ကိုးကန့်တို့က ၎င်းတို့ ထိန်းချုပ်ရာဒေသတွင် ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ဖွင့်ရန် ပြင်နေ

894

သုတကျော် (NP News) – ဇန်နဝါရီ ၃
ကိုးကန့်လက်နက်ကိုင် အဖွဲ့ ဖြစ်သည့် MNDAA တို့က ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွင် ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ဖွင့်ရန် ပြင်နေကြောင်း လက်ရှိတွင် ရာထူး၊ တာဝန်များ ခေါ်ယူနေသည့် အချက်အလက်များအရ သိရသည်။
အထူးဒေသ (၁) ကျန်းမာရေးဌာနလက်အောက်ရှိ ဆေး၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာသိပ္ပံတက္ကသိုလ် (University of Medicine, Nursing & Medical Science) နှင့် တွဲဖက်ဆေးရုံ၊ ဆေးပေးခန်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဟု ဆိုက်ာ ဝန်ထမ်းအများအပြား ခေါ်ယူနေခြင်း ဖြစ်သည်။
အဆိုပါ တက္ကသိုလ်ကို မည်သည့် နေရာတွင် ဖွစ်လှစ်မည် ဖြစ်ကြောင်း ကို သိရခြင်း မရှိသေးပေ။
ထိုသို့ ခေါ်ယူရာတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှစ၍ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဝန်ထမ်းများအထိ ခေါ်ယူနေခြင်း ဖြစ်ပြီး ထိုသို့ ခေါ်ယူရာတွင် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများ ၊ အထူးကုဆရာဝန်များ ၊ ဒေသတွင်း ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ဓာတ်မှန်နည်းပညာရှင်များ၊ ဓာတ်ခွဲခန်း လက်ထောက်များ ၊ ဆေးဝါးကျွမ်းကျင်များ ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ အပြင် ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများ၊ တရုတ်စကားပြန်များနှင့် အကူဝန်ထမ်းများ အထိ ပါဝင်သည်။
လျှောက်ထားသူများသည် မြို့နယ်အဆင့် ဆေးရုံများသာမက ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub Rural Health Center) များတွင်ပါ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ကိုးကန႔္လက္နက္ကိုင္ အဖြဲ႕ ျဖစ္သည့္ MNDAA တို႔က ၎တို႔ ထိန္းခ်ဳပ္ရာ ေဒသတြင္ ေဆးဘက္ဆိုင္ရာ တကၠသိုလ္ ဖြင့္ရန္ ျပင္ေနေၾကာင္း လက္ရွိတြင္ ရာထူး၊ တာဝန္မ်ား ေခၚယူေနသည့္ အခ်က္အလက္မ်ားအရ သိရသည္။
အထူးေဒသ (၁) က်န္းမာေရးဌာနလက္ေအာက္ရွိ ေဆး၊ သူနာျပဳႏွင့္ ေဆးဘက္ဆိုင္ရာသိပၸံတကၠသိုလ္ (University of Medicine, Nursing & Medical Science) ႏွင့္ တြဲဖက္ေဆး႐ုံ၊ ေဆးေပးခန္းမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ဟု ဆိုက္ာ ဝန္ထမ္းအမ်ားအျပား ေခၚယူေနျခင္း ျဖစ္သည္။
အဆိုပါ တကၠသိုလ္ကို မည္သည့္ ေနရာတြင္ ဖြစ္လွစ္မည္ ျဖစ္ေၾကာင္း ကို သိရျခင္း မရွိေသးေပ။
ထိုသို႔ ေခၚယူရာတြင္ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားမွစ၍ ႐ုံးလုပ္ငန္းပိုင္းဆိုင္ရာ ဝန္ထမ္းမ်ားအထိ ေခၚယူေနျခင္း ျဖစ္ၿပီး ထိုသို႔ ေခၚယူရာတြင္ နည္းျပ/သ႐ုပ္ျပ ဆရာ၊ ဆရာမမ်ား ၊ အထူးကုဆရာဝန္မ်ား ၊ ေဒသတြင္း ဆရာဝန္မ်ား၊ ေဆးဘက္ဆိုင္ရာ အေထာက္အကူျပဳ ဓာတ္မွန္နည္းပညာရွင္မ်ား၊ ဓာတ္ခြဲခန္း လက္ေထာက္မ်ား ၊ ေဆးဝါးကြၽမ္းက်င္မ်ား ၊ သားဖြားဆရာမမ်ား၊ ျပည္သူ႔က်န္းမာေရးဝန္ထမ္းမ်ား အျပင္ ႐ုံးပိုင္းဆိုင္ရာ ဝန္ထမ္းမ်ား၊ တ႐ုတ္စကားျပန္မ်ားႏွင့္ အကူဝန္ထမ္းမ်ား အထိ ပါဝင္သည္။
ေလွ်ာက္ထားသူမ်ားသည္ ၿမိဳ႕နယ္အဆင့္ ေဆး႐ုံမ်ားသာမက ေက်းလက္က်န္းမာေရးဌာန (Rural Health Center) ႏွင့္ ေက်းလက္က်န္းမာေရးဌာနခြဲ (Sub Rural Health Center) မ်ားတြင္ပါ တာဝန္ထမ္းေဆာင္ရမည္ ျဖစ္သည္ဟုလည္း ေဖာ္ျပထားသည္။