မြန်မာနိုင်ငံတွင် Influenza A (H3N2) Subclade K ရောဂါပိုး မတွေ့ရှိ သေးဟုဆို

449

Pearl (NP News) - ဒီဇင်ဘာ ၂၄
ကျန်းမာရေးဝန်ကြီးဌာနသည် တုပ်ကွေးရောဂါ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုသတင်းအချက်အလက်များအရ Influenza A H3N2 အမျိုးအစား ရာသီတုပ်ကွေးရောဂါပိုးသည် ယခင်နှစ်များကပင် မြန်မာနိုင်ငံ၌ကူးစက်ဖြစ်ပွားခဲ့ပြီး ယခုနှစ် စက်တင်ဘာလမှ စတင်၍ လည်း အဓိကကူးစက်ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားဖြစ်ကြောင်း နှင့် Influenza A (H3N2) Subclade K ရောဂါပိုးကိုမူ ဓာတ်ခွဲစစ်ဆေးမှုများအရ မြန်မာနိုင်ငံတွင် မတွေ့ရှိ သေးကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် လူထုအတွင်း Influenza A (H3N2) ရောဂါပိုးကို ကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေမည်ဖြစ်ခြင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါကာကွယ်ဆေးများနှင့် ကုသသည့် ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်းတို့ ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန်မလိုကြောင်း လည်း သိရသည်။
ရာသီတုပ်ကွေးရောဂါပိုးသည် အသက်အရွယ်မရွေး ကူးစက် ဖြစ်ပွားနိုင်ပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ခံအား စနစ် ကျဆင်းနေသူများ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ ကင်ဆာရောဂါနှင့် အာရုံကြောရောဂါကဲ့သို့ သော နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်များတွင် ရောဂါကူးစက်ဖြစ်ပွားပါက ပြင်းထန်နိုင်ခြေရှိကြောင်း သိရသည်။
ရာသီတုပ်ကွေးရောဂါပိုးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ ထွက်ရှိသည့် အစက်အမှုန်များမှတစ်ဆင့် ကူးစက်ခြင်း (Droplet transmission)၊ ရောဂါကူးစက်ခံစားနေရသူနှင့် ထိတွေ့ခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်ခြင်း အစရှိသော အနီးကပ်ထိတွေ့ခြင်း၊ ရောဂါပိုး ကပ်ငြိနေသည့် အရာဝတ္ထု အသုံးအဆောင်ပစ္စည်းများနှင့် မျက်နှာပြင် များမှတစ်ဆင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့အား ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ရာသီတုပ်ကွေးရောဂါပိုး ကဲ့သို့သော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကူးစက်မခံရစေရေး ဆပ်ပြာ၊ ရေ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးခြင်း၊ ရောဂါပိုးကူးစက်ခြင်းခံရသူ သို့မဟုတ် သံသယလူနာများ နှင့် ခပ်ခွာခွာနေခြင်း၊ဖျားနာခြင်းအစရှိသော သံသယလက္ခဏာရှိသူများအနေ ဖြင့် နှာချေချောင်းဆိုးခြင်း ခံစားနေရပါက ပါးစပ်နှာခေါင်း စည်း ဝတ်ဆင်ခြင်းတို့ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

Zawgyi Version:
ျမန္မာႏိုင္ငံတြင္ Influenza A (H3N2) Subclade K ေရာဂါပိုး မေတြ႕ရွိ ေသးဟုဆို
Pearl (NP News) - ဒီဇင္ဘာ ၂၄
က်န္းမာေရးဝန္ႀကီးဌာနသည္ တုပ္ေကြးေရာဂါ အပါအဝင္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါမ်ား ျဖစ္ပြားမႈအား စဥ္ဆက္မျပတ္ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈသတင္းအခ်က္အလက္မ်ားအရ Influenza A H3N2 အမ်ိဳးအစား ရာသီတုပ္ေကြးေရာဂါပိုးသည္ ယခင္ႏွစ္မ်ားကပင္ ျမန္မာႏိုင္ငံ၌ကူးစက္ျဖစ္ပြားခဲ့ၿပီး ယခုႏွစ္ စက္တင္ဘာလမွ စတင္၍ လည္း အဓိကကူးစက္ျဖစ္ပြားသည့္ ရာသီတုပ္ေကြးေရာဂါပိုး အမ်ိဳးအစားျဖစ္ေၾကာင္း ႏွင့္ Influenza A (H3N2) Subclade K ေရာဂါပိုးကိုမူ ဓာတ္ခြဲစစ္ေဆးမႈမ်ားအရ ျမန္မာႏိုင္ငံတြင္ မေတြ႕ရွိ ေသးေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ လူထုအတြင္း Influenza A (H3N2) ေရာဂါပိုးကို ကာကြယ္ႏိုင္မည့္ ကိုယ္ခံစြမ္းအား အသင့္အတင့္ရွိေနမည္ျဖစ္ျခင္း၊ လက္ရွိအသုံးျပဳေနသည့္ တုပ္ေကြးေရာဂါကာကြယ္ေဆးမ်ားႏွင့္ ကုသသည့္ ေဆးဝါးမ်ားျဖင့္လည္း ကာကြယ္ကုသႏိုင္ျခင္းတို႔ ေၾကာင့္ ျပည္သူလူထုအေနျဖင့္ အထူးစိုးရိမ္ရန္မလိုေၾကာင္း လည္း သိရသည္။
ရာသီတုပ္ေကြးေရာဂါပိုးသည္ အသက္အ႐ြယ္မေ႐ြး ကူးစက္ ျဖစ္ပြားႏိုင္ၿပီး ကေလးငယ္မ်ား၊ အသက္အ႐ြယ္ႀကီးရင့္သူမ်ား၊ ကိုယ္ခံအား စနစ္ က်ဆင္းေနသူမ်ား၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါ၊ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာေရာဂါ၊ ကင္ဆာေရာဂါႏွင့္ အာ႐ုံေၾကာေရာဂါကဲ့သို႔ ေသာ နာတာရွည္ေရာဂါအခံရွိသူမ်ားႏွင့္ ကိုယ္ဝန္ေဆာင္မ်ားတြင္ ေရာဂါကူးစက္ျဖစ္ပြားပါက ျပင္းထန္ႏိုင္ေျခရွိေၾကာင္း သိရသည္။
ရာသီတုပ္ေကြးေရာဂါပိုးသည္ ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္းမွ ထြက္ရွိသည့္ အစက္အမႈန္မ်ားမွတစ္ဆင့္ ကူးစက္ျခင္း (Droplet transmission)၊ ေရာဂါကူးစက္ခံစားေနရသူႏွင့္ ထိေတြ႕ျခင္း သို႔မဟုတ္ လက္ဆြဲႏႈတ္ဆက္ျခင္း အစရွိေသာ အနီးကပ္ထိေတြ႕ျခင္း၊ ေရာဂါပိုး ကပ္ၿငိေနသည့္ အရာဝတၳဳ အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ မ်က္ႏွာျပင္ မ်ားမွတစ္ဆင့္ ပါးစပ္၊ ႏွာေခါင္း၊ မ်က္စိတို႔အား ထိေတြ႕ျခင္းတို႔မွ ကူးစက္ႏိုင္ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ျပည္သူလူထုအေနျဖင့္ ရာသီတုပ္ေကြးေရာဂါပိုး ကဲ့သို႔ေသာ လတ္တေလာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားကူးစက္မခံရေစေရး ဆပ္ျပာ၊ ေရ သို႔မဟုတ္ ေရမလို လက္သန႔္ေဆးရည္ျဖင့္ စနစ္တက် လက္ေဆးျခင္း၊ ေရာဂါပိုးကူးစက္ျခင္းခံရသူ သို႔မဟုတ္ သံသယလူနာမ်ား ႏွင့္ ခပ္ခြာခြာေနျခင္း၊ဖ်ားနာျခင္းအစရွိေသာ သံသယလကၡဏာရွိသူမ်ားအေန ျဖင့္ ႏွာေခ်ေခ်ာင္းဆိုးျခင္း ခံစားေနရပါက ပါးစပ္ႏွာေခါင္း စည္း ဝတ္ဆင္ျခင္းတို႔ ေဆာင္႐ြက္ရန္ က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထားသည္။