စင်ကာပူမှာ သွေးလှူနိုင်မယ့် အသက်ကန့်သတ်ချက်ကို ၆၅ နှစ်ထိ တိုးမြှင့်

 265

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃
စင်ကာပူမှာ လိုအပ်ချက်အရ ရေရှည်တည်တံ့တဲ့ သွေးထောက်ပံ့မှုရရှိစေဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ ဇန်နဝါရီ ၂ ရက်မှစ ပထမဆုံးအကြိမ်သွေးလှူဒါန်းသူတွေအတွက် အသက်ကန့်သတ်ချက်ကို အသက် (၆၀ မှ ၆၅) နှစ်အထိ တိုးမြှင့်သွားမယ်လို့ ကျန်းမာရေးသိပ္ပံအာဏာပိုင် (HSA) က ဒီဇင်ဘာ ၂၂ ရက်မှာ ပြောကြားခဲ့ပါ တယ်။
အဲဒီပြောင်းလဲမှုနဲ့အတူ ပထမဆုံး သွေးလှူဒါန်းမယ့်သူတွေဟာ အသက် ၆၆ နှစ်မြောက်မွေးနေ့မတိုင်မီ တစ်ရက်အထိ သွေးလှူဒါန်းနိုင်ပြီး ထပ်ခါတလဲလဲလှူဒါန်းလေ့ရှိသူတွေကတော့ အသက် ၇၆ နှစ်မြောက် မွေးနေ့မတိုင်မီ တစ်ရက်အထိ (အသက် ၇၅ နှစ်အထိ) ဆက်လက်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ လက်ရှိ သွေးလှူဒါန်းမှုအတွက် အသက်ကန့်သတ်ချက်ကတော့ အသက် ၆ဝ နှစ်အထိ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သွေး လှူဒါန်းမယ့်သူတွေအတွက် အသက်ကန့်သတ်ချက်တိုးမြှင့်လိုက်ခြင်းဟာ လူဦးရေ အသက်အရွယ်ကြီးရင့်လာတာ နဲ့အမျှ သွေးလှူဒါန်းမှု လျော့နည်းလာခြင်းကို ထိန်းချုပ်ထားနိုင်မှာဖြစ်ပြီး အသက်ကြီးသွားတဲ့ သွေးလှူဒါန်းသူတွေ ရဲ့ ဘေးကင်းရေးကို မထိခိုက်စေဘဲ သွေးထောက်ပံ့မှု ရေရှည်တည်တံ့စေမယ်လို့ HSA က ပြောကြားပါတယ်။
သွေးလှူဒါန်းသူတွေဟာ ယေဘုယျအားဖြင့် ကျန်းမာရေးကောင်းမွန်ရမှာဖြစ်ပြီး ရောဂါလက္ခဏာတွေ ကင်းစင်ရမှာဖြစ်ကာ အနည်းဆုံး ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ် ရှိရမှာဖြစ်ပါတယ်။ သွေးတိုးရောဂါ၊ ကိုလက်စထရော မြင့်မားနေသူ (သို့မဟုတ်) ဆီးချိုရောဂါ ရှိသူတွေအတွက်တော့ ရောဂါတွေကြောင့် ဖြစ်ပေါ်လာ တဲ့နောက်ဆက်တွဲပြဿနာတွေ မရှိရင် သွေးလှူဒါန်းနိုင်ပါတယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူမွာ ေသြးလႉႏိုင္မယ့္ အသက္ကန႔္သတ္ခ်က္ကို ၆၅ ႏွစ္ထိ တိုးျမႇင့္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃
စင္ကာပူမွာ လိုအပ္ခ်က္အရ ေရရွည္တည္တံ့တဲ့ ေသြးေထာက္ပံ့မႈရရွိေစဖို႔ ႀကိဳးပမ္းမႈ တစ္စိတ္တစ္ပိုင္း အေနနဲ႔ ဇန္နဝါရီ ၂ ရက္မွစ ပထမဆုံးအႀကိမ္ေသြးလႉဒါန္းသူေတြအတြက္ အသက္ကန႔္သတ္ခ်က္ကို အသက္ (၆၀ မွ ၆၅) ႏွစ္အထိ တိုးျမႇင့္သြားမယ္လို႔ က်န္းမာေရးသိပၸံအာဏာပိုင္ (HSA) က ဒီဇင္ဘာ ၂၂ ရက္မွာ ေျပာၾကားခဲ့ပါ တယ္။
အဲဒီေျပာင္းလဲမႈနဲ႔အတူ ပထမဆုံး ေသြးလႉဒါန္းမယ့္သူေတြဟာ အသက္ ၆၆ ႏွစ္ေျမာက္ေမြးေန႔မတိုင္မီ တစ္ရက္အထိ ေသြးလႉဒါန္းႏိုင္ၿပီး ထပ္ခါတလဲလဲလႉဒါန္းေလ့ရွိသူေတြကေတာ့ အသက္ ၇၆ ႏွစ္ေျမာက္ ေမြးေန႔မတိုင္မီ တစ္ရက္အထိ (အသက္ ၇၅ ႏွစ္အထိ) ဆက္လက္လႉဒါန္းႏိုင္မွာျဖစ္ပါတယ္။ လက္ရွိ ေသြးလႉဒါန္းမႈအတြက္ အသက္ကန႔္သတ္ခ်က္ကေတာ့ အသက္ ၆ဝ ႏွစ္အထိ ျဖစ္ပါတယ္။ ပထမဆုံးအႀကိမ္ ေသြး လႉဒါန္းမယ့္သူေတြအတြက္ အသက္ကန႔္သတ္ခ်က္တိုးျမႇင့္လိုက္ျခင္းဟာ လူဦးေရ အသက္အ႐ြယ္ႀကီးရင့္လာတာ နဲ႔အမွ် ေသြးလႉဒါန္းမႈ ေလ်ာ့နည္းလာျခင္းကို ထိန္းခ်ဳပ္ထားႏိုင္မွာျဖစ္ၿပီး အသက္ႀကီးသြားတဲ့ ေသြးလႉဒါန္းသူေတြ ရဲ႕ ေဘးကင္းေရးကို မထိခိုက္ေစဘဲ ေသြးေထာက္ပံ့မႈ ေရရွည္တည္တံ့ေစမယ္လို႔ HSA က ေျပာၾကားပါတယ္။
ေသြးလႉဒါန္းသူေတြဟာ ေယဘုယ်အားျဖင့္ က်န္းမာေရးေကာင္းမြန္ရမွာျဖစ္ၿပီး ေရာဂါလကၡဏာေတြ ကင္းစင္ရမွာျဖစ္ကာ အနည္းဆုံး ကိုယ္အေလးခ်ိန္ ၄၅ ကီလိုဂရမ္ ရွိရမွာျဖစ္ပါတယ္။ ေသြးတိုးေရာဂါ၊ ကိုလက္စထေရာ ျမင့္မားေနသူ (သို႔မဟုတ္) ဆီးခ်ိဳေရာဂါ ရွိသူေတြအတြက္ေတာ့ ေရာဂါေတြေၾကာင့္ ျဖစ္ေပၚလာ တဲ့ေနာက္ဆက္တြဲျပႆနာေတြ မရွိရင္ ေသြးလႉဒါန္းႏိုင္ပါတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.