတဲ့အတွက် လူမျိုးစု တစ်ရပ်အနေနဲ့နေထိုင်နေကြတာ ဥပမာ ထိုင်းနဲ့ MOU စာချုပ်ချုပ်ပြီး သွားခဲ့တဲ့၊ အလုပ်သမားပို့တဲ့ နှစ်တွေ ရှိခဲ့တယ်လေ။ ပြည်တွင်းကနေ ထိုင်းကို သွားအလုပ်လုပ်ပြီး ပြဿနာတက်လို့ရောက်လာရင် ဗမာတွေချည်းပဲ။ ဗမာလို့ပြောရင် ပဲခူးကနေစပြီး အ ထက်အညာ။ အညာသားချည်းပဲ။ အလုပ်ရမယ်ဆိုပြီး မဲဆောက်တက်လာတယ်။ ယောင်ချာချာနဲ့ပြန်လာရ တယ်။ ကျွန်တော်တို့ အရင်တုန်းကဆို အလုပ်သမား စောင့်ရှောက်ရေးနေရာတွေ ဘာတွေ ဖွင့်ပြီးတော့ အေဂျင်စီတွေနဲ့ညှိနှိုင်းပြီး ခင်ဗျားကုမ္ပဏီက စေလွှတ် ဖို့လက်မှတ်ထိုးပြီးတော့မှ MOU မှာရှိပြီးမှ ခင်ဗျား တို့က မဲဆောက်လောက်ပို့ပြီး လိမ်တယ်ဆိုပြီး အလုပ် သမားဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီးတော့ ပြည်နယ်အ ဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွေနဲ့ ပြည်တွင်းက နေအလိမ်ခံရတဲ့ ဗမာတွေအတွက်ပေါ့ ညီလေးရာ။ ဗမာတွေများတယ်လေ။ ဖြေရှင်းပြီးတော့ (၁၅)သိန်း ကုန်တယ်ဆို (၁၅)သိန်းလျော်၊ ပြီးရင် ပြန်ရှင်းပြီးလုပ် ပေးတာတွေရှိတယ်။ ဗမာတိုင်းရင်းသားတွေက အဲဒီ လိုပြဿနာတွေ ကရင်ပြည်နယ်မှာလည်း တော်တော် များတယ်။ နယ်စပ်ထွက်ပေါက်တွေပေါ့။ ဒုက္ခရောက် တဲ့သူတွေကိုကြည့်လိုက်ရင် ကရင်တွေက ကရင်ရွာ တွေကို ပြန်သွားလို့ရတယ်။ အထက်အညာ မကွေး၊ မင်းဘူး၊ မန္တလေးက ကလေးတွေဆိုရင် ဗမာတွေလေ။ အဲဒီကလေးတွေကျရင် စားစရာလည်းမရှိ၊ နေစရာ လည်းမရှိ။ ကျွန်တော့်ရွာက ဘယ်လိုပါဆို ကားခက လည်း အခုချိန်က သိတဲ့အတိုင်း။ ဟိုးအရင်ကဆို ကားခ (၃၊ ၄)သောင်းဆိုရောက်တယ်။ ကားခ (၃၊ ၄)သောင်းဆိုရင် လူ(၃၊ ၄)ဆယ်လောက် ကူညီလိုက် ရင် သိန်းက ဆယ်နဲ့ချီသွားပြန်ရော။ အဲဒီလိုမျိုး အ လုပ်သမားရေးရာတွေကို ကူညီစောင့်ရှောက်ဖူးတဲ့အ တွက် ဗမာတွေရဲ့ဖြစ်အင်တွေနဲ့ပတ်သက်ပြီး ငါ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင်ပြိုင်ပြီး လုပ် မယ်ဆိုရင် ဒါတွေကို အားထည့်လုပ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်ပေါ့။
မေး - တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ပြိုင်တာ ဖြစ်တဲ့အတွက် ဝန်ကြီးဖြစ်လာမယ်ဆိုရင် တခြား နောက်ထပ် ဘာလုပ်ပေးမယ်ဆိုတဲ့ ရည်မှန်းချက် ကိုကော ပြောပြပေးနိုင်မလား။
ဖြေ - ကရင်ပြည်နယ်အတွင်းက ဗမာတွေအတွက် ဆိုပြီး သီးခြားတော့မရှိဘူး။ ဘာလို့လဲဆိုတော့ ကိုယ် ကိုယ်တိုင်က ကရင်ပြည်နယ်မှာမွေးဖွားတာမဟုတ် ပေမယ့် ကိုယ်တိုင်က ကရင်ပြည်နယ်မှာ အခြေချနေ ထိုင်ပြီးတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ကရင်ပြည် နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဒေသခံတိုင်းရင်းသား တွေနဲ့ ပြည်နယ်အတွင်းနေထိုင်တဲ့ တိုင်းရင်းသား လူ မျိုးပေါင်စုံနဲ့ ကိုယ့်ဗမာတွေအပါအဝင် အားလုံးနဲ့ သင့်တင့်မျှတတဲ့ ပြည်သူ့အခွင့်အရေး အဲဒါတွေကိုပဲ အစ်ကိုက အဓိကဖော်ဆောင်မှာပါ။ ဗမာ တိုင်းရင်း သားရေးရာဝန်ကြီးဝင်ပြိုင်တယ်ဆိုပေမယ့် ဗမာတိုင်း ရင်းသားတွေအတွက်ပဲ ကျွန်တော်က ရည်ရွယ်ပြီးလုပ် တဲ့ ယှဉ်ပြိုင်မှုမျိုးတော့မဟုတ်ပါဘူး။
မေး - နောက်မေးခွန်းက တိုင်းအစိုးရ၊ ပြည်နယ်အ စိုးရတွေကိုကြည့်တဲ့အခါ ရေးရာဝန်ကြီးတွေကိုပေး တဲ့အခန်းကဏ္ဍက အားနည်းတာမြင်ရပါတယ်။ ဝန် ကြီးဖြစ်လာရင် အဲဒါကို ပိုကျယ်ပြန့်အောင် ဘောင်ထဲ ကလုပ်သွားမယ့်အစီအစဉ်ရှိလား။
ဖြေ - ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြည့်ရင် ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေရဲ့လုပ်ဆောင်ချက် တွေပဲ Highlight ဖြစ်နေတာလေ။ တကယ်တမ်းကျ တော့ သယံဇာတဝန်ကြီး၊ ဘာဝန်ကြီး၊ ညာဝန်ကြီး အကုန်ရှိပြီးသားပဲလေ။ သူတို့တွေက ဘာဖြစ်လဲဆို တော့ မသုံးသပ်ချင်ဘူး၊ မဝေဖန်ချင်ဘူး။ ငါ နေရာ တစ်ခုရထားပြီးပြီ။ ငါလုပ်စရာမလုပ်ဘူး။ ဘယ်တင်ဒါ လေးအတွက်ပဲ ငါ့ကို တာဝန်ယူခိုင်းထားတယ် ဘယ် တင်ဒါလေးအတွက်ပဲလုပ်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ် တွေနဲ့ ရပ်တည်နေတဲ့လူတွေ များတဲ့အတွက်ကြောင့် သူတို့တွေက Proud မဖြစ်လာဘူးလေ။ အဲဒီတော့ ကိုယ်တို့အနေနဲ့ ဒီလိုနေရာရောက်ပြီဆိုရင် အားက စားနဲ့ပတ်သက်ပြီးသော်လည်းကောင်း၊ ပညာရေးနဲ့ ပတ်သက်ပြီးသော်လည်းကောင်း၊ ကျန်းမာရေးနဲ့ပတ် သက်ပြီးသော်လည်းကောင်း လူနေမှုဘဝအဖုံဖုံကို ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို လွှတ်တော်မှာ သော်လည်းကောင်း၊ ပြည်နယ်လွှတ်တော်မှာသော် လည်းကောင်း အစည်းအဝေးတိုင်းမှာ တင်ပြဆွေးနွေး ပြီးတော့ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာမျိုး ဦးဆောင်ဆွေးနွေးပြီး လုပ်ဖို့အစီအစဉ်ရှိပါတယ်။
မေး - ဝန်ကြီးဖြစ်လို့ အစိုးရအဖွဲ့ထဲရောက်ပြီဆိုရင် လုပ်မယ်လို့မျှော်မှန်းထားတာတွေရှိပေမယ့် ရေးရာ ဝန်ကြီးဖြစ်တဲ့အတွက် ပယ်ချခံရတာတွေရှိနိုင်တယ် ဆိုပြီး စိုးရိမ်တာမျိုးရှိလား။
ဖြေ - အဲဒီလို စိုးရိမ်စိတ်ဖြစ်တာမရှိဘူး။ အခုဟာက လက်ရှိ အသစ်ဖြစ်ပေါ်လာမယ့် အစိုးရတစ်ရပ်က ကျွန်တော်တို့ကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း မျက်စိဒေါက် ထောက်ပြီးတော့ အဂတိအရမ်းကင်းနေမှ ဒီလိုနေရာ မှာရပ်တည်နိုင်မယ့်အနေအထားရှိတာလေ။ တစ်ဖက် ကိုတော့ ဖိနှိပ်လိုက်မယ်၊ တစ်ဖက်ကိုတော့ လုပ်လိုက် မယ်ဆိုတဲ့ စနစ်တွေ၊ မူဝါဒတွေ အဲဒါတွေကလည်း ပျောက်သွားမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လက် ကြိတ်ထိုးပေးတာတွေကအစပေါ့။ အရင်တုန်းကဆို ရင် တင်ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လုပ်ပိုင်ခွင့်ကို ဘယ်သူ့ကိုပေးလိုက်ဆိုပြီး ပြည်သူက မသိလိုက်ရဘူး အောက်ကနေသွားပြီး လုပ်ငန်းရသွားတဲ့သူတွေလည်း အများကြီးရှိတယ်။ အဲဒါမျိုးတွေပပျောက်သွားအောင် သက်ဆိုင်ရာဝန်ကြီးရှိမယ်၊ ဗမာရှိမယ်၊ မွန်ရှိမယ်၊ ပအိုဝ်းရှိမယ်၊ သယံဇာတရှိမယ်၊ သစ်တောရှိမယ် စသည်ဖြင့် အသီးသီးပေါ့နော်။ ဌာနဆိုင်ရာကခန့်တာ ရော၊ ပညာရှင်တွေကခန့်တာရော ရှိတာပေါ့။ အဲဒီလို မျိုး ကိုယ်တို့ကရင်ပြည်နယ်ဝန်ကြီးအုပ်စုက ဘယ်သူ ပဲ လုပ်လုပ်၊ မလုပ်လုပ် ကိုယ်ကတော့ Strong ဖြစ် အောင်လုပ်မယ်။ ဝန်ကြီးချုပ်နဲ့ အချေအတင် ပြောစ ရာရှိရင်လည်း အချေအတင်ပြောရမယ်။ လွှတ်တော် မှာလည်း အချေအတင်ဆွေးနွေးမယ်။ ထောက်ခံစရာ ရှိလည်း ထောက်ခံမယ်။ ပြောချင်တာက လက်ညှိုး ထောင်ပြီး ထောက်ခံစရာရှိရင်လည်းထောက်ခံမယ်။ လက်ညှိုးထိုးပြီး ပြောသင့်တာရှိရင်လည်းပြောမယ်။
မေး - ဆိုတော့ လာမယ့်အစိုးရဟာ စာမေးပွဲအစစ်ခံ ရမယ့်အစိုးရဖြစ်ကြောင်းခံယူထားတယ်လို့ ယူဆမိပါ တယ်။
ဖြေ - မှန်ပါတယ်ခင်ဗျ။ စာမေးပွဲအစစ်ခံရမယ့် ဝန် ကြီးပါပဲ။
မေး - ကရင်ပြည်နယ်မှာ လက်ရှိက နယ်မြေမတည် ငြိမ်တာရှိတယ်။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး လောင်းအနေနဲ့ မဲဆွယ်တဲ့အခါမှာ ဘယ်လို အခက်အ ခဲ ရင်ဆိုင်ရလဲ။
ဖြေ - ကျွန်တော်တို့ ပထမအကြိမ်က မြဝတီ၊ ဘားအံ၊ လှိုင်းဘွဲ့ နောက် ဖာပွန်။ လေးမြို့နယ်ပါပြီး သုံးမြို့ နယ်ကျန်တယ်။ ကြာအင်းဆိပ်ကြီးရယ်၊ သံတောင်ကြီး ရယ်၊ ကော့ကရိတ်ရယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ကြာအင်းဆိပ်ကြီးဆိုသွားလို့အဆင်မပြေဘူး။ လက်ရှိ နယ်မြေမငြိမ်းချမ်းမှုအရ ပွင့်ပွင့်လင်းလင်းပြောရရင် ဗီနိုင်းထောင်တာတွေတောင် ပိုစတာလက်ကမ်း ပန်း ဖလက်ဝေတာတွေတောင် မဝေရဲတာများနေတယ်။ နောက်တစ်ခုက ကရင်ဒီမိုကရက်တစ်ပါတီကိုယ်တိုင် ကလည်း ကြာအင်းဆိပ်ကြီးနဲ့ သံတောင်မြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော် တစ်ယောက်မှဝင်မပြိုင်ကြဘူး။ ကျွန် တော်ကျတော့ ခုနစ်မြို့နယ်လုံးနဲ့သက်ဆိုင်နေတော့ ကြာအင်းဆိပ်ကြီးဆို ဗီနိုင်းဝေဖို့လုပ်ရတယ်။ ပန်းဖ လက်တွေဝေရတယ်။ ကိုယ်တိုင်သွားဖို့က လက်ရှိအ နေအထားအရ အဆင်မပြေဘူး။ သံတောင်ကြီးဆို လည်း တပ်မဲရုံလေးပဲလုပ်နိုင်တယ်။ တပ်မဲရုံလေးနဲ့ မြို့ပြဧရိယာလေးမှာပဲလုပ်နိုင်တယ်။ သံတောင်ကြီးဆို ကရင်လည်းများတယ်။ ဗမာ တကယ်မဲပေးမယ့်သူက ထောင်ဂဏန်းပဲရှိတယ်။ အဲဒီလိုမျိုး မြို့နယ်တွေကျ တော့ စည်းရုံးရေးသွားဖို့က လူကိုယ်တိုင်လည်း သွား ဖို့ခက်တယ်။ ပန်းဖလက်ဝေခိုင်းဖို့တောင်မှ ပန်းဖ လက်ဝေမယ့်သူကိုပစ်မယ့်သူက ရှိတယ်လေ။ ဘား အံက ပြဿနာမရှိဘူး၊ လှိုင်းဘွဲ့ ပြဿနာမရှိဘူး။ ဖာ ပွန်ကကျတော့ ကမမောင်းမှာပဲ အခြေပြုပြီးတော့ မဲရုံ လုပ်တာလေ။ မြဝတီမှာလည်း မြဝတီမြို့ပေါ် ရပ် ကွက် တစ်၊ နှစ်၊ သုံး၊ လေး ၊ ငါး၊ ခြောက်၊ ခုနစ်ရယ်၊ ရွှေကုက္ကိုလ်ပေါ့ အဲဒါပဲရှိတဲ့အတွက် ညီနောင်တို့၊ မင်းလက်ပံတို့ မထော်သလေးတို့ အဲဒီဘက်တွေမပါ ဘူးလေ။ လက်ရှိတပ်မတော်ကလည်း ထိန်းချုပ်ထား နိုင်တဲ့အတွက် စည်းရုံရေးတွေကတော့ အဆင်ပြေပါ တယ်။ အဆင်မပြေတဲ့မြို့နယ်ကတော့ ကြာအင်းဆိပ် ကြီးရယ်၊ သံတောင်ကြီးရယ်ပါ။
မေး - ဒုတိယက ခြိမ်းခြောက်ခံရမှုပါ။ အသက် အန္တရာယ် ခြိမ်းခြောက်ခံရတာ ရှိလား။
ဖြေ - အရင်တည်းက အင်တာနက် လူမှုကွန်ရက်မှာ၊ ဖေ့စ်ဘွတ်ခ်မှာ မဟုတ်တာတွေ့ရင် ဘယ်သူပဲဖြစ်ဖြစ် ပြောတယ်။ အစိုးရတစ်ရပ်ကိုလည်း ဘယ်အစိုးရ တက်တက် ဦးသိန်းစိန်လက်ထက်တည်းက ဝေဖန်ခဲ့ တာလေ။ ထောက်ပြတယ် ဝေဖန်တယ်။ NLD အ စိုးရလက်ထက်မှာလည်း မွန်ဝန်ကြီးချုပ်လား ခရု ကောက်ပါ ဘာညာဆိုတာ။ ပြောချင်တာက အစိုးရ အဆက်ဆက်မှာ ဘယ်အစိုးရရယ်မဟုတ်ဘူး အစိုးရ မှားရင် ထောက်ပြတယ်။ ပြည်သူဘက်က ရပ်တယ် ဆိုရင်လည်း မားမားမတ်မတ်ရပ်တယ်။ ကျွန်တော် ဆန္ဒထုတ်ဖော်ပွဲတွေလုပ်တယ်။ ကိုယ်တိုင်လည်း စင် ပေါ်ဟောပြောတာလုပ်ခဲ့ဖူးတယ်။ ICC နဲ့ ပတ်သက် ပြီး တပ်မတော်ကိုစွပ်စွဲတာနဲ့ပတ်သက်ပြီးတော့လည်း ဘူးလက်လှဆွေကြီးတို့နဲ့ကျွန်တော် တောင်ကြီးတို့၊ လွိုင်ကော်တို့၊ ရန်ကုန်တို့မှာ ဟောပြောခဲ့တယ်။ ဝေ ဖန်နေမှာပဲ၊ ပြောနေမှာပဲ။ လုပ်နေမှာပါပဲ။
မေး - လက်နက်ကိုင်အဖွဲ့တွေများတဲ့ ကရင်ပြည်နယ် မှာ ရွေးကောက်ပွဲက ဘယ်လိုပုံစံဖြစ်မယ်လို့တွေးမိတာ ရှိလဲ။
ဖြေ - လက်နက်ကိုင်တပ်ဖွဲ့နဲ့ပတ်သက်ပြီး ဒီကေဘီ အေစိုးမိုးတဲ့ ဆုံစည်းမြိုင်မှာလည်း မဲပုံးမရှိဘူး။ ပြဿနာမရှိဘူး။ ဘီဂျီအက်ဖ်ကတော့ အကုန်လုံးကို ခွင့်ပြုတယ်။ အရင်တုန်းက မြဝတီမှာ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်ပဲရှိတယ်။ မြို့ပေါ် ရပ်ကွက်။ ပြီးရင် မထော်သလေး၊ မင်းလက်ပံ ဘက်ပေါ့။ ပူလွဲပု ကျေးရွာဆိုတာလေ။ အရင်တုန်းက တပ်ရဲ့မြေပုံမှာ တပ်အခေါ်က ပူလွဲပုကျေးရွာဆိုတာလေ ရွှေကုက္ကိုလ် ကိုပြောတာ။ ရွှေကုက္ကိုလ်အဝန်းအဝိုင်းကို ပြောတာ။ ပထမ မဲရုံထောင်မယ့်ဟာမှာ ပူလွဲပုမပါဘူး။ နယ်မြေ မငြိမ်းချမ်းတာဖြစ်တဲ့အတွက် အဲဒီနေရာကို မဲပုံး ထောင်ဖို့အစီအစဉ်မရှိဘူး။ အဲဒါကို ဗိုလ်ချစ်(ဘီဂျီ အက်ဖ် ဗိုလ်မှူးကြီး စောချစ်သူ)က ကျွန်တော့်နေရာ မှာလည်း မဲပုံးထောင်ပေးပါ အရာအားလုံးတာဝန်ယူပါ တယ်ဆိုလို့ ပူလွဲပုမှာ မဲရုံဖြစ်သွားတာ။ အဲဒီတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ ဒီကေဘီအေ ကလည်း သူ့စိုးမိုးနယ်မြေထဲမှာမဟုတ်တော့ ထွေ ထွေထူးထူး ကန့်ကွက်ဖို့မရှိသလို သူ့အတွက်လည်း ဘာမှမဖြစ်ဘူး။ ဘီဂျီအက်ဖ်ကတော့ တပ်မတော်နဲ့ ပေါင်းစည်းလုပ်ကိုင်နေတဲ့အနေအထားမှာ ဗိုလ်ချစ် ကိုယ်တိုင်က ပူလွဲပုကျေးရွာကို မဲပုံးထောင်ပေးပါ ဆိုပြီး တောင်းဆိုလို့ချပေးတာ။ လက်ရှိ ကေအင်ယူ ပြောနေတာကလွဲပြီးတော့ ကျန်တဲ့ တိုင်းရင်းသားတွေ ကတော့ အေးအေးချမ်းချမ်းပါပဲ။
မေး - လက်ရှိ အခက်အခဲက နယ်မြေမတည်ငြိမ်တာ အပြင် တခြား ဘယ်လိုအခက်အခဲရှိပါသလဲ။
ဖြေ - ခက်တာကလေ အဲဒါက တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ဖြစ်နေတာ။ ကျွန်တော်တို့ ဒီမြဝတီလိုနေရာ မျိုးကလည်း ပိုပြီးတော့ရှုပ်ထွေးတာပေါ့။ နယ်စပ်မြို့ ဖြစ်တဲ့အတွက်။ ဘာဖြစ်လဲဆိုတော့ ပထမတော့ မဲစာ ရင်းကောက်တယ်။ တန်းလျားတွေမှာနေတယ်။ အတည်တကျနေတာမဟုတ်တဲ့အတွက် စာရင်း ကောက်သွားလိုက် တစ်ကြိမ်ကောက်သွားလိုက် မောင်ဖြူ၊ မောင်ဝါ၊ မောင်နီ ပါတယ်။ နောက် သုံးလ ကြာလို့ကောက်လိုက် မောင်ဖြူ၊ မောင်ဝါ၊ မောင်နီက မရှိတော့ပြန်ဘူး။ မရှိတော့တဲ့အခါ စာရင်းတွေက ရှိ လိုက်၊ မရှိလိုက်၊ ထပ်တိုးလာလိုက်နဲ့ မြေပြင်ကွင်းဆင်း ပြီးတော့ စာရင်းအတိအကျကောက်တဲ့သူတွေက လည်း အခက်အခဲဖြစ်တယ်။ UEC နဲ့ ထွေအုပ်က တစ်အိမ်တက်ဆင်းစီစဉ်တာပေါ့။ လဝကကျတော့ သူ့မြို့နယ်မှာရှိတဲ့သန်းခေါင်စာရင်း ဦးရေ၊ လူဦးရေ ဘယ်လောက်ရှိလဲပဲကြည့်တာ။ ဥပမာ ပဲခူးကနေ ပြောင်းလာတယ်။ မြဝတီမှာနေတာ (၃၊ ၄)နှစ် လောက်ရှိပြီ။ ဟိုပဲခူးက သန်းခေါင်စာရင်းကိုမပြောင်း သေးဘူး မြဝတီမှာ အိုးပိုင်အိမ်ပိုင်နေလိုက်တယ်။ တကယ်တမ်း မဲပေးမယ်လည်းလုပ်ရော ပထမတော့ ငါတို့က ဒီမှာနေတာကြာပြီ၊ ငါတို့ မဲပေးမယ်ဆိုပြီးနေ လိုက်တယ်။ ရက်ကိုးဆယ်သတ်မှတ်တဲ့အချိန်မှာ ပုံစံ (၃- က)က နယ်ကျော် မြို့ကျော်ကိုး။ နယ်ကျော်၊ မြို့ ကျော်က ပေးခွင့်မရတော့တာတဲ့။ အဲဒီမှာ မဲပေးပိုင်ခွင့် ဆုံးရှုံးပြန်ရော။ နောက်တစ်ခုက မြဝတီမြို့မှာနေပြီး သန်းခေါင်စာရင်းရှိတယ်။ မှတ်ပုံတင်ရှိတယ်။ ဘိုးစဉ် ဘောင်ဆက်နေခဲ့တာဖြစ်တယ်။ (၂၀၁၀၊ ၂၀၁၅)မှာ လည်း မဲပေးပိုင်ခွင့်ရှိခဲ့တယ်။ အခု မဲစာရင်းမှာသွား ကြည့်တော့ သူတို့နာမည်မပါဘူး။ အဲဒီပြဿနာတွေက နယ်စပ်ဖြစ်တဲ့အတွက် လဝကတွေရဲ့ အဂတိမကင်းမှု နဲ့ အလွယ်လုပ်တဲ့သန်းခေါင်စာရင်းတွေပေါ့။ ဘန် ကောက်ကိုထွက်ချင်တယ်လေ။ မကွေးကလာတဲ့ (၅) ယောက်၊ (၁၀)ယောက်လောက်ကို မြဝတီ သန်းခေါင် စာရင်း ကောက်လုပ်ပေးလိုက်တယ်။ စမတ်ကတ်ရိုက် တယ်။ ဒုန်း ဆိုထွက်သွားတယ်။ သန်းခေါင်စာရင်း သည် မြဝတီသန်းခေါင်စာရင်းဖြစ်တယ်။ လဝက က အဲဒီစာရင်းကိုချမပြရဲဘူး။ ကျွန်တော့်ကို မဲပေးချင်တဲ့ သူတွေကိုယ်တိုင်က ပထမအကြိမ်ပြောတယ်။ ကောက်သွားတယ်။ ဒုတိယအကြိမ်ကျတော့လည်း မပါလို့။ ဒုတိယအကြိမ်ကျတော့လည်း သန်းခေါင်စာ ရင်းမှာ စီကုတ်မကျလို့ဆိုလို့ ကျွန်တော်ကိုယ်တိုင်ပဲ စီကုတ်ကျအောင် လိုင်းပေါ်မှာလည်းရေးတယ်။ လဝကရုံးမှာ တစ်ခါတည်းလုပ်ခိုင်းတာ။ အဲဒီလိုမလုပ် နိုင်ဘဲ ကျန်ခဲ့တဲ့သူက (၃၀)ရာခိုင်နှုန်းလောက်ရှိ တယ်။ No Vote ကလည်း (၃၀)ရာခိုင်နှုန်းလောက် ရှိတယ်။
မေး - ဗမာချည်းသက်သက်ပဲလား။
ဖြေ - ဗမာရယ် မဟုတ်ဘူး။ လွှတ်တော်အသီးသီးကို ပြောတာ။ အဲဒီအတိုင်းဖြစ်နေတာ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
အစိုးရသစ္ဟာ စာေမးပြဲအစစ္ခံရမယ့္ အစိုးရ (သီးသန႔္အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဒီဇင္ဘာလ ၂၆
ကရင္ျပည္နယ္သည္ လက္နက္ကိုင္အဖြဲ႕မ်ားျပားရာျပည္နယ္တစ္ခုျဖစ္ၿပီး ႏိုင္ငံေရးခံယူခ်က္လည္း ကြဲျပားမႈ မ်ားရွိသည္။ သို႔ေသာ္ လက္နက္ကိုင္အဖြဲ႕အမ်ားစုက ေ႐ြးေကာက္ပြဲကိုေထာက္ခံသည္ဟုေျပာၾကားထားၾက ေသာ္လည္း မေထာက္ခံေသာအဖြဲ႕တို႔မွာလည္း ရွိေနဆဲပင္။ ယင္းအေျခအေနႏွင့္ပတ္သက္၍ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ(KNDP)ကိုယ္စားျပဳ၍ ဗမာတိုင္းရင္းသားလူမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ဦးေအးမင္းထြန္း(ခ)ဦးသူရိန္မင္းထြန္းထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ပထမဆုံးေမးခ်င္တာက နယ္ေျမမတည္ၿငိမ္တဲ့ မဲဆႏၵနယ္ေတြပါကိုယ္စားျပဳၿပီး ဗမာတိုင္းရင္းသား လူမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအေ႐ြးခံဖို႔ ဘာေၾကာင့္ ဆုံးျဖတ္လိုက္တာလဲ။
ေျဖ - (၂၀၂၅)ေ႐ြးေကာက္ပြဲမွာ ဝင္ရတဲ့ရည္႐ြယ္ခ်က္ ကေတာ့ အခုလက္ရွိ ပဋိပကၡေတြျဖစ္ၿပီးေတာ့ ျပည္ တြင္းမၿငိမ္းခ်မ္းမႈေတြျဖစ္ေနတာေတြက ဒီအတိုင္းပဲ ဆက္သြားမယ္ဆိုရင္ အဆင္မေျပႏိုင္တဲ့အေနအ ထား။ လူေတြပဲဒုကၡေရာက္မယ္။ တိုင္းျပည္ပဲ နစ္မြန္း သြားမယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲ က်င္းပၿပီးေတာ့ လႊတ္ေတာ္အသီးသီးဖြဲ႕စည္းႏိုင္ၿပီး ေတာ့ ႏိုင္ငံေတာ္ကို တည္ၿငိမ္ေအးခ်မ္းေအာင္ ထိန္း ေက်ာင္းႏိုင္ေအာင္လုပ္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔ကိုယ္တိုင္က ေ႐ြးေကာက္ပြဲကို အား လည္းေပးတယ္၊ ကိုယ္တိုင္ဝင္ၿပိဳင္ဖို႔လည္း ဆုံးျဖတ္ခဲ့ တာပါ။
ေမး - ဒီေနရာကၿပိဳင္ဖို႔ ဘာေၾကာင့္ေ႐ြးခ်ယ္တာလဲ။
ေျဖ - ကရင္ျပည္နယ္မွာဆို သတ္မွတ္ထားတဲ့ရာခိုင္ ႏႈန္းေက်ာ္ရင္ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီးတစ္ ေယာက္ေပါ့။ ကြၽန္ေတာ္တို႔ ကရင္ျပည္နယ္မွာဆိုရင္ ဗမာရယ္၊ ပအိုဝ္းရယ္၊ မြန္ရယ္ အဲဒီလူမ်ိဳး သုံးမ်ိဳးက ကရင္ျပည္နယ္မွာ တိုင္းရင္းသားေရးရာဝန္ႀကီးေနရာ ရွိတာေပါ့။ ကြၽန္ေတာ္တို႔က ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီးအေနနဲ႔ဝင္ၿပိဳင္တာက နယ္စပ္မွာ ျပည္တြင္း ကေနထြက္လာၿပီး လႈပ္ရွားသြားလာ၊ ေ႐ႊ႕ေျပာင္းေနတဲ့ လုပ္သားေတြ လုပ္ကိုင္ေဆာင္႐ြက္တာက ဗမာေတြ မ်ားတယ္ေလ။ ကရင္ျပည္နယ္မွာ ကြၽန္ေတာ္ေနတယ္ ဆိုေတာ့ ဗမာေတြရဲ႕အခက္အခဲေတြက ဘာေတြျဖစ္မ လဲ၊ ဘာေတြ အေထာက္အပံ့ေပးႏိုင္မလဲဆိုတာကို ကရင္ပါတီျဖစ္တဲ့ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါ တီ၊ ကရင္တိုင္းရင္းသားမိသားစုတို႔နဲ႔ လက္တြဲၿပီးေတာ့ ဗမာတိုင္းရင္းသားေတြရဲ႕အခြင့္အေရးကို ဘယ္လို ေစာင့္ေရွာက္ရမလဲဆိုၿပီးေတာ့ ဝင္ၿပိဳင္တာပါ။
ေမး - ပါတီအေၾကာင္းဘက္ နည္းနည္းေမးပါရေစ။ ပါတီရဲ႕မူဝါဒကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ - ပါတီမွာ မူဝါဒေျခာက္ခ်က္ရွိတယ္။ မူဝါဒ ေျခာက္ခ်က္မွာ အဓိကကေတာ့ ၿငိမ္းခ်မ္းေရးကို အဓိကေရွးရႈတယ္။ တန္းတူညီမွ်တဲ့အခြင့္အေရးေတြ ရခ်င္တယ္။ အ႐ြယ္ေရာက္သူတိုင္း ပညာသင္ၾကားႏိုင္ ေရးေပါ့။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ျပည္နယ္ ဟာ ႏွစ္(၇ဝ)ေက်ာ္ စစ္မက္ျဖစ္ပြားေနတဲ့ျပည္နယ္ျဖစ္ တဲ့အတြက္ စာမတတ္တဲ့ ေက်း႐ြာေတြ၊ စာမတတ္တဲ့ ကရင္လူမ်ိဳးေတြ အမ်ားႀကီးရွိတယ္ေလ။ အဲဒီလိုေဒ သေတြကို ဖြံ႕ၿဖိဳးတိုးတက္ၿပီးေတာ့ စာသင္ေက်ာင္း ေတြတည္ေဆာက္ေပးႏိုင္ေအာင္၊ စာတတ္ေျမာက္ ေအာင္။ စာတတ္ေျမာက္မွသာလွ်င္ အသိပညာေတြ ဖြံ႕ၿဖိဳးၿပီးေတာ့ ကိုယ့္ျပည္နယ္အတြက္၊ ကိုယ့္အနာ ဂတ္အတြက္၊ ကိုယ့္တိုင္းျပည္အတြက္ေပါ့။ ပညာ တတ္ရင္ေတာ့ မိမိ မိသားစုကေနစတာေပါ့။ ၿပီးေတာ့ ကိုယ့္ရပ္႐ြာ၊ ကိုယ့္ေက်း႐ြာ၊ ကိုယ့္ၿမိဳ႕နယ္၊ ကိုယ့္တိုင္း ဌာေနအထိကို ပညာတတ္မွသာလွ်င္ လုပ္ေဆာင္ႏိုင္ မွာေလ။ ၿငိမ္းခ်မ္းေရးရရွိႏိုင္ေရး၊ ၿငိမ္းခ်မ္းေရး ရၿပီး တဲ့ေနာက္မွာ ပညာေရးနဲ႔ အလုပ္အကိုင္အခြင့္အလမ္း ေတြရမယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဒီမွာေခၚခ်င္တာ ေပါ့။ ကရင္နဲ႔မြန္တို႔ ေတာ္ေတာ္မ်ားမ်ားက ထိုင္းမွာ သြားၿပီးလုပ္လုပ္ၾကတာမ်ားတယ္။ လူငယ္ေတြ သူမ်ား ႏိုင္ငံမွာအလုပ္လုပ္တာထက္စာရင္ ကိုယ့္ဆီမွာ ရင္း ႏွီးျမႇဳပ္ႏွံမႈေတြလာၿပီးေတာ့ စက္႐ုံ၊ အလုပ္႐ုံေတြတည္ ေဆာက္ၿပီး ကိုယ့္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေစခ်င္တာ ပါတီရဲ႕ အဓိကရည္႐ြယ္ခ်က္ပါ။
ေမး - ကရင္ျပည္နယ္မွာ ဗမာတိုင္းရင္းသားေတြရဲ႕ နစ္နာမႈေတြက ဘာမ်ားျဖစ္မလဲ။
ေျဖ - အခြင့္အေရးဆုံးရႈံးတာေတာ့မဟုတ္ဘူးေပါ့။ ေ႐ႊ႕ေျပာင္းလုပ္သားေတြမ်ားတဲ့အတြက္ လူမ်ိဳးစု တစ္ရပ္အေနနဲ႔ေနထိုင္ေနၾကတာ ဥပမာ ထိုင္းနဲ႔ MOU စာခ်ဳပ္ခ်ဳပ္ၿပီး သြားခဲ့တဲ့၊ အလုပ္သမားပို႔တဲ့ ႏွစ္ေတြ ရွိခဲ့တယ္ေလ။ ျပည္တြင္းကေန ထိုင္းကို သြားအလုပ္လုပ္ၿပီး ျပႆနာတက္လို႔ေရာက္လာရင္ ဗမာေတြခ်ည္းပဲ။ ဗမာလို႔ေျပာရင္ ပဲခူးကေနစၿပီး အ ထက္အညာ။ အညာသားခ်ည္းပဲ။ အလုပ္ရမယ္ဆိုၿပီး မဲေဆာက္တက္လာတယ္။ ေယာင္ခ်ာခ်ာနဲ႔ျပန္လာရ တယ္။ ကြၽန္ေတာ္တို႔ အရင္တုန္းကဆို အလုပ္သမား ေစာင့္ေရွာက္ေရးေနရာေတြ ဘာေတြ ဖြင့္ၿပီးေတာ့ ေအဂ်င္စီေတြနဲ႔ညႇိႏႈိင္းၿပီး ခင္ဗ်ားကုမၸဏီက ေစလႊတ္ ဖို႔လက္မွတ္ထိုးၿပီးေတာ့မွ MOU မွာရွိၿပီးမွ ခင္ဗ်ား တို႔က မဲေဆာက္ေလာက္ပို႔ၿပီး လိမ္တယ္ဆိုၿပီး အလုပ္ သမားဝန္ႀကီးဌာနနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ျပည္နယ္အ ဆင့္၊ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ေတြနဲ႔ ျပည္တြင္းက ေနအလိမ္ခံရတဲ့ ဗမာေတြအတြက္ေပါ့ ညီေလးရာ။ ဗမာေတြမ်ားတယ္ေလ။ ေျဖရွင္းၿပီးေတာ့ (၁၅)သိန္း ကုန္တယ္ဆို (၁၅)သိန္းေလ်ာ္၊ ၿပီးရင္ ျပန္ရွင္းၿပီးလုပ္ ေပးတာေတြရွိတယ္။ ဗမာတိုင္းရင္းသားေတြက အဲဒီ လိုျပႆနာေတြ ကရင္ျပည္နယ္မွာလည္း ေတာ္ေတာ္ မ်ားတယ္။ နယ္စပ္ထြက္ေပါက္ေတြေပါ့။ ဒုကၡေရာက္ တဲ့သူေတြကိုၾကည့္လိုက္ရင္ ကရင္ေတြက ကရင္႐ြာ ေတြကို ျပန္သြားလို႔ရတယ္။ အထက္အညာ မေကြး၊ မင္းဘူး၊ မႏၲေလးက ကေလးေတြဆိုရင္ ဗမာေတြေလ။ အဲဒီကေလးေတြက်ရင္ စားစရာလည္းမရွိ၊ ေနစရာ လည္းမရွိ။ ကြၽန္ေတာ့္႐ြာက ဘယ္လိုပါဆို ကားခက လည္း အခုခ်ိန္က သိတဲ့အတိုင္း။ ဟိုးအရင္ကဆို ကားခ (၃၊ ၄)ေသာင္းဆိုေရာက္တယ္။ ကားခ (၃၊ ၄)ေသာင္းဆိုရင္ လူ(၃၊ ၄)ဆယ္ေလာက္ ကူညီလိုက္ ရင္ သိန္းက ဆယ္နဲ႔ခ်ီသြားျပန္ေရာ။ အဲဒီလိုမ်ိဳး အ လုပ္သမားေရးရာေတြကို ကူညီေစာင့္ေရွာက္ဖူးတဲ့အ တြက္ ဗမာေတြရဲ႕ျဖစ္အင္ေတြနဲ႔ပတ္သက္ၿပီး ငါ ဗမာ တိုင္းရင္းသားေရးရာဝန္ႀကီးေနရာဝင္ၿပိဳင္ၿပီး လုပ္ မယ္ဆိုရင္ ဒါေတြကို အားထည့္လုပ္ႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္၊ ရည္မွန္းခ်က္ေပါ့။
ေမး - တိုင္းရင္းသားေရးရာဝန္ႀကီးေနရာ ၿပိဳင္တာ ျဖစ္တဲ့အတြက္ ဝန္ႀကီးျဖစ္လာမယ္ဆိုရင္ တျခား ေနာက္ထပ္ ဘာလုပ္ေပးမယ္ဆိုတဲ့ ရည္မွန္းခ်က္ ကိုေကာ ေျပာျပေပးႏိုင္မလား။
ေျဖ - ကရင္ျပည္နယ္အတြင္းက ဗမာေတြအတြက္ ဆိုၿပီး သီးျခားေတာ့မရွိဘူး။ ဘာလို႔လဲဆိုေတာ့ ကိုယ္ ကိုယ္တိုင္က ကရင္ျပည္နယ္မွာေမြးဖြားတာမဟုတ္ ေပမယ့္ ကိုယ္တိုင္က ကရင္ျပည္နယ္မွာ အေျခခ်ေန ထိုင္ၿပီးတဲ့လူတစ္ေယာက္ျဖစ္တဲ့အတြက္ ကရင္ျပည္ နယ္ႀကီး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဒသခံတိုင္းရင္းသား ေတြနဲ႔ ျပည္နယ္အတြင္းေနထိုင္တဲ့ တိုင္းရင္းသား လူ မ်ိဳးေပါင္စုံနဲ႔ ကိုယ့္ဗမာေတြအပါအဝင္ အားလုံးနဲ႔ သင့္တင့္မွ်တတဲ့ ျပည္သူ႔အခြင့္အေရး အဲဒါေတြကိုပဲ အစ္ကိုက အဓိကေဖာ္ေဆာင္မွာပါ။ ဗမာ တိုင္းရင္း သားေရးရာဝန္ႀကီးဝင္ၿပိဳင္တယ္ဆိုေပမယ့္ ဗမာတိုင္း ရင္းသားေတြအတြက္ပဲ ကြၽန္ေတာ္က ရည္႐ြယ္ၿပီးလုပ္ တဲ့ ယွဥ္ၿပိဳင္မႈမ်ိဳးေတာ့မဟုတ္ပါဘူး။
ေမး - ေနာက္ေမးခြန္းက တိုင္းအစိုးရ၊ ျပည္နယ္အ စိုးရေတြကိုၾကည့္တဲ့အခါ ေရးရာဝန္ႀကီးေတြကိုေပး တဲ့အခန္းက႑က အားနည္းတာျမင္ရပါတယ္။ ဝန္ ႀကီးျဖစ္လာရင္ အဲဒါကို ပိုက်ယ္ျပန႔္ေအာင္ ေဘာင္ထဲ ကလုပ္သြားမယ့္အစီအစဥ္ရွိလား။
ေျဖ - ရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၾကည့္ရင္ ျပည္နယ္၊ တိုင္းဝန္ႀကီးခ်ဳပ္ေတြရဲ႕လုပ္ေဆာင္ခ်က္ ေတြပဲ Highlight ျဖစ္ေနတာေလ။ တကယ္တမ္းက် ေတာ့ သယံဇာတဝန္ႀကီး၊ ဘာဝန္ႀကီး၊ ညာဝန္ႀကီး အကုန္ရွိၿပီးသားပဲေလ။ သူတို႔ေတြက ဘာျဖစ္လဲဆို ေတာ့ မသုံးသပ္ခ်င္ဘူး၊ မေဝဖန္ခ်င္ဘူး။ ငါ ေနရာ တစ္ခုရထားၿပီးၿပီ။ ငါလုပ္စရာမလုပ္ဘူး။ ဘယ္တင္ဒါ ေလးအတြက္ပဲ ငါ့ကို တာဝန္ယူခိုင္းထားတယ္ ဘယ္ တင္ဒါေလးအတြက္ပဲလုပ္လိုက္မယ္ဆိုတဲ့ စိတ္ဓာတ္ ေတြနဲ႔ ရပ္တည္ေနတဲ့လူေတြ မ်ားတဲ့အတြက္ေၾကာင့္ သူတို႔ေတြက Proud မျဖစ္လာဘူးေလ။ အဲဒီေတာ့ ကိုယ္တို႔အေနနဲ႔ ဒီလိုေနရာေရာက္ၿပီဆိုရင္ အားက စားနဲ႔ပတ္သက္ၿပီးေသာ္လည္းေကာင္း၊ ပညာေရးနဲ႔ ပတ္သက္ၿပီးေသာ္လည္းေကာင္း၊ က်န္းမာေရးနဲ႔ပတ္ သက္ၿပီးေသာ္လည္းေကာင္း လူေနမႈဘဝအဖုံဖုံကို ဘာေတြလုပ္ေပးႏိုင္မလဲဆိုတာကို လႊတ္ေတာ္မွာ ေသာ္လည္းေကာင္း၊ ျပည္နယ္လႊတ္ေတာ္မွာေသာ္ လည္းေကာင္း အစည္းအေဝးတိုင္းမွာ တင္ျပေဆြးေႏြး ၿပီးေတာ့ ကရင္ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ဘာေတြလုပ္ရမလဲဆိုတာမ်ိဳး ဦးေဆာင္ေဆြးေႏြးၿပီး လုပ္ဖို႔အစီအစဥ္ရွိပါတယ္။
ေမး - ဝန္ႀကီးျဖစ္လို႔ အစိုးရအဖြဲ႕ထဲေရာက္ၿပီဆိုရင္ လုပ္မယ္လို႔ေမွ်ာ္မွန္းထားတာေတြရွိေပမယ့္ ေရးရာ ဝန္ႀကီးျဖစ္တဲ့အတြက္ ပယ္ခ်ခံရတာေတြရွိႏိုင္တယ္ ဆိုၿပီး စိုးရိမ္တာမ်ိဳးရွိလား။
ေျဖ - အဲဒီလို စိုးရိမ္စိတ္ျဖစ္တာမရွိဘူး။ အခုဟာက လက္ရွိ အသစ္ျဖစ္ေပၚလာမယ့္ အစိုးရတစ္ရပ္က ကြၽန္ေတာ္တို႔ကိုယ္တိုင္ျဖစ္ခဲ့ရင္လည္း မ်က္စိေဒါက္ ေထာက္ၿပီးေတာ့ အဂတိအရမ္းကင္းေနမွ ဒီလိုေနရာ မွာရပ္တည္ႏိုင္မယ့္အေနအထားရွိတာေလ။ တစ္ဖက္ ကိုေတာ့ ဖိႏွိပ္လိုက္မယ္၊ တစ္ဖက္ကိုေတာ့ လုပ္လိုက္ မယ္ဆိုတဲ့ စနစ္ေတြ၊ မူဝါဒေတြ အဲဒါေတြကလည္း ေပ်ာက္သြားမယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ လက္ ႀကိတ္ထိုးေပးတာေတြကအစေပါ့။ အရင္တုန္းကဆို ရင္ တင္ဒါေတြနဲ႔ပတ္သက္ၿပီး ဘယ္လုပ္ပိုင္ခြင့္ကို ဘယ္သူ႔ကိုေပးလိုက္ဆိုၿပီး ျပည္သူက မသိလိုက္ရဘူး ေအာက္ကေနသြားၿပီး လုပ္ငန္းရသြားတဲ့သူေတြလည္း အမ်ားႀကီးရွိတယ္။ အဲဒါမ်ိဳးေတြပေပ်ာက္သြားေအာင္ သက္ဆိုင္ရာဝန္ႀကီးရွိမယ္၊ ဗမာရွိမယ္၊ မြန္ရွိမယ္၊ ပအိုဝ္းရွိမယ္၊ သယံဇာတရွိမယ္၊ သစ္ေတာရွိမယ္ စသည္ျဖင့္ အသီးသီးေပါ့ေနာ္။ ဌာနဆိုင္ရာကခန႔္တာ ေရာ၊ ပညာရွင္ေတြကခန႔္တာေရာ ရွိတာေပါ့။ အဲဒီလို မ်ိဳး ကိုယ္တို႔ကရင္ျပည္နယ္ဝန္ႀကီးအုပ္စုက ဘယ္သူ ပဲ လုပ္လုပ္၊ မလုပ္လုပ္ ကိုယ္ကေတာ့ Strong ျဖစ္ ေအာင္လုပ္မယ္။ ဝန္ႀကီးခ်ဳပ္နဲ႔ အေခ်အတင္ ေျပာစ ရာရွိရင္လည္း အေခ်အတင္ေျပာရမယ္။ လႊတ္ေတာ္ မွာလည္း အေခ်အတင္ေဆြးေႏြးမယ္။ ေထာက္ခံစရာ ရွိလည္း ေထာက္ခံမယ္။ ေျပာခ်င္တာက လက္ညႇိဳး ေထာင္ၿပီး ေထာက္ခံစရာရွိရင္လည္းေထာက္ခံမယ္။ လက္ညႇိဳးထိုးၿပီး ေျပာသင့္တာရွိရင္လည္းေျပာမယ္။
ေမး - ဆိုေတာ့ လာမယ့္အစိုးရဟာ စာေမးပြဲအစစ္ခံ ရမယ့္အစိုးရျဖစ္ေၾကာင္းခံယူထားတယ္လို႔ ယူဆမိပါ တယ္။
ေျဖ - မွန္ပါတယ္ခင္ဗ်။ စာေမးပြဲအစစ္ခံရမယ့္ ဝန္ ႀကီးပါပဲ။
ေမး - ကရင္ျပည္နယ္မွာ လက္ရွိက နယ္ေျမမတည္ ၿငိမ္တာရွိတယ္။ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ေလာင္းအေနနဲ႔ မဲဆြယ္တဲ့အခါမွာ ဘယ္လို အခက္အ ခဲ ရင္ဆိုင္ရလဲ။
ေျဖ - ကြၽန္ေတာ္တို႔ ပထမအႀကိမ္က ျမဝတီ၊ ဘားအံ၊ လႈိင္းဘြဲ႕ ေနာက္ ဖာပြန္။ ေလးၿမိဳ႕နယ္ပါၿပီး သုံးၿမိဳ႕ နယ္က်န္တယ္။ ၾကာအင္းဆိပ္ႀကီးရယ္၊ သံေတာင္ႀကီး ရယ္၊ ေကာ့ကရိတ္ရယ္။ အဲဒီမွာ ဘာျဖစ္လဲဆိုေတာ့ ၾကာအင္းဆိပ္ႀကီးဆိုသြားလို႔အဆင္မေျပဘူး။ လက္ရွိ နယ္ေျမမၿငိမ္းခ်မ္းမႈအရ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဗီႏိုင္းေထာင္တာေတြေတာင္ ပိုစတာလက္ကမ္း ပန္း ဖလက္ေဝတာေတြေတာင္ မေဝရဲတာမ်ားေနတယ္။ ေနာက္တစ္ခုက ကရင္ဒီမိုကရက္တစ္ပါတီကိုယ္တိုင္ ကလည္း ၾကာအင္းဆိပ္ႀကီးနဲ႔ သံေတာင္ၿမိဳ႕နယ္မွာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္နယ္ လႊတ္ေတာ္ တစ္ေယာက္မွဝင္မၿပိဳင္ၾကဘူး။ ကြၽန္ ေတာ္က်ေတာ့ ခုနစ္ၿမိဳ႕နယ္လုံးနဲ႔သက္ဆိုင္ေနေတာ့ ၾကာအင္းဆိပ္ႀကီးဆို ဗီႏိုင္းေဝဖို႔လုပ္ရတယ္။ ပန္းဖ လက္ေတြေဝရတယ္။ ကိုယ္တိုင္သြားဖို႔က လက္ရွိအ ေနအထားအရ အဆင္မေျပဘူး။ သံေတာင္ႀကီးဆို လည္း တပ္မဲ႐ုံေလးပဲလုပ္ႏိုင္တယ္။ တပ္မဲ႐ုံေလးနဲ႔ ၿမိဳ႕ျပဧရိယာေလးမွာပဲလုပ္ႏိုင္တယ္။ သံေတာင္ႀကီးဆို ကရင္လည္းမ်ားတယ္။ ဗမာ တကယ္မဲေပးမယ့္သူက ေထာင္ဂဏန္းပဲရွိတယ္။ အဲဒီလိုမ်ိဳး ၿမိဳ႕နယ္ေတြက် ေတာ့ စည္း႐ုံးေရးသြားဖို႔က လူကိုယ္တိုင္လည္း သြား ဖို႔ခက္တယ္။ ပန္းဖလက္ေဝခိုင္းဖို႔ေတာင္မွ ပန္းဖ လက္ေဝမယ့္သူကိုပစ္မယ့္သူက ရွိတယ္ေလ။ ဘား အံက ျပႆနာမရွိဘူး၊ လႈိင္းဘြဲ႕ ျပႆနာမရွိဘူး။ ဖာ ပြန္ကက်ေတာ့ ကမေမာင္းမွာပဲ အေျချပဳၿပီးေတာ့ မဲ႐ုံ လုပ္တာေလ။ ျမဝတီမွာလည္း ျမဝတီၿမိဳ႕ေပၚ ရပ္ ကြက္ တစ္၊ ႏွစ္၊ သုံး၊ ေလး ၊ ငါး၊ ေျခာက္၊ ခုနစ္ရယ္၊ ေ႐ႊကုကၠိဳလ္ေပါ့ အဲဒါပဲရွိတဲ့အတြက္ ညီေနာင္တို႔၊ မင္းလက္ပံတို႔ မေထာ္သေလးတို႔ အဲဒီဘက္ေတြမပါ ဘူးေလ။ လက္ရွိတပ္မေတာ္ကလည္း ထိန္းခ်ဳပ္ထား ႏိုင္တဲ့အတြက္ စည္း႐ုံေရးေတြကေတာ့ အဆင္ေျပပါ တယ္။ အဆင္မေျပတဲ့ၿမိဳ႕နယ္ကေတာ့ ၾကာအင္းဆိပ္ ႀကီးရယ္၊ သံေတာင္ႀကီးရယ္ပါ။
ေမး - ဒုတိယက ၿခိမ္းေျခာက္ခံရမႈပါ။ အသက္ အႏၲရာယ္ ၿခိမ္းေျခာက္ခံရတာ ရွိလား။
ေျဖ - အရင္တည္းက အင္တာနက္ လူမႈကြန္ရက္မွာ၊ ေဖ့စ္ဘြတ္ခ္မွာ မဟုတ္တာေတြ႕ရင္ ဘယ္သူပဲျဖစ္ျဖစ္ ေျပာတယ္။ အစိုးရတစ္ရပ္ကိုလည္း ဘယ္အစိုးရ တက္တက္ ဦးသိန္းစိန္လက္ထက္တည္းက ေဝဖန္ခဲ့ တာေလ။ ေထာက္ျပတယ္ ေဝဖန္တယ္။ NLD အ စိုးရလက္ထက္မွာလည္း မြန္ဝန္ႀကီးခ်ဳပ္လား ခ႐ု ေကာက္ပါ ဘာညာဆိုတာ။ ေျပာခ်င္တာက အစိုးရ အဆက္ဆက္မွာ ဘယ္အစိုးရရယ္မဟုတ္ဘူး အစိုးရ မွားရင္ ေထာက္ျပတယ္။ ျပည္သူဘက္က ရပ္တယ္ ဆိုရင္လည္း မားမားမတ္မတ္ရပ္တယ္။ ကြၽန္ေတာ္ ဆႏၵထုတ္ေဖာ္ပြဲေတြလုပ္တယ္။ ကိုယ္တိုင္လည္း စင္ ေပၚေဟာေျပာတာလုပ္ခဲ့ဖူးတယ္။ ICC နဲ႔ ပတ္သက္ ၿပီး တပ္မေတာ္ကိုစြပ္စြဲတာနဲ႔ပတ္သက္ၿပီးေတာ့လည္း ဘူးလက္လွေဆြႀကီးတို႔နဲ႔ကြၽန္ေတာ္ ေတာင္ႀကီးတို႔၊ လြိဳင္ေကာ္တို႔၊ ရန္ကုန္တို႔မွာ ေဟာေျပာခဲ့တယ္။ ေဝ ဖန္ေနမွာပဲ၊ ေျပာေနမွာပဲ။ လုပ္ေနမွာပါပဲ။
ေမး - လက္နက္ကိုင္အဖြဲ႕ေတြမ်ားတဲ့ ကရင္ျပည္နယ္ မွာ ေ႐ြးေကာက္ပြဲက ဘယ္လိုပုံစံျဖစ္မယ္လို႔ေတြးမိတာ ရွိလဲ။
ေျဖ - လက္နက္ကိုင္တပ္ဖြဲ႕နဲ႔ပတ္သက္ၿပီး ဒီေကဘီ ေအစိုးမိုးတဲ့ ဆုံစည္းၿမိဳင္မွာလည္း မဲပုံးမရွိဘူး။ ျပႆနာမရွိဘူး။ ဘီဂ်ီအက္ဖ္ကေတာ့ အကုန္လုံးကို ခြင့္ျပဳတယ္။ အရင္တုန္းက ျမဝတီမွာ တစ္၊ ႏွစ္၊ သုံး၊ ေလး၊ ငါး၊ ေျခာက္၊ ခုနစ္ပဲရွိတယ္။ ၿမိဳ႕ေပၚ ရပ္ကြက္။ ၿပီးရင္ မေထာ္သေလး၊ မင္းလက္ပံ ဘက္ေပါ့။ ပူလြဲပု ေက်း႐ြာဆိုတာေလ။ အရင္တုန္းက တပ္ရဲ႕ေျမပုံမွာ တပ္အေခၚက ပူလြဲပုေက်း႐ြာဆိုတာေလ ေ႐ႊကုကၠိဳလ္ ကိုေျပာတာ။ ေ႐ႊကုကၠိဳလ္အဝန္းအဝိုင္းကို ေျပာတာ။ ပထမ မဲ႐ုံေထာင္မယ့္ဟာမွာ ပူလြဲပုမပါဘူး။ နယ္ေျမ မၿငိမ္းခ်မ္းတာျဖစ္တဲ့အတြက္ အဲဒီေနရာကို မဲပုံး ေထာင္ဖို႔အစီအစဥ္မရွိဘူး။ အဲဒါကို ဗိုလ္ခ်စ္(ဘီဂ်ီ အက္ဖ္ ဗိုလ္မႉးႀကီး ေစာခ်စ္သူ)က ကြၽန္ေတာ့္ေနရာ မွာလည္း မဲပုံးေထာင္ေပးပါ အရာအားလုံးတာဝန္ယူပါ တယ္ဆိုလို႔ ပူလြဲပုမွာ မဲ႐ုံျဖစ္သြားတာ။ အဲဒီေတာ့ တိုင္းရင္းသားေတြနဲ႔ပတ္သက္ၿပီးေတာ့ ဒီေကဘီေအ ကလည္း သူ႔စိုးမိုးနယ္ေျမထဲမွာမဟုတ္ေတာ့ ေထြ ေထြထူးထူး ကန႔္ကြက္ဖို႔မရွိသလို သူ႔အတြက္လည္း ဘာမွမျဖစ္ဘူး။ ဘီဂ်ီအက္ဖ္ကေတာ့ တပ္မေတာ္နဲ႔ ေပါင္းစည္းလုပ္ကိုင္ေနတဲ့အေနအထားမွာ ဗိုလ္ခ်စ္ ကိုယ္တိုင္က ပူလြဲပုေက်း႐ြာကို မဲပုံးေထာင္ေပးပါ ဆိုၿပီး ေတာင္းဆိုလို႔ခ်ေပးတာ။ လက္ရွိ ေကအင္ယူ ေျပာေနတာကလြဲၿပီးေတာ့ က်န္တဲ့ တိုင္းရင္းသားေတြ ကေတာ့ ေအးေအးခ်မ္းခ်မ္းပါပဲ။
ေမး - လက္ရွိ အခက္အခဲက နယ္ေျမမတည္ၿငိမ္တာ အျပင္ တျခား ဘယ္လိုအခက္အခဲရွိပါသလဲ။
ေျဖ - ခက္တာကေလ အဲဒါက တစ္ႏိုင္ငံလုံးအတိုင္း အတာနဲ႔ျဖစ္ေနတာ။ ကြၽန္ေတာ္တို႔ ဒီျမဝတီလိုေနရာ မ်ိဳးကလည္း ပိုၿပီးေတာ့ရႈပ္ေထြးတာေပါ့။ နယ္စပ္ၿမိဳ႕ ျဖစ္တဲ့အတြက္။ ဘာျဖစ္လဲဆိုေတာ့ ပထမေတာ့ မဲစာ ရင္းေကာက္တယ္။ တန္းလ်ားေတြမွာေနတယ္။ အတည္တက်ေနတာမဟုတ္တဲ့အတြက္ စာရင္း ေကာက္သြားလိုက္ တစ္ႀကိမ္ေကာက္သြားလိုက္ ေမာင္ျဖဴ၊ ေမာင္ဝါ၊ ေမာင္နီ ပါတယ္။ ေနာက္ သုံးလ ၾကာလို႔ေကာက္လိုက္ ေမာင္ျဖဴ၊ ေမာင္ဝါ၊ ေမာင္နီက မရွိေတာ့ျပန္ဘူး။ မရွိေတာ့တဲ့အခါ စာရင္းေတြက ရွိ လိုက္၊ မရွိလိုက္၊ ထပ္တိုးလာလိုက္နဲ႔ ေျမျပင္ကြင္းဆင္း ၿပီးေတာ့ စာရင္းအတိအက်ေကာက္တဲ့သူေတြက လည္း အခက္အခဲျဖစ္တယ္။ UEC နဲ႔ ေထြအုပ္က တစ္အိမ္တက္ဆင္းစီစဥ္တာေပါ့။ လဝကက်ေတာ့ သူ႔ၿမိဳ႕နယ္မွာရွိတဲ့သန္းေခါင္စာရင္း ဦးေရ၊ လူဦးေရ ဘယ္ေလာက္ရွိလဲပဲၾကည့္တာ။ ဥပမာ ပဲခူးကေန ေျပာင္းလာတယ္။ ျမဝတီမွာေနတာ (၃၊ ၄)ႏွစ္ ေလာက္ရွိၿပီ။ ဟိုပဲခူးက သန္းေခါင္စာရင္းကိုမေျပာင္း ေသးဘူး ျမဝတီမွာ အိုးပိုင္အိမ္ပိုင္ေနလိုက္တယ္။ တကယ္တမ္း မဲေပးမယ္လည္းလုပ္ေရာ ပထမေတာ့ ငါတို႔က ဒီမွာေနတာၾကာၿပီ၊ ငါတို႔ မဲေပးမယ္ဆိုၿပီးေန လိုက္တယ္။ ရက္ကိုးဆယ္သတ္မွတ္တဲ့အခ်ိန္မွာ ပုံစံ (၃- က)က နယ္ေက်ာ္ ၿမိဳ႕ေက်ာ္ကိုး။ နယ္ေက်ာ္၊ ၿမိဳ႕ ေက်ာ္က ေပးခြင့္မရေတာ့တာတဲ့။ အဲဒီမွာ မဲေပးပိုင္ခြင့္ ဆုံးရႈံးျပန္ေရာ။ ေနာက္တစ္ခုက ျမဝတီၿမိဳ႕မွာေနၿပီး သန္းေခါင္စာရင္းရွိတယ္။ မွတ္ပုံတင္ရွိတယ္။ ဘိုးစဥ္ ေဘာင္ဆက္ေနခဲ့တာျဖစ္တယ္။ (၂၀၁၀၊ ၂၀၁၅)မွာ လည္း မဲေပးပိုင္ခြင့္ရွိခဲ့တယ္။ အခု မဲစာရင္းမွာသြား ၾကည့္ေတာ့ သူတို႔နာမည္မပါဘူး။ အဲဒီျပႆနာေတြက နယ္စပ္ျဖစ္တဲ့အတြက္ လဝကေတြရဲ႕ အဂတိမကင္းမႈ နဲ႔ အလြယ္လုပ္တဲ့သန္းေခါင္စာရင္းေတြေပါ့။ ဘန္ ေကာက္ကိုထြက္ခ်င္တယ္ေလ။ မေကြးကလာတဲ့ (၅) ေယာက္၊ (၁၀)ေယာက္ေလာက္ကို ျမဝတီ သန္းေခါင္ စာရင္း ေကာက္လုပ္ေပးလိုက္တယ္။ စမတ္ကတ္႐ိုက္ တယ္။ ဒုန္း ဆိုထြက္သြားတယ္။ သန္းေခါင္စာရင္း သည္ ျမဝတီသန္းေခါင္စာရင္းျဖစ္တယ္။ လဝက က အဲဒီစာရင္းကိုခ်မျပရဲဘူး။ ကြၽန္ေတာ့္ကို မဲေပးခ်င္တဲ့ သူေတြကိုယ္တိုင္က ပထမအႀကိမ္ေျပာတယ္။ ေကာက္သြားတယ္။ ဒုတိယအႀကိမ္က်ေတာ့လည္း မပါလို႔။ ဒုတိယအႀကိမ္က်ေတာ့လည္း သန္းေခါင္စာ ရင္းမွာ စီကုတ္မက်လို႔ဆိုလို႔ ကြၽန္ေတာ္ကိုယ္တိုင္ပဲ စီကုတ္က်ေအာင္ လိုင္းေပၚမွာလည္းေရးတယ္။ လဝက႐ုံးမွာ တစ္ခါတည္းလုပ္ခိုင္းတာ။ အဲဒီလိုမလုပ္ ႏိုင္ဘဲ က်န္ခဲ့တဲ့သူက (၃၀)ရာခိုင္ႏႈန္းေလာက္ရွိ တယ္။ No Vote ကလည္း (၃၀)ရာခိုင္ႏႈန္းေလာက္ ရွိတယ္။
ေမး - ဗမာခ်ည္းသက္သက္ပဲလား။
ေျဖ - ဗမာရယ္ မဟုတ္ဘူး။ လႊတ္ေတာ္အသီးသီးကို ေျပာတာ။ အဲဒီအတိုင္းျဖစ္ေနတာ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။