ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၏ အရေးပေါ်လူနာဌာနကို ၂၄ နာရီ ဖွင့်လှစ်ကာ လက်ခံကုသပေးနေ

 398

စော(NP News)- ဒီဇင်ဘာ ၂၅
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၏ အရေးပေါ်လူနာဌာနကို (၂၄)နာရီဖွင့်လှစ်ထားကာ အရေး‌ပေါ်လူနာများအတွက် လက်ခံကုသပေးနေရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆေးရုံသစ်ကြီးသည် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဖြစ်ပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ သင်ကြားရေးဆေးရုံကြီးလည်း ဖြစ်သည့်အပြင် အထွေထွေရောဂါဆေးပညာနှင့် အထွေထွေခွဲစိတ် ကုသမှုပညာ ဘာသာရပ်များ၏ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများဖြင့် အထွေထွေရောဂါ လူနာများ၊ ခွဲစိတ်လူနာများအား ကုသမှုပေးလျက်ရှိသော ဆေးရုံကြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိပ်သင့်ကုသမှု ဌာနကိုလည်း ဖွင့်လှစ်ထားသည့်အတွက် အဆိပ်သင့်လူနာများကို ကုသမှုပေးနေသည့်အဓိကဆေးရုံကြီးလည်း ဖြစ်ပြီး အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးအထူးကု ဌာနကိုလည်း ဖွင့်လှစ်ကာ ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးရုံသစ်ကြီး၏ အထူးကုပြင်ပလူနာဌာနကို ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက်(၈)နာရီမှ နေ့လယ် (၁၂)နာရီအထိနှင့် နေ့လယ်(၂)နာရီမှ ညနေ (၄)နာရီအထိ အချိန်ခွဲ၍ ဖွင့်လှစ်ကာ သက်ဆိုင်ရာဘာသာရပ်များအလိုက် ပါမောက္ခနှင့် ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများက လူနာများအား ကြည့်ရှုကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၏ အရေးပေါ်လူနာဌာနကို အထွေထွေရောဂါ၊ အထွေထွေခွဲစိတ်ရောဂါနှင့် အဆိပ်သင့် အရေးပေါ်လူနာများအတွက် ၂၄ နာရီ လက်ခံကုသပေးလျက်ရှိကြောင်းနှင့် အဆင်မပြေမှုများရှိပါက ဆေးရုံအုပ်ကြီးရုံးခန်း၊ 01-384494 ၊ 01-384495၊ လိုင်းခွဲ - 221၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ 01-384494 ၊ 01-384495၊ လိုင်းခွဲ - 245၊ Email – [email protected], Fax 01-379109 သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ရန္ကုန္အေထြေထြေရာဂါကုေဆး႐ုံသစ္ႀကီး၏ အေရးေပၚလူနာဌာနကို ၂၄ နာရီ ဖြင့္လွစ္ကာ လက္ခံကုသေပးေန
ေစာ(NP News)- ဒီဇင္ဘာ ၂၅
က်န္းမာေရးဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာနလက္ေအာက္ရွိ ရန္ကုန္အေထြေထြေရာဂါကု ေဆး႐ုံသစ္ႀကီး၏ အေရးေပၚလူနာဌာနကို (၂၄)နာရီဖြင့္လွစ္ထားကာ အေရး‌ေပၚလူနာမ်ားအတြက္ လက္ခံကုသေပးေနရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေဆး႐ုံသစ္ႀကီးသည္ ခုတင္(၂၀၀)ဆံ့ ျပည္သူ႔ေဆး႐ုံႀကီးျဖစ္ၿပီး ေဆးတကၠသိုလ္(၁)ရန္ကုန္၏ သင္ၾကားေရးေဆး႐ုံႀကီးလည္း ျဖစ္သည့္အျပင္ အေထြေထြေရာဂါေဆးပညာႏွင့္ အေထြေထြခြဲစိတ္ ကုသမႈပညာ ဘာသာရပ္မ်ား၏ ပါေမာကၡမ်ား၊ အထူးကုဆရာဝန္ႀကီးမ်ားျဖင့္ အေထြေထြေရာဂါ လူနာမ်ား၊ ခြဲစိတ္လူနာမ်ားအား ကုသမႈေပးလ်က္ရွိေသာ ေဆး႐ုံႀကီးျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိပ္သင့္ကုသမႈ ဌာနကိုလည္း ဖြင့္လွစ္ထားသည့္အတြက္ အဆိပ္သင့္လူနာမ်ားကို ကုသမႈေပးေနသည့္အဓိကေဆး႐ုံႀကီးလည္း ျဖစ္ၿပီး အေၾကာအဆစ္ႏွင့္ ျပန္လည္သန္စြမ္းေရးအထူးကု ဌာနကိုလည္း ဖြင့္လွစ္ကာ ကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါေဆး႐ုံသစ္ႀကီး၏ အထူးကုျပင္ပလူနာဌာနကို ႐ုံးပိတ္ရက္မ်ားမွအပ ေန႔စဥ္ နံနက္(၈)နာရီမွ ေန႔လယ္ (၁၂)နာရီအထိႏွင့္ ေန႔လယ္(၂)နာရီမွ ညေန (၄)နာရီအထိ အခ်ိန္ခြဲ၍ ဖြင့္လွစ္ကာ သက္ဆိုင္ရာဘာသာရပ္မ်ားအလိုက္ ပါေမာကၡႏွင့္ ဌာနမႉးမ်ား၊ အထူးကု ဆရာဝန္ႀကီးမ်ားက လူနာမ်ားအား ၾကည့္ရႈကုသေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ရန္ကုန္အေထြေထြေရာဂါကုေဆး႐ုံသစ္ႀကီး၏ အေရးေပၚလူနာဌာနကို အေထြေထြေရာဂါ၊ အေထြေထြခြဲစိတ္ေရာဂါႏွင့္ အဆိပ္သင့္ အေရးေပၚလူနာမ်ားအတြက္ ၂၄ နာရီ လက္ခံကုသေပးလ်က္ရွိေၾကာင္းႏွင့္ အဆင္မေျပမႈမ်ားရွိပါက ေဆး႐ုံအုပ္ႀကီး႐ုံးခန္း၊ 01-384494 ၊ 01-384495၊ လိုင္းခြဲ - 221၊ အေရးေပၚႏွင့္ျပင္ပလူနာဌာန၊ 01-384494 ၊ 01-384495၊ လိုင္းခြဲ - 245၊ Email – [email protected], Fax 01-379109 သို႔ ဆက္သြယ္ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.