ပြည်တွင်းရွှေစျေး သိန်း (၁၀၀) အောက် ပြန်ရောက်လာ
 312
Pearl (NP News) - မတ် ၂၃
ကမ္ဘာ့‌‌ရွှေစျေး ပြန်လည်ကျဆင်းမှုနှင့်အတူ ပြည်တွင်း‌ရွှေစျေးလည်း လိုက်ပါ ကျဆင်းနေရာ ယနေ့ (မတ်လ ၂၃ရက်) အတွင်း ‌ပြည်တွင်းရွှေစျေးနှုန်းသည် သိန်း (၁၀၀) အောက်ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (မတ်လ ၂၂ရက်) က ပြည်တွင်း‌ရွှေစျေးနှုန်းသည် ၁၀၂၅၀၀၀၀ ကျပ်ပေါက်စျေးရှိခဲ့ပြီး ယနေ့ ( မတ်လ ၂၃ရက်) ၊ နေ့လည်ပိုင်းတွင် ကမ္ဘာ့‌‌ရွှေစျေး တစ်အောင်စလျှင် ၄၂၅၄ ဒေါ်လာ ဝန်းကျင်ပေါက်စျေးနှင့်အတူ ပြည်တွင်း‌ရွှေစျေးနှုန်းသည် ၉၅၃၀၀၀၀ ကျပ် ဝန်းကျင်ပေါက်စျေးရှိကြောင်း သိရသည်။
“ကာတာအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံအချို့ က ရွှေများပြန်လည်ရောင်းချ၍ ပြောင်းရွေ့နေကြတာတွေ ရှိတယ် ။ အဲဒါကြောင့် ကမ္ဘာ့‌‌ရွှေစျေး ပြန်ကျနေခြင်းဖြစ်တယ်” ဟု ရွှေ လုပ်ငန်းများနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
ရန်ကုန်တိုင်ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ နေ့စဉ် အခေါက်ရွှေသတ်မှတ်ရည်ညွန်းဈေးများထုတ်ပြန် နေပြီး ယနေ့တွင် သိပ်သည်းဆ 19.25 ဂရမ် / ကုဗစင်တီမီတာ နှင့်အထက်ရှိ စံချိန်မီရွှေတစ်ကျပ်သား ( 16.329325 ဂရမ် ) လျှင် ကျပ်သိန်း(၇၀) သတ်မှတ်ထားပြီး ပြင်ပရွှေပေါက်ဈေးမှာ အခေါက်ရွှေစျေးနှုန်းနှင့်ကွာဟ ဆဲဖြစ်ကြောင်း သိရသည်။
Zawgyi version:
ကမ္ဘာ့‌‌ရွှေဈေး ပြန်လည်ကျဆင်းမှုနှင့်အတူ ပြည်တွင်း‌ရွှေဈေးလည်း လိုက်ပါ ကျဆင်းနေရာ ယနေ့ (မတ်လ ၂၃ရက်) အတွင်း ‌ပြည်တွင်းရွှေဈေးနှုန်းသည် သိန်း (၁၀၀) အောက်ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (မတ်လ ၂၂ရက်) က ပြည်တွင်း‌ရွှေဈေးနှုန်းသည် ၁၀၂၅၀၀၀၀ ကျပ်ပေါက်ဈေးရှိခဲ့ပြီး ယနေ့ ( မတ်လ ၂၃ရက်) ၊ နေ့လည်ပိုင်းတွင် ကမ္ဘာ့‌‌ရွှေဈေး တစ်အောင်စလျှင် ၄၂၅၄ ဒေါ်လာ ဝန်းကျင်ပေါက်ဈေးနှင့်အတူ ပြည်တွင်း‌ရွှေဈေးနှုန်းသည် ၉၅၃၀၀၀၀ ကျပ် ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။
ရန်ကုန်တိုင်ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ နေ့စဉ် အခေါက်ရွှေသတ်မှတ်ရည်ညွန်းဈေးများထုတ်ပြန် နေပြီး ယနေ့တွင် သိပ်သည်းဆ 19.25 ဂရမ် / ကုဗစင်တီမီတာ နှင့်အထက်ရှိ စံချိန်မီရွှေတစ်ကျပ်သား ( 16.329325 ဂရမ် ) လျှင် ကျပ်သိန်း(၇၀) သတ်မှတ်ထားပြီး ပြင်ပရွှေပေါက်ဈေးမှာ အခေါက်ရွှေဈေးနှုန်းနှင့်ကွာဟ ဆဲဖြစ်ကြောင်း သိရသည်။
Related news
© 2021. All rights reserved.